ခ်စ္ဇနီးေလး မရွိေတာ့တဲ့ေနာက္ပိုင္း ပင္စင္လစာနဲ႔ ထမင္းဆိုင္ကေန ခ်ိဳင့္ဆြဲစားရင္း ျဖတ္သန္းေနရတဲ့ ဘဝအေျခအေနကို ေျပာျပခဲ့တဲ့ လူရႊင္ေတာ္ႀကီး ဦးခ်စ္စရာ

ပရိသတ္ႀကီးတို႔ေရ အင္မတန္မွ ရယ္စရာေကာင္းတဲ့ျပက္လုံးေလးေတြနဲ႔ ပရိသတ္ေတြရယ္ေမာလာေအာင္ သ႐ုပ္ေဆာင္ျပႏိုင္တဲ့ ဟာသမင္းသားႀကီးခ်စ္စရာကို ပရိသတ္ေတြမွတ္မိဦးမယ္ ထင္ပါတယ္ေနာ္။ 

ခ်စ္စရာဟာဆိုရင္ အရင္ဗီဒီယိုတစ္ေခတ္မွာ ဇာတ္ကားမ်ားစြာ႐ိုက္ကူးခြင့္ရခဲ့႐ုံမွ်မက အၿငိမ့္ပြဲေတြမွာလည္း အလြန္အေတြ႕ရမ်ားတဲ့ လူ႐ႊင္ေတာ္ႀကီးတစ္ေယာက္ပဲ ျဖစ္ပါတယ္။​ေနာက္ပိုင္းမွာေတာ့ အသက္အ႐ြယ္ႀကီးျမင့္လာသည္ေၾကာင့္တစ္ေၾကာင္း၊ က်န္းမာေရးအေျခအေနေၾကာင့္တစ္ေၾကာင္း ဦးခ်စ္စရာအေနနဲ႔ အႏုပညာလမ္းေၾကာင္းေပၚမွာ ဆက္လက္ေလွ်ာက္လွမ္းျခင္းမရွိေတာ့တာဟာ ႏွစ္အနည္းငယ္ၾကာျမင္ခဲ့ၿပီပဲ ျဖစ္ပါတယ္။ 

ဒီအင္တာဗ်ဴးေလးမွာေတာ့ ဟာသမင္းသားႀကီးခ်စ္စရာက သူ႔အေနနဲ႔ ပင္စင္လစာကို ေခြၽတာသုံးစြဲၿပီး ဘဝျဖတ္သန္းေနရတယ္ဆိုတဲ့အေၾကာင္း ရင္ဖြင့္ေျဖၾကားေပးခဲ့တာပဲ ျဖစ္ပါတယ္။ 

ဦးခ်စ္စရာဟာ ဇနီးျဖစ္သူကြယ္လြန္ၿပီးတည္းက ခ်က္ျပဳတ္ေပးမယ့္ သားသမီးေက်ာေထာက္ေနာက္ခံ မရွိတဲ့အတြက္ စားေရးေသာက္ေရးအတြက္ ထမင္းဆိုင္ကေန ခ်ိဳင့္ဆြဲၿပီး စားေသာက္ေနရတယ္လို႔ ဆိုပါတယ္။ သူကိုယ္တိုင္ကလည္း ထမင္း၊ဟင္းခ်က္ျပဳတ္ရတာကို ယခင္တည္းက ဝါသနာပါျခင္းအလ်ဥ္းမရွိခဲ့တာေၾကာင့္ မခ်က္တတ္၊မျပဳတ္တတ္နဲ႔ ဒုကၡေရာက္ေနမည့္အစား ကိုယ့္ဝမ္းတစ္ထြာအဆင္ေျပေစဖို႔အတြက္ အခုလို ခ်ိဳင့္ဆြဲထမင္း၊ဟင္းကို ထမင္းဆိုင္ကေန မွာယူစားေသာက္ေနရတာျဖစ္တယ္လို႔လည္း ဦးခ်စ္စရာက ရွင္းျပပါတယ္။ 

