ဘဝမွာ ဘာမွမရွိတဲ့အေျခအေနကေန (၁)က်ပ္က အစ ဝင္ေငြထြက္ေငြ မွတ္ရင္း အခုလို အေျခအေနေရာက္ေအာင္ ႀကိဳးစားခဲ့ရေၾကာင္း ေျပာျပခဲ့တဲ့ ခင္လွိုင္ရဲ႕ ခ်စ္ဇနီးျဖစ္သူ အန္တီငယ္
|ဦးခင္လႈိင္ရဲ႕ဇနီး အန္တီငယ္ကေတာ့ အခုအခ်ိန္အထိေရာက္လာေအာင္ ႐ုန္းကန္ၿပီးႀကိဳးစားခဲ့ရတယ္ဆိုတဲ့အေၾကာင္းေလးကို ေပၚျပဴလာဂ်ာနယ္နဲ႔အင္တာဗ်ဴးမွာ အခုလိုပဲေျဖဆိုထားပါတယ္။ “ကိုယ့္ဘဝကိုယ္႐ုန္းၿပီးရပ္တည္ခဲ့ရတာ အေမတို႔အေဖတို႔က ကိုယ္ေတြကိုမေထာက္ပံ့ႏိုင္ဘူး အိမ္ေထာင္စက်ကတည္းက အန္တီငယ္တို႔ႀကိဳးစားတယ္ အေမတို႔အေဖတို႔ထားခဲ့တဲ့ပစၥည္းေတြကိုဆို အန္တီငယ္အကုန္

ေမာင္ႏွမေတြကိုခြဲေပးတယ္ အန္တီငယ္တို႔လင္မယား အပ္ကေနစၿပီး ဒီဘဝကိုရပ္တည္ထားတာ သားသမီးေတြကိုလည္းသြန္သင္တယ္ ကိုခင္လႈိင္တပည့္ေတြကိုလည္းသြန္သင္တယ္ စုပါေပါ့ေနာ္ ” “အန္တီငယ္ကငယ္ငယ္ကတည္းက အစ္မတို႔ခ်က္တာစားတာ ကိုယ္ကခ်က္တတ္ေပမယ့္ သူတို႔ကခ်က္တာဝါသနာပါေတာ့သူတို႔ပဲခ်က္ေနတာနဲ႔ကိုယ္ကထိုင္စားျဖစ္တာ” “အန္တီငယ္က ေကာက္ညႇင္းနဲ႔လုပ္တဲ့မုန္႔ေလးေတြႀကိဳက္တယ္ ဦးခင္လႈိင္ကအားလုံးလုပ္တတ္ေတာ့အဆင္ေျပတယ္ ဟိုေန႔ကလည္း

မုန္႔ဆီေၾကာ္စားခ်င္တယ္ေျပာမိတာ ဒီေန႔ခ်က္ခ်င္းထေၾကာ္ေပးေတာ့ သူ႔တပည့္ေတြေတာင္ေျပာၿပီးရယ္ေနတာ” “အန္တီငယ္အရင္ကတည္းက ဘုရားမွာပုံးေလးထားၿပီးလႉဖို႔ဖယ္ထားတယ္ ၿပီးေတာ့မွကိုယ္စားတယ္ သားသမီးေတြပညာေရးအတြက္ဖယ္တယ္ေပါ့ အစကတည္းက အန္တီငယ္ကေ႐ႊစုတယ္ ဝတ္လည္းဝတ္တယ္ေပါ့ အိမ္ေတြကားေတြဝယ္မယ္လို႔ဦးခင္လႈိင္ေျပာလို႔ အန္တီငယ္ထုတ္ေပးရင္ သူကအံ့ၾသေနေရာ မိန္းမဘယ္တုန္းကစုထားတာလဲဆိုၿပီး” “အန္တီငယ္က ဝင္ေငြထြက္ေငြအကုန္မွတ္တယ္ ဒီလဘယ္ေလာက္ဝင္လဲ ထြက္လဲဆိုတာလည္းသိရတယ္ ဘယ္ေလာက္စုမိတယ္ဆိုတာလည္းသိရတယ္ ” “သားသမီးေတြကိုလည္း ဆုံးမတယ္

