သ႐ုပ္ေဆာင္လုပ္ဖို႔ စဥ္းစားေနၿပီျဖစ္ေၾကာင္း ေျပာျပခဲ့တဲ့ အဆိုေတာ္ G

ပရိသတ္ႀကီးတို႔ေရ ေ႐ႊနန္းေတာ္မိသားစုရဲ႕မ်ိဳးဆက္သစ္သမီးပ်ိဳေလးျဖစ္သူ The Voice Myanmar Season-3 ၿပိဳင္ပြဲဝင္ေဟာင္း G ကေတာ့ သူမရဲ႕ ႐ိုးသားပြင့္လင္းတဲ့ ဘဝေနထိုင္မႈပုံစံနဲ႔ လူတကာကိုကူညီတတ္တဲ့ ပရဟိတစိတ္ထားေၾကာင့္ ပရိသတ္အေတာ္မ်ားမ်ားရဲ႕ လက္ခံအားေပးမႈကို တစ္စတစ္စရရွိလာတဲ့ တက္သစ္စအႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္။

G ဟာ The Voice Myanmar ၿပိဳင္ပြဲကေန ထြက္ခြာလာရတဲ့ အခ်ိန္တည္းက ပရဟိတလုပ္ငန္းေတြကို မနားတမ္းလုပ္ကိုင္ကာ ၿပိဳင္ပြဲကေနတစ္ဆင့္ စတင္သိကြၽမ္းလာခဲ့ရတဲ့ ေတးသံရွင္ရန္မ်ိဳးနဲ႔တြဲဖက္ၿပီးေတာ့လည္း ပရိသတ္ေတြကို Live လႊင့္ၿပီး သီခ်င္းဆိုျပတာမ်ိဳးေတြ ျပဳလုပ္ေလ့ရွိခဲ့ပါတယ္။ မၾကာခင္မွာလည္း ရန္မ်ိဳးကိုယ္တိုင္ေရးစပ္ေပးထားၿပီး G သီဆိုသြားမယ့္ သီခ်င္းတစ္ပုဒ္ထြက္ရွိလာဖို႔ရွိၿပီး အျခားေသာအႏုပညာလႈပ္ရွားမႈေတြျဖစ္တဲ့ ေဖ့စ္ဘုတ္မွာ Live Sale ေရာင္းခ်ျခင္း၊ ေၾကာ္ျငာဓာတ္ပုံ၊ ဗီဒီယိုမ်ား႐ိုက္ကူးျခင္း စသည္တို႔က္ိုလည္း G အေနနဲ႔ အစဥ္မျပတ္လုပ္ကိုင္လ်က္ရွိပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ တက္သစ္စလူငယ္အႏုပညာရွင္ G က အႏုပညာေလာကထဲကို ေရာက္လာၿပီဆိုရင္ သ႐ုပ္ေတာ့ေဆာင္တတ္သင့္တယ္လို႔ ထင္ျမင္ယူဆတဲ့အတြက္ သူမကိုယ္တိုင္လည္း သ႐ုပ္ေဆာင္လုပ္ဖို႔စဥ္းစားေနၿပီဆိုတဲ့အေၾကာင္းကို ေျဖၾကားေပးသြားခဲ့တာပဲ ျဖစ္ပါတယ္။

အခုဆိုရင္ G ဟာ Live Sale ေရာင္းခ်ျခင္းကို လုပ္ငန္းေတာ္ေတာ္မ်ားမ်ားအတြက္ ျပဳလုပ္ေပးျဖစ္ေနၿပီး သူမရဲ႕ မိဘလက္ငုတ္လုပ္ငန္းျဖစ္တဲ့ ေ႐ႊနန္းေတာ္ရတနာဆိုင္အတြက္ကိုလည္း တစ္ပတ္မွာႏွစ္ရက္ Live Sale ေရာင္းခ်ေပးရတယ္လို႔ သိရပါတယ္။ သူမဟာ အခုလို ေ႐ႊနန္းေတာ္အတြက္ လက္ဝတ္ရတနာေလးေတြကို ကူညီေရာင္းခ်ေပးျဖစ္ေနတယ္ဆိုသည္မွာ ဖခင္ျဖစ္သူရဲ႕အဓိကတြန္းအားေပးမႈေၾကာင့္ျဖစ္ၿပီး ဖခင္ျဖစ္သူရဲ႕ေျပာၾကားခ်က္အရေတာ့ သူမ ဝင္ေရာင္းေပးသြားတဲ့ Live Sale ေတြဟာ အင္မတန္ပဲ ေရာင္းရတယ္လို႔ G က ဆိုပါတယ္။