သူမွာယူေနတဲ့ ထမင္းဆိုင္ဟာ သူ႔ေနအိမ္အနီးအနားက “ခေရရိပ္” လို႔အမည္ရတဲ့ ထမင္းဆိုင္တစ္ဆိုင္ျဖစ္ၿပီး ဆိုင္ရွင္နဲ႔လည္းရင္းႏွီးတာေၾကာင့္ ဦးခ်စ္စရာရဲ႕က်န္းမာေရးအေျခအေနနဲ႔ ကိုက္ညီမယ့္အစားအေသာက္ေတြကိုသာ ဆိုင္ဘက္က စီစဥ္ေပးေလ့ရွိတယ္လို႔ ဦးခ်စ္စရာရဲ႕ေျပာၾကားခ်က္အရ သိရွိရပါတယ္။ “အခုစားေနတာကေတာ့ လေပးေပါ့ေနာ္၊ တစ္လကို ၇ေသာင္းေပးရတယ္။ ဒါေပမယ့္လည္း ဆိုင္ရွင္နဲ႔လည္းရင္းႏွီးၿပီးသားဆိုေတာ့ ကိုယ့္ကို ဂ႐ုစိုက္ပါတယ္။ မတည့္တာေတြ၊ ငန္တာေတြကိုလည္း သူတို႔ဘက္က တတ္ႏိုင္သေလာက္ေရွာင္ေပးတယ္။ တက္စာေတြျဖစ္တဲ့ ျပည္ႀကီးငါးတို႔၊ ငါးသေလာက္တို႔ ခ်က္ရင္လည္း သူတို႔က ထည့္မေပးဘူး။ ဦးက မ်က္စိလည္းဒုကၡျဖစ္ထားဖူးတယ္၊ ဆီးခ်ိဳေသြးခ်ိဳကလည္း ရွိေတာ့ ဦးနဲ႔မတည့္တဲ့အာဟာရေတြဆိုရင္ သူတို႔ကထည့္မေပးပါဘူး။ တည့္တဲ့ဟာေတြပဲ ထည့္ေပးပါတယ္။ ေကာင္းပါတယ္။ သူတို႔ဆီက ခ်ိဳင့္ဆြဲစားတာ ေပါေပါသီသီစားရပါတယ္။”လို႔ ဦးခ်စ္စရာက ေျပာျပပါတယ္။ 

ထမင္းဆိုင္ကေန တစ္ရက္ကို မနက္တစ္နပ္၊ ညတစ္နပ္ ခ်ိဳင့္ဆြဲပို႔ေပးၿပီး ဒီလိုစားရတာကို တစ္ခါတစ္ေလေတာ့လည္း ၿငီးေငြ႕မိတယ္လို႔ ခ်စ္စရာကဆိုပါတယ္။  “မၿငီးေငြ႕ဘူးလားဆိုေတာ့ တစ္ခါတစ္ေလေတာ့လည္း ၿငီးေငြ႕တာေပါ့။ အဲ့တာကိုမွ မစားပဲေနရင္ေတာ့လည္း ကိုယ္ပဲငတ္႐ုံပဲရွိမွာ။ အဲ့ေတာ့ အငတ္လည္းမခံႏိုင္ဘူး။ ဝင္သေလာက္ေပါ့ေနာ္။ အာဟာရျဖစ္သေလာက္၊ အရသာရွိသေလာက္ေတာ့ စားရတာေပါ့ေလ။ တစ္ခါတစ္ေလေတာ့လည္း ကိုယ္စားခ်င္တဲ့ဟင္းေလးနဲ႔ တိုက္တိုက္ဆိုင္ဆိုင္ျဖစ္သြားတဲ့ အခါမ်ားက်ရင္ေတာ့ စားလို႔ေကာင္းတာေပါ့ေလ။ အသုတ္ေလးရယ္၊ ဆီျပန္ဟင္းေလးရယ္၊ ငါးပိရည္ေလးကလည္းေကာင္းၿပီ ဆိုရင္ေတာ့ ပိုၿပီးစားလို႔ၿမိန္တာေပါ့။ တစ္ခါတစ္ေလမ်ား ကိုယ္မစားခ်င္တဲ့ဟင္းေလးနဲ႔ သြားၿပီးႀကဳံႀကိဳက္မိၿပီဆိုရင္ေတာ့ ခ်ိဳင့္ဆြဲဟင္းေတြကို တူမေလးေတြကိုေကြၽးၿပီး တစ္ခါတစ္ေလလည္း အျပင္ထြက္စားရတာေပါ့။ အဲ့တာကေတာ့ အႀကိမ္မ်ားလာရင္ မေကာင္းဘူးေလ။ အႀကိမ္မ်ားလာရင္ ဘတ္ဂ်က္ထိခိုက္တယ္။” လို႔ ဦးခ်စ္စရာက ရင္ဖြင့္ေျပာျပခဲ့ပါတယ္။ 

