ချစ်ဇနီးလေးနဲ့ စိတ်ဆိုးပြီး လမ်းမှာ စားချင်တာစားဖို့ ပိုက်ဆံတွေ အထုပ်လိုက်ကြီး သယ်ပြီး အိမ်က ထွက်လာခဲ့တဲ့ ဟဲလေး
Read in UNICODE
တေးရေး၊ တေးဆိုအဖြစ် ဟဲလေးကတော့ ဂီတလောကမှာ နှစ်ပေါင်းများစွာ ကြာတဲ့အထိ အောင်မြင်မှုတွေနဲ့ ရပ်တည်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ အဆိုဝါသနာပါတဲ့ မျိုးဆက်သစ် လူငယ်တွေကိုလည်း မြေတောင်မြှောက်ပေးနေပြီး
လက်ရှိအောင်မြင်နေတဲ့ အဆိုတော်တစ်ချို့ရဲ့ လက်ဦးဆရာလည်း ဖြစ်ပါတယ်။ ဟဲလေးရဲ့ သီချင်းဟောင်းလေးတွေကလည်း အခုချိန်ထိ ပရိသတ်တွေရဲ့ အားပေးနားဆင်ခြင်းတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ ဟဲလေးဟာ လတ်တလောမှာလည်း
ဂီတလှုပ်ရှားမှုတွေများစွာ လုပ်ကိုင်နေပြီး မကြာသေးခင် ရက်ပိုင်းလောက်ကလည်း နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ Project K အဖွဲ့နဲ့ ” စော်နဲ့ပြတ်သွားတယ် ” ဆိုတဲ့ Music Video လေးထွက်ရှိထားတာပဲ ဖြစ်ပါတယ်။ မကြာခင်မှာလည်း သူရေးပေးထားတဲ့ ” ဘဲနဲ့ပြတ်သွားတယ် ” သီချင်းအသစ်တစ်ပုဒ်ကိုလည်း ရွှေအိမ်စည်က
သီဆိုထားပြီး ပရိသတ်တွေ နားဆင်ရတော့မှာ ဖြစ်တဲ့အကြောင်းလေးကိုလည်း သတင်းပေးထားပါသေးတယ်နော်။ သူ့ရဲ့ လှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေကို တင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ဟဲလေးရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့
မိန်းမနဲ့စိတ်ကောက်ပြီး လမ်းမှာကြိုက်တာဝယ်စားဖို့ပိုက်ဆံတွေအထုပ်လိုက်သယ်ချလာပြီးအိမ်ကနေ ထွက်လာတဲ့ဟဲလေးရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source : Naing Lin Aung’s Facebook
Add a Comment
Your email address will not be published. Required fields are marked *