ေဗဒင္ဆရာေဟာခဲ့တဲ့အတိုင္း အိမ္ေထာင္(၂)ဆက္က်မယ္ဆိုတာ တကယ္လက္ေတြ႕ ျဖစ္လာေၾကာင္း ရင္ဖြင့္ခဲ့တဲ့ ခ်မ္းခ်မ္း

ပရိသတ္ႀကီးတို႔ေရ ေတးသံရွင္ခ်မ္းခ်မ္းဟာဆိုရင္ သာယာခ်ိဳသာလွတဲ့ အသံပိုင္ရွင္တစ္ဦးျဖစ္ၿပီး ေတးသီခ်င္းေကာင္းမ်ားစြာကို သီဆိုေဖ်ာ္ေျဖလ်က္ရွိတဲ့ အႏုပညာရွင္ေကာင္းတစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူမဟာ ယခင္ႏွစ္ကာလေတြမွာ က်င္းပေလ့ရွိခဲ့တဲ့ Melody World အဆိုၿပိဳင္ပြဲကေနတစ္ဆင့္ နာမည္ရေက်ာ္ၾကားလာသူ ေတးသံရွင္တစ္ဦးျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ အတြဲေခြေတြမွာ ပါဝင္သီဆိုခဲ့႐ုံမွ်မက ကိုယ္ပိုင္အယ္လ္ဘမ္ေတြလည္း ထြက္ရွိထားႏိုင္ခဲ့တဲ့ ျပည္သူခ်စ္အႏုပညာရွင္တစ္ေယာက္ဆိုရင္ မမွားပါဘူးေနာ္။

ခ်မ္းခ်မ္းဟာ သူမရဲ႕ခ်စ္သမီးေလးနဲ႔အတူ ဘဝကိုေနထိုင္ျဖတ္သန္းေနတဲ့ မိသားစုပုံရိပ္ေလးေတြကို လူမႈကြန္ရက္စာမ်က္နာကတစ္ဆင့္ မွ်ေဝေပးေလ့ရွိသူတစ္ဦးပဲ ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ (၁)လခန႔္ကပဲ ခ်မ္းခ်မ္းဟာ သူမရဲ႕ဒုတိယေျမာက္အိမ္ေထာင္နဲ႔ ရရွိခဲ့တဲ့ ရင္ေသြးေလးကို လြယ္ထားရၿပီျဖစ္ေၾကာင္း ပရိသတ္ေတြကို အသိေပးေျပာၾကားခဲ့တာျဖစ္ၿပီး ဒီကိစၥနဲ႔ပတ္သတ္လို႔ ေဖ့စ္ဘြတ္ခ္ေပၚမွာ ေဝဖန္သူေတြရွိခဲ့သလို သူမဘက္ကေန ဝန္းရံေထာက္ခံသူေတြလည္း ရွိခဲ့တာျဖစ္ပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ ေတးသံရွင္ခ်မ္းခ်မ္းက သူမရဲ႕ဘဝမွာ ေဗဒင္ဆရာတစ္ဦးက သူမဟာ အိမ္ေထာင္(၂)ဆက္က်မည့္သူျဖစ္ၿပီး ေနာက္အိမ္ေထာင္ဟာ ႏိုင္ငံျခားသားတစ္ေယာက္ျဖစ္လိမ့္မယ္လို႔ ေဟာတာကို ခံခဲ့ရဖူးသလို အခုဆိုရင္လည္း ေဗဒင္အတိုင္းပဲ တကယ္ျဖစ္ခဲ့တယ္ဆိုတဲ့အေၾကာင္း အံ့ဩဖြယ္ရာ ထုတ္ေျပာလာခဲ့တာပဲ ျဖစ္ပါတယ္။