ခ်ိဳင့္ဆြဲအတြက္ တစ္လကို ၇ေသာင္းႏႈန္းနဲ႔ လကုန္ၿပီးလို႔ လဆန္းတစ္ရက္၊ႏွစ္ရက္ဆိုရင္ ပိုက္ဆံရွင္းေပးလိုက္ရၿပီျဖစ္ၿပီး ပင္စင္လစာေလးနဲ႔ ဒီလိုပဲေခြၽတာၿပီး စားေသာက္ေနရတယ္လို႔ ခ်စ္စရာက ဆိုပါတယ္။ ခ်စ္စရာဟာ ဇနီးျဖစ္သူရဲ႕ မိသားစုပင္စင္အေနနဲ႔ ၆ေသာင္း လစဥ္ရရွိၿပီး သူကိုယ္တိုင္ကလည္း အႏုပညာေလာကထဲမဝင္ခင္က ရန္ကုန္တကၠသိုလ္အေဝးသင္ဌာနမွာ ဝန္ထမ္းဘဝနဲ႔ မ်က္လုံးမေကာင္းလို႔ ေဆးပင္စင္ယူခဲ့ရသူတစ္ဦးျဖစ္တာေၾကာင့္ သူရဲ႕ေဆးပင္စင္ဟာ အခုေနာက္ပိုင္းထပ္တိုးတဲ့ပမာဏနဲ႔ဆို ၁ သိန္းေလာက္ရတယ္လို႔ ဆိုပါတယ္။ ဒီလိုပဲ ကြယ္လြန္သြားၿပီျဖစ္တဲ့ ဇနီးျဖစ္သူရဲ႕ မိသားစုပင္စင္လစာေလးရယ္၊ သူ႔ရဲ႕ေဆးပင္စင္ရယ္ စုစုေပါင္း ၁၆၀၀၀၀ က်ပ္ကို လစဥ္ေၾကး ေပးသင့္တာေတြေပးၿပီး က်န္ရွိတဲ့ေငြကို မိမိရဲ႕ေဆးဖိုးဝါးခအတြက္ စုေဆာင္းထားေလ့ရွိတယ္လို႔လည္း ခ်စ္စရာက ရင္ဖြင့္ေျပာျပပါတယ္။ 

ပရိသတ္တို႔ေရ သ႐ုပ္ေဆာင္ဦးခ်စ္စရာဟာ အခုလို သူရရွိထားသမွ်ပင္စင္လစာေလးနဲ႔ အဆင္ေျပေအာင္ေနႏိုင္တယ္ဆိုတာ မလိုအပ္တဲ့ေနရာမွာ မသုံးမျဖဳန္းပဲ သင့္ေတာ္သလိုစီမံသုံးစြဲႏိုင္လို႔ အဆင္ေျပေနရျခင္းျဖစ္တယ္လို႔ ေျပာၾကားရင္း ဒီအင္တာဗ်ဴးေလးကို အဆုံးသတ္ေျဖၾကားေပးခဲ့ပါတယ္။ အခ်ိန္ေပးၿပီးဖတ္ရႈေပးတဲ့ ပရိသတ္အားလုံးကိုလည္ ေက်းဇူးအထူးပဲ တင္ရွိပါတယ္။ 

Read in UNICODE

ပရိသတ်ကြီးတို့ရေ အင်မတန်မှ ရယ်စရာကောင်းတဲ့ပြက်လုံးလေးတွေနဲ့ ပရိသတ်တွေရယ်မောလာအောင် သရုပ်ဆောင်ပြနိုင်တဲ့ ဟာသမင်းသားကြီးချစ်စရာကို ပရိသတ်တွေမှတ်မိဦးမယ် ထင်ပါတယ်နော်။ 

ချစ်စရာဟာဆိုရင် အရင်ဗီဒီယိုတစ်ခေတ်မှာ ဇာတ်ကားများစွာရိုက်ကူးခွင့်ရခဲ့ရုံမျှမက အငြိမ့်ပွဲတွေမှာလည်း အလွန်အတွေ့ရများတဲ့ လူရွှင်တော်ကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ အသက်အရွယ်ကြီးမြင့်လာသည်ကြောင့်တစ်ကြောင်း၊ ကျန်းမာရေးအခြေအနေကြောင့်တစ်ကြောင်း ဦးချစ်စရာအနေနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းခြင်းမရှိတော့တာဟာ နှစ်အနည်းငယ်ကြာမြင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ 