အခုလို Live Sale ေရာင္းခ်ေပးတာေတြ၊ ကုန္ပစၥည္းေၾကာ္ျငာေတြအတြက္ တိုက္႐ိုက္ Live လႊင့္ၿပီး မိတ္ကပ္အျပင္ခံေပးရတဲ့ အေတြ႕အႀကဳံေတြနဲ႔ပတ္သတ္လို႔ G က “Live နဲ႔ပတ္သတ္ၿပီး ေျပာရမယ္ဆိုရင္ ညီမက လြယ္တဲ့ Live မ်ိဳးေတြပဲ လုပ္ခ်င္တယ္။ လြယ္တယ္ဆိုတာက ဟိုလိုမ်ိဳး မိတ္ကပ္အရမ္းမလိမ္းရတဲ့ Live မ်ိဳးေတြေပါ့။ ဒီေန႔အစီအစဥ္ဆိုရင္လည္း မဆိုးဘူး။ ကိုယ့္ဟာကို မိတ္ကပ္လိမ္းလာလို႔ အဆင္ေျပတယ္။ မိတ္ကပ္ထူထူႀကီးေတြလိမ္းရမယ့္ ကိစၥမ်ိဳးေတြဆိုရင္ ညီမဘက္က ပိုေဈးႀကီးခ်င္တယ္ေပါ့ေနာ္[ရယ္လ်က္]။ မိတ္ကပ္လိမ္းရရင္ေလ၊လိမ္းၿပီးရင္ေတာ့ အဲ့ေလာက္မဆိုးဘူး၊ လိမ္းေနတုန္းကို အရမ္းထြက္ေျပးခ်င္တာ။ ၿပီးေတာ့ Live ဆိုတာမ်ိဳးကလည္း ဗီဒီယို႐ိုက္ေနသလိုမ်ိဳးမဟုတ္ဘူး။ လူအေယာက္ ၁၀၀ ေလာက္နဲ႔ ေျပာဆိုဆက္ဆံေနရတာဆိုေတာ့ အဲ့လူအေယာက္ ၁၀၀ လုံးက ေမးခြန္းတစ္မ်ိဳးတည္းကို ျပန္ျပန္ေမးေနၾကတဲ့အခါမ်ိဳးဆိုရင္လည္း ကိုယ္က ဒါကိုပဲ ျပန္ျပန္ေျဖေနရတာေလ။ ဒါေတြကိုပဲဆက္တိုက္ေျပာေနရတာဆိုေတာ့ နည္းနည္းေမာတာေပါ့ေနာ္။ ဒါေၾကာင့္ ညီမအေနနဲ႔ Live ကို သိပ္ၿပီးေတာ့ဝါသနာမပါဘူး​။ ဒါေပမယ့္ တကယ္တမ္းလုပ္ေပးျဖစ္ရင္လည္း ေသေသခ်ာခ်ာ၊ ေစတနာရွိရွိနဲ႔ လုပ္ေပးပါတယ္။” လို႔ မွတ္ခ်က္ေပးေျဖၾကားေပးသြားခဲ့ပါတယ္။