သူမဟာ ေဗဒင္၊အၾကားအျမင္ပညာရပ္ကို အထူးယုံၾကည္သူတစ္ဦးေတာ့ မဟုတ္ေပမယ့္ သူမရဲ႕သူငယ္ခ်င္းေတြ ေဗဒင္သြားေမးၾကရင္ လိုက္သြားၿပီး “သမီးကိုလည္း ၾကည့္ေပးပါ” ဆိုၿပီး လက္ေဆာ့၊ေျခေဆာ့ သေဘာမ်ိဳး ေမးၾကည့္တဲ့အခါ ေဗဒင္ဆရာေတြက သူမဟာ လူဝင္စားမိန္းကေလးတစ္ဦးျဖစ္ၿပီး အရင္ဘဝက ႏိုင္ငံျခားသားတစ္ဦးျဖစ္ခဲ့ဖူးတယ္ဆိုတ့အေၾကာင္း ေဟာတာမ်ိဳးကို ႀကဳံခဲ့ရဖူးတယ္လို႔ ခ်မ္းခ်မ္းက ဆိုပါတယ္။

အိမ္ေထာင္ေရးကိစၥအတြက္ ေဗဒင္ဆရာေတြရဲ႕ သူမကို ေဟာေျပာထားခ်က္ေတြနဲ႔ ပတ္သတ္လို႔ ခ်မ္းခ်မ္းက “တခ်ိဳ႕ေဗဒင္ဆရာေတြက အိမ္ေထာင္ႏွစ္ဆက္က်မယ္လို႔ ေဟာထားခဲ့ဖူးသလို ေနာက္အိမ္ေထာင္က ႏိုင္ငံျခားသားျဖစ္မယ္လို႔လည္း ေဟာထားခဲ့ဖူးတယ္။ အဲ့ဒီအခ်ိန္မွာ ကိုယ္ကလည္း ငယ္ေသးတဲ့အခ်ိန္ဆိုေတာ့ မယုံဘူးေလေနာ္။ ပထမအိမ္ေထာင္နဲ႔ ကြဲသြားတဲ့အခ်ိန္မွာလည္း ေဗဒင္သြားေမးဖူးတယ္။ အစ္မကေတာ့ အဲ့လိုကိစၥေတြကို သိပ္ၿပီးေတာ့ အယုံအၾကည္မရွိပါဘူး။ ဒါေပမယ့္ အခုျဖစ္ပ်က္လာတာေတြက တိုက္ဆိုင္မႈပဲလား၊ ေဗဒင္အရ မွန္ကန္ေနတာလာေတာ့ မသိဘူး။ ဟုတ္ေတာ့လည္း ဟုတ္ေနတာပဲ။ ယုံတာမယုံတာထက္ အခုလိုမ်ိဳးေလးေတြ ႀကဳံခဲ့ရဖူးပါတယ္။” လို႔ ပြင့္ပြင့္လင္းလင္းပဲ​ ေျပာျပလာခဲ့ပါတယ္။

အခုဆိုရင္ ခ်မ္းခ်မ္းအသုံးျပဳေနတဲ့ လူမႈကြန္ရက္စာမ်က္ႏွာေတြျဖစ္တဲ့ Instagram အေကာင့္ေတြ၊ Facebook ေပ့ဂ်္ေတြကိုဆိုရင္လည္း သူမရဲ႕ခင္ပြန္းကိုယ္တိုင္ ဖြင့္ေပးထားေပးေနတာ ျဖစ္တဲ့အတြက္ သူမရဲ႕ မန္ေနဂ်ာလိုမ်ိဳး ျဖစ္ေနတယ္လို႔ ခ်မ္းခ်မ္းက ဆိုပါတယ္။

အလုပ္ကိစၥနဲ႔ပတ္သတ္ရင္လည္း Email ေတြ ပုံမွန္စစ္ေပးတာမ်ိဳးေတြ၊ လူမႈကြန္ရက္မွာ တင္ရမယ့္ ပို႔စ္ေလးေတြနဲ႔ပတ္သတ္လို႔ ပလန္ခ်ေပးတာမ်ိဳးေတြ ခင္ပြန္ဘက္က ကူညီေပးေလ့ရွိတယ္လို႔လည္း ခ်မ္းခ်မ္းက ေျပာျပပါတယ္။

ပရိသတ္ႀကီးတို႔ေရ ဒီအင္တာဗ်ဴးေလးမွာေတာ့ ေတးသံရွင္ခ်မ္းခ်မ္းက ေဗဒင္ဆရာက သူမကို ေဟာၾကားခဲ့ဖူးသည့္အတိုင္း ဒုတိယအိမ္ေထာင္ကို ႏိုင္ငံျခားသားနဲ႔ ဖူးစာဆုံခဲ့ရတဲ့အေၾကာင္း ေျပာျပခဲ့တာျဖစ္ပါတယ္။