ဒီအင်တာဗျူးလေးမှာတော့ ဟာသမင်းသားကြီးချစ်စရာက သူ့အနေနဲ့ ပင်စင်လစာကို ချွေတာသုံးစွဲပြီး ဘဝဖြတ်သန်းနေရတယ်ဆိုတဲ့အကြောင်း ရင်ဖွင့်ဖြေကြားပေးခဲ့တာပဲ ဖြစ်ပါတယ်။ 

ဦးချစ်စရာဟာ ဇနီးဖြစ်သူကွယ်လွန်ပြီးတည်းက ချက်ပြုတ်ပေးမယ့် သားသမီးကျောထောက်နောက်ခံ မရှိတဲ့အတွက် စားရေးသောက်ရေးအတွက် ထမင်းဆိုင်ကနေ ချိုင့်ဆွဲပြီး စားသောက်နေရတယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း ထမင်း၊ဟင်းချက်ပြုတ်ရတာကို ယခင်တည်းက ဝါသနာပါခြင်းအလျဉ်းမရှိခဲ့တာကြောင့် မချက်တတ်၊မပြုတ်တတ်နဲ့ ဒုက္ခရောက်နေမည့်အစား ကိုယ့်ဝမ်းတစ်ထွာအဆင်ပြေစေဖို့အတွက် အခုလို ချိုင့်ဆွဲထမင်း၊ဟင်းကို ထမင်းဆိုင်ကနေ မှာယူစားသောက်နေရတာဖြစ်တယ်လို့လည်း ဦးချစ်စရာက ရှင်းပြပါတယ်။ 

သူမှာယူနေတဲ့ ထမင်းဆိုင်ဟာ သူ့နေအိမ်အနီးအနားက “ခရေရိပ်” လို့အမည်ရတဲ့ ထမင်းဆိုင်တစ်ဆိုင်ဖြစ်ပြီး ဆိုင်ရှင်နဲ့လည်းရင်းနှီးတာကြောင့် ဦးချစ်စရာရဲ့ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီမယ့်အစားအသောက်တွေကိုသာ ဆိုင်ဘက်က စီစဉ်ပေးလေ့ရှိတယ်လို့ ဦးချစ်စရာရဲ့ပြောကြားချက်အရ သိရှိရပါတယ်။ “အခုစားနေတာကတော့ လပေးပေါ့နော်၊ တစ်လကို ၇သောင်းပေးရတယ်။ ဒါပေမယ့်လည်း ဆိုင်ရှင်နဲ့လည်းရင်းနှီးပြီးသားဆိုတော့ ကိုယ့်ကို ဂရုစိုက်ပါတယ်။ မတည့်တာတွေ၊ ငန်တာတွေကိုလည်း သူတို့ဘက်က တတ်နိုင်သလောက်ရှောင်ပေးတယ်။ တက်စာတွေဖြစ်တဲ့ ပြည်ကြီးငါးတို့၊ ငါးသလောက်တို့ ချက်ရင်လည်း သူတို့က ထည့်မပေးဘူး။ ဦးက မျက်စိလည်းဒုက္ခဖြစ်ထားဖူးတယ်၊ ဆီးချိုသွေးချိုကလည်း ရှိတော့ ဦးနဲ့မတည့်တဲ့အာဟာရတွေဆိုရင် သူတို့ကထည့်မပေးပါဘူး။ တည့်တဲ့ဟာတွေပဲ ထည့်ပေးပါတယ်။ ကောင်းပါတယ်။ သူတို့ဆီက ချိုင့်ဆွဲစားတာ ပေါပေါသီသီစားရပါတယ်။”လို့ ဦးချစ်စရာက ပြောပြပါတယ်။ 

