သက်ကြီးရွယ်အို အဖိုးအဘွား အယောက်(၁၀၀)အတွက် ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့တဲ့ ပရဟိတ မင်းသမီးလေး ခိုင်နှင်းဝေ
Read in UNICODE
ခိုင်နှင်းဝေဟာဆိုရင် ပရဟိတမင်းသမီး လို့လူသိများပြီး လိုအပ်နေတဲ့သူတွေအတွက် အလှူရှင်တွေကိုယ်စား လှူဒါန်းမှုလေးတွေ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း သူမဟာ သက်ကြီးပိုင်း ဘိုးဘွားတွေအတွက် လှူဒါန်းမှုလေးတွေ
ပြုလုပ်ပေးခဲ့ပါတယ်။ ခိုင်နှင်းဝေဟာ ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က ဘိုးဘွားအယောက် ၁၀၀ စာအတွက် ဆေးဘိုးအလှူငွေ ၁ သောင်းကျပ် စီနှင့် ကြက်ပေါင်း ၁ ကဒ်စီကို လှူဒါန်းပေးခဲ့ပါတယ်။ အခုလို လှူဒါန်းပေးခဲ့တဲ့အကြောင်းကို ပရဟိတမင်းသမီးခိုင်နှင်းဝေမှ
သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အခုလိုလေး ဝေမျှပေးလာပါတယ်။ “ဘိုးဘွား အယောက် (၁၀၀)စာအတွက် ဆေးဘိုး အလှုငွေ (၁)သောင်းကျပ် နှင့် ကြက်ပေါင်း (၁)ကဒ်စီ ကို ခုနှစ်ရက်သားသမီး အလှုရှင်များ နှင့် စုပေါင်း၍ လှူဒါန်းခဲ့ပါတယ်ရှင်..ပြု ပြု သမျှ ကုသိုလ်တို့ အတွက် ထပ်တူ ရရှိပါစေ..ကြည်လင်စွာနဲ့
သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်..🙏🙏🙏..” အခုလို ကျပ်တည်းနေတဲ့ကာလမှာ ဘိုဘွားတွေအတွက်လည်း နေထိုင်စားသောက်ဖို့ရာ တော်တော်လေး ခက်ခဲနေကြတာဖြစ်ပါတယ်။ ဒီလိုမျိုး အလှူရှင်တွေဆီကနေ လှူဒါန်းမှုလေးတွေ ပေါ်လာတဲ့အတွက် အဘိုး အဘွားတွေလည်းတော်တော်လေး ဝမ်းသာနေကြပါတယ်။
Source : MMload | Reference & Credit : MMload
Add a Comment
Your email address will not be published. Required fields are marked *