ပိုင္တံခြန္ ကိုယ္တိုင္ ဦးစီးၿပီး တည္ေဆာက္မယ့္ သိမ္ေက်ာင္းေဆာင္ အလွဴမွာ သိန္း(၃၀)စီ ပါဝင္ လွဴဒါန္းခဲ့ၾကတဲ့ ေနျခည္ဦး နဲ႔ ဝတ္မွံုေရႊရည္

ဝတ္မႈံေရႊရည္နဲ့ ေနျခည္ဦးတို့ကို ပရိသတ္ၾကီးအားလံုး ခ်စ္ခင္ျပီးသား ျဖစ္မွာပါ။ ဝတ္မႈံေရႊရည္ကေတာ့ ထိပ္တန္းမင္းသမီး ဝါရင့္သမၻာရင့္ အကယ္ဒမီသရုပ္ေဆာင္တစ္ေယာက္ျဖစ္ျပီး ေနျခည္ဦးကလည္း သူ့ရဲ့ ထူးခြ်န္ေျပာင္ေျမာက္လာတဲ့ အနုပညာအရည္အခ်င္းေၾကာင့္

အခ်ိန္တိုေလးအတြင္းမွာ ေအာင္ျမင္တဲ့ေနရာကို ေရာက္ရိွလာခဲ့သူတစ္ေယာက္ပါ။ေနျခည္ဦးနဲ့ ဝတ္မႈံေရႊရည္တုိ့က “ရန္သူ” ရုပ္ရွင္ဇာတ္ကားၾကီးမွာ အတူတူတြဲဖက္သရုပ္ေဆာင္ခဲ့ၾကသလို ျပင္သစ္နိုင္ငံ၊ ပဲရစ္ျမိဳ့မွာ ျပဳလုပ္တဲ့ Paris Fashin Week နဲ့ ထိုင္းနိုင္ငံ ဘန္ေကာက္ျမိဳ့မွာ

ျပဳလုပ္တဲ့ Kanebo Make Up Base Launch ပြဲတို႔ကိုလည္း အတူတူတက္ေရာက္ဖူးၾကသူမို႔ အျပင္မွာလည္း တစ္ေယာက္နဲ႔တစ္ေယာက္ ခင္မင္ၿပီးသား ျဖစ္ပါတယ္။ ျပည္သူခ်စ္ မင္းသမီးေလးေတြပီပီ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားအာ႐ုံစိုက္ျခင္းခံရတဲ့ ဝတ္မႈံေ႐ႊရည္နဲ႔ ေနျခည္ဦးတို႔က

ဒီတစ္ေခါက္မွာလည္း ပိုင္တံခြန္ရဲ႕ သိမ္ေက်ာင္းေဆာင္အလႉေတာ္မွာ ပါဝင္လႉဒါန္းေပးခဲ့ၾကတာကို ေတြ႕ရပါတယ္။ ဝတ္မႈံေ႐ႊရည္နဲ႔ ေနျခည္ဦးတို႔က ပိုင္တံခြန္ဦးစီးၿပီး အလႉေငြေကာက္ခံတဲ့ သိမ္ေက်ာင္းေဆာက္အလႉေတာ္မွာ တစ္ေယာက္ကိုေငြက်ပ္ သိန္း (၃၀) စီထည့္ဝင္လႉဒါန္းခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ဝတ္မႈံေ႐ႊရည္နဲ႔ ေနျခည္ဦးတို႔ကေတာ့

အရင္ကတည္းက ကုသိုလ္ေတြကို အၿမဲမျပတ္ျပဳလုပ္ၾကသူေတြျဖစ္ၿပီး အႏုပညာညီအစ္ကိုေမာင္ႏွမေတြရဲ႕ အလႉေတြမွာလည္း ပါဝင္အားျဖည့္လႉဒါန္းတတ္စၿမဲျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ဝတ္မႈံေ႐ႊရည္နဲ႔ ေနျခည္ဦးတို႔ရဲ႕ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေန္ာ။ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

ဝတ်မှုံရွှေရည်နဲ့ နေခြည်ဦးတို့ကို ပရိသတ်ကြီးအားလုံး ချစ်ခင်ပြီးသား ဖြစ်မှာပါ။ ဝတ်မှုံရွှေရည်ကတော့ ထိပ်တန်းမင်းသမီး ဝါရင့်သမ္ဘာရင့် အကယ်ဒမီသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး နေခြည်ဦးကလည်း သူ့ရဲ့ ထူးချွန်ပြောင်မြောက်လာတဲ့ အနုပညာအရည်အချင်းကြောင့်

အချိန်တိုလေးအတွင်းမှာ အောင်မြင်တဲ့နေရာကို ရောက်ရှိလာခဲ့သူတစ်ယောက်ပါ။နေခြည်ဦးနဲ့ ဝတ်မှုံရွှေရည်တို့က “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူတွဲဖက်သရုပ်ဆောင်ခဲ့ကြသလို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ပြုလုပ်တဲ့ Paris Fashin Week နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ

ပြုလုပ်တဲ့ Kanebo Make Up Base Launch ပွဲတို့ကိုလည်း အတူတူတက်ရောက်ဖူးကြသူမို့ အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ခင်မင်ပြီးသား ဖြစ်ပါတယ်။ ပြည်သူချစ် မင်းသမီးလေးတွေပီပီ ပရိသတ်တွေရဲ့ စိတ်ဝင်စားအာရုံစိုက်ခြင်းခံရတဲ့ ဝတ်မှုံရွှေရည်နဲ့ နေခြည်ဦးတို့က

ဒီတစ်ခေါက်မှာလည်း ပိုင်တံခွန်ရဲ့ သိမ်ကျောင်းဆောင်အလှူတော်မှာ ပါဝင်လှူဒါန်းပေးခဲ့ကြတာကို တွေ့ရပါတယ်။ ဝတ်မှုံရွှေရည်နဲ့ နေခြည်ဦးတို့က ပိုင်တံခွန်ဦးစီးပြီး အလှူငွေကောက်ခံတဲ့ သိမ်ကျောင်းဆောက်အလှူတော်မှာ တစ်ယောက်ကိုငွေကျပ် သိန်း (၃၀) စီထည့်ဝင်လှူဒါန်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်နဲ့ နေခြည်ဦးတို့ကတော့

အရင်ကတည်းက ကုသိုလ်တွေကို အမြဲမပြတ်ပြုလုပ်ကြသူတွေဖြစ်ပြီး အနုပညာညီအစ်ကိုမောင်နှမတွေရဲ့ အလှူတွေမှာလည်း ပါဝင်အားဖြည့်လှူဒါန်းတတ်စမြဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်နဲ့ နေခြည်ဦးတို့ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနေ်ာ။ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Paing Takhon’s Facebook

Add a Comment

Your email address will not be published. Required fields are marked *