ထမင်းဆိုင်ကနေ တစ်ရက်ကို မနက်တစ်နပ်၊ ညတစ်နပ် ချိုင့်ဆွဲပို့ပေးပြီး ဒီလိုစားရတာကို တစ်ခါတစ်လေတော့လည်း ငြီးငွေ့မိတယ်လို့ ချစ်စရာကဆိုပါတယ်။  “မငြီးငွေ့ဘူးလားဆိုတော့ တစ်ခါတစ်လေတော့လည်း ငြီးငွေ့တာပေါ့။ အဲ့တာကိုမှ မစားပဲနေရင်တော့လည်း ကိုယ်ပဲငတ်ရုံပဲရှိမှာ။ အဲ့တော့ အငတ်လည်းမခံနိုင်ဘူး။ ဝင်သလောက်ပေါ့နော်။ အာဟာရဖြစ်သလောက်၊ အရသာရှိသလောက်တော့ စားရတာပေါ့လေ။ တစ်ခါတစ်လေတော့လည်း ကိုယ်စားချင်တဲ့ဟင်းလေးနဲ့ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွားတဲ့ အခါများကျရင်တော့ စားလို့ကောင်းတာပေါ့လေ။ အသုတ်လေးရယ်၊ ဆီပြန်ဟင်းလေးရယ်၊ ငါးပိရည်လေးကလည်းကောင်းပြီ ဆိုရင်တော့ ပိုပြီးစားလို့မြိန်တာပေါ့။ တစ်ခါတစ်လေများ ကိုယ်မစားချင်တဲ့ဟင်းလေးနဲ့ သွားပြီးကြုံကြိုက်မိပြီဆိုရင်တော့ ချိုင့်ဆွဲဟင်းတွေကို တူမလေးတွေကိုကျွေးပြီး တစ်ခါတစ်လေလည်း အပြင်ထွက်စားရတာပေါ့။ အဲ့တာကတော့ အကြိမ်များလာရင် မကောင်းဘူးလေ။ အကြိမ်များလာရင် ဘတ်ဂျက်ထိခိုက်တယ်။” လို့ ဦးချစ်စရာက ရင်ဖွင့်ပြောပြခဲ့ပါတယ်။ 

ချိုင့်ဆွဲအတွက် တစ်လကို ၇သောင်းနှုန်းနဲ့ လကုန်ပြီးလို့ လဆန်းတစ်ရက်၊နှစ်ရက်ဆိုရင် ပိုက်ဆံရှင်းပေးလိုက်ရပြီဖြစ်ပြီး ပင်စင်လစာလေးနဲ့ ဒီလိုပဲချွေတာပြီး စားသောက်နေရတယ်လို့ ချစ်စရာက ဆိုပါတယ်။ ချစ်စရာဟာ ဇနီးဖြစ်သူရဲ့ မိသားစုပင်စင်အနေနဲ့ ၆သောင်း လစဉ်ရရှိပြီး သူကိုယ်တိုင်ကလည်း အနုပညာလောကထဲမဝင်ခင်က ရန်ကုန်တက္ကသိုလ်အဝေးသင်ဌာနမှာ ဝန်ထမ်းဘဝနဲ့ မျက်လုံးမကောင်းလို့ ဆေးပင်စင်ယူခဲ့ရသူတစ်ဦးဖြစ်တာကြောင့် သူရဲ့ဆေးပင်စင်ဟာ အခုနောက်ပိုင်းထပ်တိုးတဲ့ပမာဏနဲ့ဆို ၁ သိန်းလောက်ရတယ်လို့ ဆိုပါတယ်။ ဒီလိုပဲ ကွယ်လွန်သွားပြီဖြစ်တဲ့ ဇနီးဖြစ်သူရဲ့ မိသားစုပင်စင်လစာလေးရယ်၊ သူ့ရဲ့ဆေးပင်စင်ရယ် စုစုပေါင်း ၁၆၀၀၀၀ ကျပ်ကို လစဉ်ကြေး ပေးသင့်တာတွေပေးပြီး ကျန်ရှိတဲ့ငွေကို မိမိရဲ့ဆေးဖိုးဝါးခအတွက် စုဆောင်းထားလေ့ရှိတယ်လို့လည်း ချစ်စရာက ရင်ဖွင့်ပြောပြပါတယ်။ 

ပရိသတ်တို့ရေ သရုပ်ဆောင်ဦးချစ်စရာဟာ အခုလို သူရရှိထားသမျှပင်စင်လစာလေးနဲ့ အဆင်ပြေအောင်နေနိုင်တယ်ဆိုတာ မလိုအပ်တဲ့နေရာမှာ မသုံးမဖြုန်းပဲ သင့်တော်သလိုစီမံသုံးစွဲနိုင်လို့ အဆင်ပြေနေရခြင်းဖြစ်တယ်လို့ ပြောကြားရင်း ဒီအင်တာဗျူးလေးကို အဆုံးသတ်ဖြေကြားပေးခဲ့ပါတယ်။ အချိန်ပေးပြီးဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည် ကျေးဇူးအထူးပဲ တင်ရှိပါတယ်။ 

Source : MC

Add a Comment

Your email address will not be published. Required fields are marked *