ပရိသတ္ႀကီးတို႔အေနနဲ႔လည္း ခ်မ္းခ်မ္းကိုခ်စ္ခင္ျမတ္ႏိုးေပးၿပီး အလုပ္သေဘာအရလည္း တတ္ႏိုင္သေလာက္ေထာက္ပံ့ေပးေနတဲ့ ခင္ပြန္းျဖစ္သူနဲ႔ ရာသက္ပန္ေ႐ႊလက္တြဲသြားႏိုင္ပါေစေၾကာင္း ဆုမြန္ေကာင္း ေတာင္းေပးခဲ့ပါဦးေနာ္။ အခ်ိန္ေပးၿပီးဖတ္ရႈေပးတဲ့ ပရိသတ္အားလုံးကိုလည္း ေက်းဇူးအထူးပဲ တင္ရွိပါတယ္။

Read in UNICODE

ပရိသတ်ကြီးတို့ရေ တေးသံရှင်ချမ်းချမ်းဟာဆိုရင် သာယာချိုသာလှတဲ့ အသံပိုင်ရှင်တစ်ဦးဖြစ်ပြီး တေးသီချင်းကောင်းများစွာကို သီဆိုဖျော်ဖြေလျက်ရှိတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ ယခင်နှစ်ကာလတွေမှာ ကျင်းပလေ့ရှိခဲ့တဲ့ Melody World အဆိုပြိုင်ပွဲကနေတစ်ဆင့် နာမည်ရကျော်ကြားလာသူ တေးသံရှင်တစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာတော့ အတွဲခွေတွေမှာ ပါဝင်သီဆိုခဲ့ရုံမျှမက ကိုယ်ပိုင်အယ်လ်ဘမ်တွေလည်း ထွက်ရှိထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆိုရင် မမှားပါဘူးနော်။

ချမ်းချမ်းဟာ သူမရဲ့ချစ်သမီးလေးနဲ့အတူ ဘဝကိုနေထိုင်ဖြတ်သန်းနေတဲ့ မိသားစုပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နာကတစ်ဆင့် မျှဝေပေးလေ့ရှိသူတစ်ဦးပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၁)လခန့်ကပဲ ချမ်းချမ်းဟာ သူမရဲ့ဒုတိယမြောက်အိမ်ထောင်နဲ့ ရရှိခဲ့တဲ့ ရင်သွေးလေးကို လွယ်ထားရပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးပြောကြားခဲ့တာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သတ်လို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝေဖန်သူတွေရှိခဲ့သလို သူမဘက်ကနေ ဝန်းရံထောက်ခံသူတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ တေးသံရှင်ချမ်းချမ်းက သူမရဲ့ဘဝမှာ ဗေဒင်ဆရာတစ်ဦးက သူမဟာ အိမ်ထောင်(၂)ဆက်ကျမည့်သူဖြစ်ပြီး နောက်အိမ်ထောင်ဟာ နိုင်ငံခြားသားတစ်ယောက်ဖြစ်လိမ့်မယ်လို့ ဟောတာကို ခံခဲ့ရဖူးသလို အခုဆိုရင်လည်း ဗေဒင်အတိုင်းပဲ တကယ်ဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်း အံ့ဩဖွယ်ရာ ထုတ်ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

သူမဟာ ဗေဒင်၊အကြားအမြင်ပညာရပ်ကို အထူးယုံကြည်သူတစ်ဦးတော့ မဟုတ်ပေမယ့် သူမရဲ့သူငယ်ချင်းတွေ ဗေဒင်သွားမေးကြရင် လိုက်သွားပြီး “သမီးကိုလည်း ကြည့်ပေးပါ” ဆိုပြီး လက်ဆော့၊ခြေဆော့ သဘောမျိုး မေးကြည့်တဲ့အခါ ဗေဒင်ဆရာတွေက သူမဟာ လူဝင်စားမိန်းကလေးတစ်ဦးဖြစ်ပြီး အရင်ဘဝက နိုင်ငံခြားသားတစ်ဦးဖြစ်ခဲ့ဖူးတယ်ဆိုတ့အကြောင်း ဟောတာမျိုးကို ကြုံခဲ့ရဖူးတယ်လို့ ချမ်းချမ်းက ဆိုပါတယ်။

