ကိုယ်တိုင် ကြိုးစား ရှာဖွေစုဆောင်းထားတဲ့ ပိုက်ဆံလေးတွေနဲ့ ကားအသစ်တစ်စီးဝယ်ထားပြီး ဘုန်းကြီးကျောင်းမှာ လှူဒါန်းသွားမယ်ဆိုတဲ့ နေဆန်း
Read in UNICODE
နေဆန်းကတော့ စကားပြောရင် မွန်သံဝဲဝဲလေးနဲ့ အရမ်းချစ်စရာကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ မိန်းကလေးပုံစံလုပ်တဲ့ ဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေကြား ရေပန်းစားအောြင်မင်ခဲ့တဲ့ နေဆန်းကတော့ တစ်နေ့တစ်ခြား သူ့ရဲ့ ဗီဒီယိုလေးတွေကြောင့် ပရိသတ်အားပေးမှုကို အကြီးအကျယ်ရရှိနေတာပဲ
ဖြစ်ပါတယ်။ နေဆန်းကလည်း သာမာန်အချိန်တွေမှာ ယောကျာ်းလေးတစ်ယောက်လိုသာနေပြီး အနုပညာအလုပ်တွေ လုပ်ကိုင်ချိန်မှာတော့ မိန်းကလေးပုံစံပြောင်းလဲကာ လူတစ်ကိုယ် နှစ်ဘဝအဖြစ်နဲ့ သူ့ရဲ့အလုပ်တွေကို ကျေကျေနပ်နပ်ကြီးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အောင်မြင်မှုတွေရရှိလာတာနဲ့အမျှ အနုပညာကြေးတွေကိုလည်း
ရရှိလာခဲ့ပြီဖြစ်တဲ့ နေဆန်းက သူ့ရဲ့မိဘနှစ်ပါးအတွက် တိုက်အိမ်သစ်ကြီးအပြင် အစစအရာရာပြီးပြည့်စုံအောင်ထားတဲ့ သားလိမ္မာတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း နေဆန်းက သမာအာဇီဝကျကျရှာဖွေထားတဲ့ ငွေကြေးလေးတွေနဲ့ ကားတစ်စီးဝယ်ပြီး ဘုန်းကြီးကျောင်းကိုလှူဒါန်းသွားမယ့်အကြောင်းကို “ဘုန်းကြီးကျောင်းမှာ လှူဖို့အတွက် ကားလေးတစ်စီးဝယ်လိုက်ပါပြီ 🙏🏻🙏🏻🙏🏻” ဆိုပြီး ဝမ်းသာစွာ ပြောလာပါတယ်။ နေဆန်းကတော့ ဖြူဖြူစင်စင်ရှာဖွေထားတဲ့
ပိုက်ဆံလေးတွေနဲ့ ကားတစ်စီးဝယ်ပြီး ဘုန်းကြီးကျောင်း ဝေယျာဝစ္စအလုပ်တွေလုပ်ကိုင်နိုင်ဖို့ ကားလေးတစ်စီးဝယ်ပြီး လှူဒါန်းမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေဆန်းရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Nay San’s Facebook
Add a Comment
Your email address will not be published. Required fields are marked *