G အေနနဲ႔ အခုလို Live Sale ေတြ၊ ေၾကာ္ျငာေတြကေနတစ္ဆင့္ အႏုပညာေလာကနဲ႔ ပတ္သတ္ဆက္ႏြယ္မိလာၿပီ ျဖစ္တဲ့အတြက္ သ႐ုပ္ေဆာင္ပိုင္းကို ဆက္လက္ကူးေျပာင္းသြားဖို႔ ရွိ/မရွိနဲ႔အတ္သတ္လို႔ “ညီမအျမင္ကေတာ့ ဒီအႏုပညာေလာကထဲကို ေရာက္လာၿပီဆိုရင္ နည္းနည္းေတာ့သ႐ုပ္ေဆာင္ရမယ္လို႔ထင္တယ္။ ညီမ အစတည္းက အဲ့တာကိုေၾကာက္ေနတာ။ ညီမသ႐ုပ္ေဆာင္ရမယ့္ ဇာတ္ေကာင္က ညီမရဲ႕နဂိုပုံစံနဲ႔ အရမ္းႀကီးမကြာဘူးဆိုရင္ေတာ့ သ႐ုပ္ေဆာင္ရမွာကို အဲ့ေလာက္ႀကီးမေၾကာက္ဘူး။ အရမ္းႏြဲ႕ခိုင္းတာတို႔၊ဘာတို႔ဆိုရင္ နည္းနည္းလန႔္တယ္။ မလုပ္ခ်င္ဘူး။ ဒါေပမယ့္ ဒီေလာကထဲကိုေရာက္လာၿပီးမွ အဲ့လိုမလုပ္ျပန္ရင္လည္း ေရရွည္အတြက္ အဆင္မေျပေလာက္ဘူးထင္တယ္။ အဲ့တာကို နည္းနည္းစဥ္းစားေနတယ္။ တကယ္တမ္းေတာ့ မလုပ္ခ်င္ဘူး။ ၿပီးေတာ့ ညီမကိုညီမ သ႐ုပ္ေဆာင္မလုပ္တတ္ဘူးလို႔ပဲ ထင္ေနတယ္။ သ႐ုပ္ေဆာင္ၾကည့္ျပန္ရင္လည္း ေကာင္းခ်င္မွ ေကာင္းမွာကြာ။ နည္းနည္းေတာ့ စဥ္းစားရဦးမွာေပါ့။” လို႔ ေျဖၾကားေပးခဲ့ပါတယ္။

ပရိသတ္ႀကီးတို႔ေရ G ဟာ ဒီေန႔၊ ဒီအခ်ိန္အထိ ရသမွ်လုပ္အားခေတြကို အလႉအတန္းဘက္မွာသာ အားျဖည့္ေပးခဲ့ၿပီး ကိုယ့္အတြက္ဆိုလို႔ Food Panda ကေန အစားအေသာက္မွာဖို႔ေလာက္သာ ခ်န္ထားေလ့ရွိတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ဒီႏွစ္ထဲမွာေတာ့ ကိုယ့္အတြက္က်န္ေအာင္ စုထား၊ ေဆာင္းထားဖို႔အတြက္ စဥ္းစားေနၿပီး အေတာ္ေလးစုမိေဆာင္းမိၿပီဆိုရင္ေတာ့ ရွင္သန္ေရးပရဟိတအသင္း႐ုံးခြဲေလးကို ဖြင့္လွစ္ႏိုင္ဖို႔စီစဥ္သြားမယ္လို႔ေျပာၾကားရင္း ဒီအင္တာဗ်ဴးေလးကို အဆုံးသတ္ေျဖၾကားေပးသြားခဲ့ပါတယ္။ အခ်ိန္ေပးၿပီးဖတ္ရႈေပးတဲ့ ပရိသတ္အားလုံးကိုလည္း ေက်းဇူးအထူးပဲတင္ရွိပါတယ္။

Read in UNICODE

ပရိသတ်ကြီးတို့ရေ ရွှေနန်းတော်မိသားစုရဲ့မျိုးဆက်သစ်သမီးပျိုလေးဖြစ်သူ The Voice Myanmar Season-3 ပြိုင်ပွဲဝင်ဟောင်း G ကတော့ သူမရဲ့ ရိုးသားပွင့်လင်းတဲ့ ဘဝနေထိုင်မှုပုံစံနဲ့ လူတကာကိုကူညီတတ်တဲ့ ပရဟိတစိတ်ထားကြောင့် ပရိသတ်အတော်များများရဲ့ လက်ခံအားပေးမှုကို တစ်စတစ်စရရှိလာတဲ့ တက်သစ်စအနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