အိမ်ထောင်ရေးကိစ္စအတွက် ဗေဒင်ဆရာတွေရဲ့ သူမကို ဟောပြောထားချက်တွေနဲ့ ပတ်သတ်လို့ ချမ်းချမ်းက “တချို့ဗေဒင်ဆရာတွေက အိမ်ထောင်နှစ်ဆက်ကျမယ်လို့ ဟောထားခဲ့ဖူးသလို နောက်အိမ်ထောင်က နိုင်ငံခြားသားဖြစ်မယ်လို့လည်း ဟောထားခဲ့ဖူးတယ်။ အဲ့ဒီအချိန်မှာ ကိုယ်ကလည်း ငယ်သေးတဲ့အချိန်ဆိုတော့ မယုံဘူးလေနော်။ ပထမအိမ်ထောင်နဲ့ ကွဲသွားတဲ့အချိန်မှာလည်း ဗေဒင်သွားမေးဖူးတယ်။ အစ်မကတော့ အဲ့လိုကိစ္စတွေကို သိပ်ပြီးတော့ အယုံအကြည်မရှိပါဘူး။ ဒါပေမယ့် အခုဖြစ်ပျက်လာတာတွေက တိုက်ဆိုင်မှုပဲလား၊ ဗေဒင်အရ မှန်ကန်နေတာလာတော့ မသိဘူး။ ဟုတ်တော့လည်း ဟုတ်နေတာပဲ။ ယုံတာမယုံတာထက် အခုလိုမျိုးလေးတွေ ကြုံခဲ့ရဖူးပါတယ်။” လို့ ပွင့်ပွင့်လင်းလင်းပဲ ပြောပြလာခဲ့ပါတယ်။

အခုဆိုရင် ချမ်းချမ်းအသုံးပြုနေတဲ့ လူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ Instagram အကောင့်တွေ၊ Facebook ပေ့ဂျ်တွေကိုဆိုရင်လည်း သူမရဲ့ခင်ပွန်းကိုယ်တိုင် ဖွင့်ပေးထားပေးနေတာ ဖြစ်တဲ့အတွက် သူမရဲ့ မန်နေဂျာလိုမျိုး ဖြစ်နေတယ်လို့ ချမ်းချမ်းက ဆိုပါတယ်။

အလုပ်ကိစ္စနဲ့ပတ်သတ်ရင်လည်း Email တွေ ပုံမှန်စစ်ပေးတာမျိုးတွေ၊ လူမှုကွန်ရက်မှာ တင်ရမယ့် ပို့စ်လေးတွေနဲ့ပတ်သတ်လို့ ပလန်ချပေးတာမျိုးတွေ ခင်ပွန်ဘက်က ကူညီပေးလေ့ရှိတယ်လို့လည်း ချမ်းချမ်းက ပြောပြပါတယ်။

ပရိသတ်ကြီးတို့ရေ ဒီအင်တာဗျူးလေးမှာတော့ တေးသံရှင်ချမ်းချမ်းက ဗေဒင်ဆရာက သူမကို ဟောကြားခဲ့ဖူးသည့်အတိုင်း ဒုတိယအိမ်ထောင်ကို နိုင်ငံခြားသားနဲ့ ဖူးစာဆုံခဲ့ရတဲ့အကြောင်း ပြောပြခဲ့တာဖြစ်ပါတယ်။

ပရိသတ်ကြီးတို့အနေနဲ့လည်း ချမ်းချမ်းကိုချစ်ခင်မြတ်နိုးပေးပြီး အလုပ်သဘောအရလည်း တတ်နိုင်သလောက်ထောက်ပံ့ပေးနေတဲ့ ခင်ပွန်းဖြစ်သူနဲ့ ရာသက်ပန်ရွှေလက်တွဲသွားနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးခဲ့ပါဦးနော်။ အချိန်ပေးပြီးဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *