ခမ်းနားကြီးကျယ်လှတဲ့ နှစ်ထပ်တိုက် အသစ်ကြီးနဲ့ ခြံကြီးကို ငွေလက်ငင်းချေပြီး ဝယ်ယူခဲ့ကြောင်း ထုတ်ပြခဲ့တဲ့ မိတ်ကပ် လင်းလင်း
Read in UNICODE
ဆယ်စုနှစ်ကျော်ကြာအောင် လင်းလင်းကတော့ သူမရဲ့အလုပ်အပေါ်မှာ စေတနာအပြည့်နဲ့ လုပ်ကိုင်ခဲ့သူလေး ဖြစ်ပါတယ် ။ လင်းလင်းက ကျွမ်းကျင်ပြီး ဝါရင့်တဲ့ အလှဖန်တီးရှင်တစ်ယောက်ပီပီ သင်တန်းတွေလည်း
ဖွင့်လှစ်သင်ကြားပေးနေတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် လင်းလင်းက သရုပ်ဆောင်အလုပ်ကို ဝါသနာပါတာကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးပြီး ပရိသတ်တွေရဲ့အားပေးမှုကို ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင်
လင်းလင်းက ကြော်ငြာတွေလည်း တစ်ခုပြီးတစ်ခု ရိုက်ကူးနေရသလို တဖြည်းဖြည်းနဲ့ အရမ်းကို အောင်မြင်နေတာလည်း ဖြစ်ပါတယ် ။ အလှဖန်တီးရှင်အလုပ်အပြင် စီးပွားရေးမှာလည်း အာရုံစိုက်လုပ်ကိုင်နေတဲ့
လင်းလင်းက Live Sale တွေလည်း မနားတမ်းရောင်းချပြီး အလုပ်တွေကိုကြိုးစားနေတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း လင်းလင်းက ဒီနေ့မှာပဲ အသစ်စက်စက်အိမ်တစ်လုံးကို ချက်ချင်းလက်ငင်းငွေချေကာ ဝယ်ယူလိုက်နိုင်ပြီပဲ ဖြစ်ပါတယ် ။ လင်းလင်းက
ကျယ်ဝန်းတဲ့ခြံကြီးနဲ့ ကြီးကျယ်ခမ်းနားတဲ့ နှစ်ထပ်တိုက်အိမ်အသစ်လေးကို ပိုင်ဆိုင်လိုက်ရတာပဲ ဖြစ်ပါတယ် ။ လင်းလင်းရဲ့အိမ်လေးကတော့ အချက်အချာကျတဲ့ နေရာကောင်းလေးမှာ တည်ရှိပြီး တကယ့်ကို အဆင့်အတန်းမြင့်မြင့်နဲ့
နေချင်စရာကောင်းနေတာ ဖြစ်ပါတယ် ။ လင်းလင်းက သူမရဲ့အိမ်လေးကို ပရိသတ်တွေလည်းမြင်ဖူးအောင်လို့ ဗီဒီယိုလေးရိုက်ကာ လိုက်ပြခဲ့တာလည်း ဖြစ်ပါတယ် ။ ကဲ အမိုက်စားအိမ်လေးတစ်လုံး ပိုင်ဆိုင်ရရှိသွားပြီဖြစ်တဲ့ လင်းလင်းရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Lin Linn’s Facebook
Add a Comment
Your email address will not be published. Required fields are marked *