G ဟာ The Voice Myanmar ပြိုင်ပွဲကနေ ထွက်ခွာလာရတဲ့ အချိန်တည်းက ပရဟိတလုပ်ငန်းတွေကို မနားတမ်းလုပ်ကိုင်ကာ ပြိုင်ပွဲကနေတစ်ဆင့် စတင်သိကျွမ်းလာခဲ့ရတဲ့ တေးသံရှင်ရန်မျိုးနဲ့တွဲဖက်ပြီးတော့လည်း ပရိသတ်တွေကို Live လွှင့်ပြီး သီချင်းဆိုပြတာမျိုးတွေ ပြုလုပ်လေ့ရှိခဲ့ပါတယ်။ မကြာခင်မှာလည်း ရန်မျိုးကိုယ်တိုင်ရေးစပ်ပေးထားပြီး G သီဆိုသွားမယ့် သီချင်းတစ်ပုဒ်ထွက်ရှိလာဖို့ရှိပြီး အခြားသောအနုပညာလှုပ်ရှားမှုတွေဖြစ်တဲ့ ဖေ့စ်ဘုတ်မှာ Live Sale ရောင်းချခြင်း၊ ကြော်ငြာဓာတ်ပုံ၊ ဗီဒီယိုများရိုက်ကူးခြင်း စသည်တို့ကိုလည်း G အနေနဲ့ အစဉ်မပြတ်လုပ်ကိုင်လျက်ရှိပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ တက်သစ်စလူငယ်အနုပညာရှင် G က အနုပညာလောကထဲကို ရောက်လာပြီဆိုရင် သရုပ်တော့ဆောင်တတ်သင့်တယ်လို့ ထင်မြင်ယူဆတဲ့အတွက် သူမကိုယ်တိုင်လည်း သရုပ်ဆောင်လုပ်ဖို့စဉ်းစားနေပြီဆိုတဲ့အကြောင်းကို ဖြေကြားပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။

အခုဆိုရင် G ဟာ Live Sale ရောင်းချခြင်းကို လုပ်ငန်းတော်တော်များများအတွက် ပြုလုပ်ပေးဖြစ်နေပြီး သူမရဲ့ မိဘလက်ငုတ်လုပ်ငန်းဖြစ်တဲ့ ရွှေနန်းတော်ရတနာဆိုင်အတွက်ကိုလည်း တစ်ပတ်မှာနှစ်ရက် Live Sale ရောင်းချပေးရတယ်လို့ သိရပါတယ်။ သူမဟာ အခုလို ရွှေနန်းတော်အတွက် လက်ဝတ်ရတနာလေးတွေကို ကူညီရောင်းချပေးဖြစ်နေတယ်ဆိုသည်မှာ ဖခင်ဖြစ်သူရဲ့အဓိကတွန်းအားပေးမှုကြောင့်ဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ပြောကြားချက်အရတော့ သူမ ဝင်ရောင်းပေးသွားတဲ့ Live Sale တွေဟာ အင်မတန်ပဲ ရောင်းရတယ်လို့ G က ဆိုပါတယ်။

အခုလို Live Sale ရောင်းချပေးတာတွေ၊ ကုန်ပစ္စည်းကြော်ငြာတွေအတွက် တိုက်ရိုက် Live လွှင့်ပြီး မိတ်ကပ်အပြင်ခံပေးရတဲ့ အတွေ့အကြုံတွေနဲ့ပတ်သတ်လို့ G က “Live နဲ့ပတ်သတ်ပြီး ပြောရမယ်ဆိုရင် ညီမက လွယ်တဲ့ Live မျိုးတွေပဲ လုပ်ချင်တယ်။ လွယ်တယ်ဆိုတာက ဟိုလိုမျိုး မိတ်ကပ်အရမ်းမလိမ်းရတဲ့ Live မျိုးတွေပေါ့။ ဒီနေ့အစီအစဉ်ဆိုရင်လည်း မဆိုးဘူး။ ကိုယ့်ဟာကို မိတ်ကပ်လိမ်းလာလို့ အဆင်ပြေတယ်။ မိတ်ကပ်ထူထူကြီးတွေလိမ်းရမယ့် ကိစ္စမျိုးတွေဆိုရင် ညီမဘက်က ပိုဈေးကြီးချင်တယ်ပေါ့နော်[ရယ်လျက်]။ မိတ်ကပ်လိမ်းရရင်လေ၊လိမ်းပြီးရင်တော့ အဲ့လောက်မဆိုးဘူး၊ လိမ်းနေတုန်းကို အရမ်းထွက်ပြေးချင်တာ။ ပြီးတော့ Live ဆိုတာမျိုးကလည်း ဗီဒီယိုရိုက်နေသလိုမျိုးမဟုတ်ဘူး။ လူအယောက် ၁၀၀ လောက်နဲ့ ပြောဆိုဆက်ဆံနေရတာဆိုတော့ အဲ့လူအယောက် ၁၀၀ လုံးက မေးခွန်းတစ်မျိုးတည်းကို ပြန်ပြန်မေးနေကြတဲ့အခါမျိုးဆိုရင်လည်း ကိုယ်က ဒါကိုပဲ ပြန်ပြန်ဖြေနေရတာလေ။ ဒါတွေကိုပဲဆက်တိုက်ပြောနေရတာဆိုတော့ နည်းနည်းမောတာပေါ့နော်။ ဒါကြောင့် ညီမအနေနဲ့ Live ကို သိပ်ပြီးတော့ဝါသနာမပါဘူး။ ဒါပေမယ့် တကယ်တမ်းလုပ်ပေးဖြစ်ရင်လည်း သေသေချာချာ၊ စေတနာရှိရှိနဲ့ လုပ်ပေးပါတယ်။” လို့ မှတ်ချက်ပေးဖြေကြားပေးသွားခဲ့ပါတယ်။

