အဆိုတော်လုပ်ခဲ့တဲ့ ဂီတသက်တမ်း(၁၆)နှစ်လုံး မမှန်မကန်နည်းတွေနဲ့ အောင်မြင်အောင် မလုပ်ခဲ့ဘူးလို့ ထုတ်ပြောခဲ့တဲ့ အိမ့်ချစ်






Read in UNICODE

အိမ့်ချစ်ကတော့ သူမကြိုးစားမှုကြောင့် အောင်မြင်မှုတွေ ရခဲ့တာနဲ့ ပတ်သတ်ပြီး ပြောပြလာတာ ပဲဖြစ်ပါတယ်။ “ရေစီးကြောင်းသံယောဇဉ်” ဆိုတဲ့ သီချင်လေးကို ဖခင်ဖြစ်သူ ဝါရင့်တေးသံရှင်တစ်ဦး ဖြစ်တဲ့ ချစ်ကောင်းနဲ့ အတူတွဲဆိုရာ မှပရိသတ်တွေ အားပေးမှုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ ဖခင်ရဲ့ လမ်းညွှန်မှုတွေ နဲ့ အတူ သူမရဲ့ကြိုးစားမှုတွေကြောင့် ဆယ်စုနှစ်မကအောင်မြင်ခဲ့ကာ

ယနေ့ချိန်ထိတိုင်အောင် အောင်မြင်ကျော်ကြားလူကြိုက်များနေရတဲ့ တေးသံရှင်လေး တစ်ဦးပဲဖြစ်ပါတယ်။ ယခုချိန်မှာတော့ အိမ့်ချစ်ဟာ နိုင်ငံကိုယ်စားပြုအနေနဲ့ ပြည်ပပွဲတွေမှာတောင် သွားရောက်ဖျော်ဖြေခွင့်ရရှိနေပြီး ပြည်ပသို့ ထိုးဖောက်အောင်မြင်နေတာ ပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အိမ့်ချစ်ဟာ ဘယ်လောက်ပဲ ကြိုးစားကြိုးစား

အသိအမှတ်ပြု မခံရတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး ပြောပြလာတာ ပဲဖြစ်ပါတယ်။ “တစ်ခါတစ်လေလဲ လူ့ဘဝမှာဘယ်လောက်ပဲကြိုစား အသိမှတ်ပြုမခံရတာတွေကြုံဖူးကြမှာပါဟုတ်တယ်မလား…???ဒါပေမယ့်အဓိကကတော့ ကိုယ့်ကြိုးစားမှုတိုင်းဟာကိုယ့်ဟာကိုသိနေဖို့နဲ့လိပ်ပြာလုံနေဖို့ သန့်ရှင်းနေဖို့ပဲလိုပါတယ် ဒါဟာအရေးအကြီးဆုံးပါ…” ဆိုပြီး ကိုယ့်ကြိုးစားမှုကို

ကိုယ့်လိပ်ပြာ လုံနေဖို့လိုတာ နဲ့ ပတ်သတ်ပြီး ပြောထားတာပဲဖြစ်ပါတယ်။ ဆက်လက်ပြီး “အဲ့ဒီစိတ်ပဲထည့်ထားပြီးဂီတနဲ့ပတ်သတ်ရင်အရိုးရှင်းဆုံးနဲ့အမှန်ကန်ဆုံးပဲပေးခဲ့တာမို့ ပြန်ရခဲ့တာတွေကတော့ပရိတ်သတ်ရဲ့မေတ္တာတွေပါပဲ ဂီတနဲ့ပတ်သတ်ပြီး မမှန်ကန်တဲ့နည်းတွေသုံးပြီး အပေါ်ရောက်အောင်မတက်ခဲ့ဖူး လှေကားတစ်ထစ်ချင်းစီပဲဖြေးဖြေးနဲ့မှန်မှန်တက်လာခဲ့တာ

ခုဆို ဂီတသက်တန်း၁၆နှစ်ကျော်ခဲ့ပြီလျှောက်ခဲ့တဲ့သက်တန်းမှာဂီတထူးချွန်ဆုတွေအများကြီးမရခဲ့ဖူးပါဘူး..ဒါပေမယ့်ပရိတ်သတ်ရဲ့မေတ္တာတွေတော့ရခဲ့တယ်….ပရိတ်သတ်မေတ္တာနဲ့ပဲဆက်လက်ရှင်သန်သွားမယ်အဲ့ဒီမေတ္တာတွေနဲ့ပဲအမြဲရှင်သန်နေခွင့်ပေးပါနော်ချစ်ရတဲ့ပရိတ်သတ်ကြီးရှင့်…..” ဆိုကာ မမှန်ကန်တဲ့ နည်းတွေနဲ့ တက်ခဲ့တာ မဟုတ်လို့ ပရိသတ်တွေ မေတ္တာကို အပြည့်အ၀ ရရှိထားတာနဲ့ ပတ်သတ်ပြီး ပြောပြလာတာ ကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်နော်….။

Source : Eint Chit’s Facebook

Add a Comment

Your email address will not be published. Required fields are marked *