ကိုယ္လုပ္တဲ့အလုပ္အေကာင္းဆုံးလုပ္ေပါ့ေနာ္ သူတို႔ကိုက်ေတာ့အန္တီငယ္က ဘြဲ႕ရပညာတက္ျဖစ္ေစခ်င္တယ္ ပညာကိုစုံေအာင္ယူ ဘြဲ႕ယူ သင္တန္းတက္ေတြတက္ အေမတို႔အေဖတို႔ရွာႏိုင္တုန္းအကုန္ရေအာင္ယူေပါ့” “အန္တီငယ္ေတြယူတုန္းက အေမဆို ငယ္ေသးတယ္ဆိုၿပီး ၃ခါခြဲတာ ၃ခါလုံးျပန္လိုက္ေျပးတယ္ ယူၿပီးတဲ့အခါက်ေတာ့ဦးခင္လႈိင္လည္းႀကိဳးစားတယ္

အန္တီငယ္လည္းစုတယ္ ဒီလိုနဲ႔ ဒီအေျခအေနေရာက္လာတာေပါ့” “ဦးခင္လွိုင္တို႔ ကား႐ိုက္တဲ့ အခ်ိန္မွာ သူ႔တပည့္ေတြက ဆရာ ကြ်န္ေတာ္တို႔ အလုပ္မရေ်ိေတာ့ဘူးဆိုေတာ့ ဆန္နဲ႔ဆီ တစ္ႏိုင္တစ္ပိုင္ ေပးလိုက္မယ္ေပါ့ ရပ္ကြက္ကလူေတြကလည္း အဆင္မေျပတဲ့ အသံေလးေတြ ၾကားေတာ့ လွဴျဖစ္သြားတာေပါ့” “အခုဆိုကိုယ္ေတြကကံေကာင္းလို႔

အလုပ္လုပ္ရသလိုျဖစ္ေနတယ္ ကိုယ္ရွာႏိုင္မွ ကိုယ့္တပည့္သားသမီးေတြနဲ႔ ၇ရက္သားသမီးပရိသတ္ကိုလႉႏိုင္မွာေလ အခုလည္း ဆန္အိတ္ ၄၀ ဆီအခ်ိန္ ၁၀ ၾကက္သြန္ျဖဴေပါ့” “အန္တီငယ္ကိုေဒါေငြသိမ္းလို႔စတာေပါ့ ေယာက္်ားရွာတာလည္းအကုန္သိမ္းတယ္ သားတို႔သမီးတို႔ ကေလးေတြပိုက္ဆံပါသိမ္းတယ္ေပါ့ အန္တီငယ္ေပ်ာက္ၿပီး ေဒၚေငြသိမ္းျဖစ္သြားတယ္” လို႔ သားသမီးေတြက အႏုပညာေၾကးေတြအပ္တဲ့အေၾကာင္းလည္းေျပာျပခဲ့ပါတယ္။
Read in UNICODE
ဦးခင်လှိုင်ရဲ့ဇနီး အန်တီငယ်ကတော့ အခုအချိန်အထိရောက်လာအောင် ရုန်းကန်ပြီးကြိုးစားခဲ့ရတယ်ဆိုတဲ့အကြောင်းလေးကို ပေါ်ပြူလာဂျာနယ်နဲ့အင်တာဗျူးမှာ အခုလိုပဲဖြေဆိုထားပါတယ်။ “ကိုယ့်ဘဝကိုယ်ရုန်းပြီးရပ်တည်ခဲ့ရတာ အမေတို့အဖေတို့က ကိုယ်တွေကိုမထောက်ပံ့နိုင်ဘူး အိမ်ထောင်စကျကတည်းက အန်တီငယ်တို့ကြိုးစားတယ် အမေတို့အဖေတို့ထားခဲ့တဲ့ပစ္စည်းတွေကိုဆို အန်တီငယ်အကုန်

မောင်နှမတွေကိုခွဲပေးတယ် အန်တီငယ်တို့လင်မယား အပ်ကနေစပြီး ဒီဘဝကိုရပ်တည်ထားတာ သားသမီးတွေကိုလည်းသွန်သင်တယ် ကိုခင်လှိုင်တပည့်တွေကိုလည်းသွန်သင်တယ် စုပါပေါ့နော် ” “အန်တီငယ်ကငယ်ငယ်ကတည်းက အစ်မတို့ချက်တာစားတာ ကိုယ်ကချက်တတ်ပေမယ့် သူတို့ကချက်တာဝါသနာပါတော့သူတို့ပဲချက်နေတာနဲ့ကိုယ်ကထိုင်စားဖြစ်တာ” “အန်တီငယ်က ကောက်ညှင်းနဲ့လုပ်တဲ့မုန့်လေးတွေကြိုက်တယ် ဦးခင်လှိုင်ကအားလုံးလုပ်တတ်တော့အဆင်ပြေတယ် ဟိုနေ့ကလည်း

မုန့်ဆီကြော်စားချင်တယ်ပြောမိတာ ဒီနေ့ချက်ချင်းထကြော်ပေးတော့ သူ့တပည့်တွေတောင်ပြောပြီးရယ်နေတာ” “အန်တီငယ်အရင်ကတည်းက ဘုရားမှာပုံးလေးထားပြီးလှူဖို့ဖယ်ထားတယ် ပြီးတော့မှကိုယ်စားတယ် သားသမီးတွေပညာရေးအတွက်ဖယ်တယ်ပေါ့ အစကတည်းက အန်တီငယ်ကရွှေစုတယ် ဝတ်လည်းဝတ်တယ်ပေါ့ အိမ်တွေကားတွေဝယ်မယ်လို့ဦးခင်လှိုင်ပြောလို့ အန်တီငယ်ထုတ်ပေးရင် သူကအံ့သြနေရော မိန်းမဘယ်တုန်းကစုထားတာလဲဆိုပြီး” “အန်တီငယ်က ဝင်ငွေထွက်ငွေအကုန်မှတ်တယ် ဒီလဘယ်လောက်ဝင်လဲ ထွက်လဲဆိုတာလည်းသိရတယ် ဘယ်လောက်စုမိတယ်ဆိုတာလည်းသိရတယ် ” “သားသမီးတွေကိုလည်း ဆုံးမတယ်

ကိုယ်လုပ်တဲ့အလုပ်အကောင်းဆုံးလုပ်ပေါ့နော် သူတို့ကိုကျတော့အန်တီငယ်က ဘွဲ့ရပညာတက်ဖြစ်စေချင်တယ် ပညာကိုစုံအောင်ယူ ဘွဲ့ယူ သင်တန်းတက်တွေတက် အမေတို့အဖေတို့ရှာနိုင်တုန်းအကုန်ရအောင်ယူပေါ့” “အန်တီငယ်တွေယူတုန်းက အမေဆို ငယ်သေးတယ်ဆိုပြီး ၃ခါခွဲတာ ၃ခါလုံးပြန်လိုက်ပြေးတယ် ယူပြီးတဲ့အခါကျတော့ဦးခင်လှိုင်လည်းကြိုးစားတယ်

အန်တီငယ်လည်းစုတယ် ဒီလိုနဲ့ ဒီအခြေအနေရောက်လာတာပေါ့” “ဦးခင်လှိုင်တို့ ကားရိုက်တဲ့ အချိန်မှာ သူ့တပည့်တွေက ဆရာ ကျွန်တော်တို့ အလုပ်မရျေိတော့ဘူးဆိုတော့ ဆန်နဲ့ဆီ တစ်နိုင်တစ်ပိုင် ပေးလိုက်မယ်ပေါ့ ရပ်ကွက်ကလူတွေကလည်း အဆင်မပြေတဲ့ အသံလေးတွေ ကြားတော့ လှူဖြစ်သွားတာပေါ့” “အခုဆိုကိုယ်တွေကကံကောင်းလို့

အလုပ်လုပ်ရသလိုဖြစ်နေတယ် ကိုယ်ရှာနိုင်မှ ကိုယ့်တပည့်သားသမီးတွေနဲ့ ၇ရက်သားသမီးပရိသတ်ကိုလှူနိုင်မှာလေ အခုလည်း ဆန်အိတ် ၄၀ ဆီအချိန် ၁၀ ကြက်သွန်ဖြူပေါ့” “အန်တီငယ်ကိုဒေါငွေသိမ်းလို့စတာပေါ့ ယောက်ျားရှာတာလည်းအကုန်သိမ်းတယ် သားတို့သမီးတို့ ကလေးတွေပိုက်ဆံပါသိမ်းတယ်ပေါ့ အန်တီငယ်ပျောက်ပြီး ဒေါ်ငွေသိမ်းဖြစ်သွားတယ်” လို့ သားသမီးတွေက အနုပညာကြေးတွေအပ်တဲ့အကြောင်းလည်းပြောပြခဲ့ပါတယ်။
Source : SY Myanmar