G အနေနဲ့ အခုလို Live Sale တွေ၊ ကြော်ငြာတွေကနေတစ်ဆင့် အနုပညာလောကနဲ့ ပတ်သတ်ဆက်နွယ်မိလာပြီ ဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းကို ဆက်လက်ကူးပြောင်းသွားဖို့ ရှိ/မရှိနဲ့အတ်သတ်လို့ “ညီမအမြင်ကတော့ ဒီအနုပညာလောကထဲကို ရောက်လာပြီဆိုရင် နည်းနည်းတော့သရုပ်ဆောင်ရမယ်လို့ထင်တယ်။ ညီမ အစတည်းက အဲ့တာကိုကြောက်နေတာ။ ညီမသရုပ်ဆောင်ရမယ့် ဇာတ်ကောင်က ညီမရဲ့နဂိုပုံစံနဲ့ အရမ်းကြီးမကွာဘူးဆိုရင်တော့ သရုပ်ဆောင်ရမှာကို အဲ့လောက်ကြီးမကြောက်ဘူး။ အရမ်းနွဲ့ခိုင်းတာတို့၊ဘာတို့ဆိုရင် နည်းနည်းလန့်တယ်။ မလုပ်ချင်ဘူး။ ဒါပေမယ့် ဒီလောကထဲကိုရောက်လာပြီးမှ အဲ့လိုမလုပ်ပြန်ရင်လည်း ရေရှည်အတွက် အဆင်မပြေလောက်ဘူးထင်တယ်။ အဲ့တာကို နည်းနည်းစဉ်းစားနေတယ်။ တကယ်တမ်းတော့ မလုပ်ချင်ဘူး။ ပြီးတော့ ညီမကိုညီမ သရုပ်ဆောင်မလုပ်တတ်ဘူးလို့ပဲ ထင်နေတယ်။ သရုပ်ဆောင်ကြည့်ပြန်ရင်လည်း ကောင်းချင်မှ ကောင်းမှာကွာ။ နည်းနည်းတော့ စဉ်းစားရဦးမှာပေါ့။” လို့ ဖြေကြားပေးခဲ့ပါတယ်။

ပရိသတ်ကြီးတို့ရေ G ဟာ ဒီနေ့၊ ဒီအချိန်အထိ ရသမျှလုပ်အားခတွေကို အလှူအတန်းဘက်မှာသာ အားဖြည့်ပေးခဲ့ပြီး ကိုယ့်အတွက်ဆိုလို့ Food Panda ကနေ အစားအသောက်မှာဖို့လောက်သာ ချန်ထားလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာတော့ ကိုယ့်အတွက်ကျန်အောင် စုထား၊ ဆောင်းထားဖို့အတွက် စဉ်းစားနေပြီး အတော်လေးစုမိဆောင်းမိပြီဆိုရင်တော့ ရှင်သန်ရေးပရဟိတအသင်းရုံးခွဲလေးကို ဖွင့်လှစ်နိုင်ဖို့စီစဉ်သွားမယ်လို့ပြောကြားရင်း ဒီအင်တာဗျူးလေးကို အဆုံးသတ်ဖြေကြားပေးသွားခဲ့ပါတယ်။ အချိန်ပေးပြီးဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအထူးပဲတင်ရှိပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *