ယေန႔ကြယ္လြန္သြားၿပီျဖစ္တဲ့ တစ္ခ်ိန္က ဒိတ္ဒိတ္က်ဲ နာမည္ႀကီး အသည္းကြဲတဲ့ေရာဂါ သီခ်င္းပိုင္ရွင္ အဆိုေတာ္ လာဇ႐ုအတြက္ စိတ္မေကာင္းျဖစ္ၿပီး ဆုမြန္ေကာင္းေတာင္းေပးခဲ့တဲ့ ကိုေပါက္

ႏိုင္ငံေက်ာ္ ေတးေရးေတးဆို တစ္ေယာက္ျဖစ္တဲ့ လာဇ႐ု ဟာ ယေန႔ဇန္နဝါရီလ ၁၉ ရက္ေန႔မွာ အႏုပညာေလာကနဲ႔ ခ်စ္တဲ့သူေတြကို ခြဲခြာသြားခဲ့ၿပီလို႔သိရပါတယ္။ လာဇ႐ုကြယ္လြန္သြားတာနဲ႔ပတ္သက္ၿပီး အႏုပညာေလာကက ညီအစ္ကိုေမာင္ႏွမေတြကလည္း စိတ္မေကာင္းျဖစ္ရတာကိုလည္း ျမင္ေတြ႕ရပါတယ္။ ကိုေပါက္ကလည္း သူ႔ရဲ႕

လူမႈကြန္ယက္မွာ ဝမ္းနည္းေၾကကြဲစြာနဲ႔ စိတ္မေကာင္းစာေလးေရးသားေဖာ္ျပထားပါတယ္။”ေၾကကြဲစရာ မ်ားနဲ႔ထြက္သြားေလသူ….ဘဲႀကီးေရ…ခင္ဗ်ားနဲ႔ကြၽန္ေတာ္ စ ဆုံခဲ့တဲ့အခ်ိန္ေတြ မွတ္မိေနေသးတယ္……လာဇ႐ုဆိုတာကို ေဇာ္ဝင္းထြဋ္အသံနဲ႔တူလို႔ စတင္သတိထားမိၿပီးေနာက္ ခင္ခဲ့မင္ခဲ့ၾကတယ္

ဒါ႐ိုက္တာမိုးေအာင္ (ကိုမိုးေအာင္)နဲ႔အတူတူကိုလာဇ႐ုက ကြၽန္ေတာ္တို႔ရဲ႕သိဒၶိရွင္ ႐ိုက္ကူးေရးကို ေရာက္ေရာက္လာတတ္တယ္……ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေဟးလားဝါးလား အတူတူေနခဲ့ၾကၿပီးဂ်ီးလတ္မုတ္ဆိပ္ရိတ္ဓား ေၾကာ္ျငာအတြက္ကြၽန္ေတာ္ေရးတဲ့သီခ်င္းကို ခငိဗ်ားဆိုေပးခဲ့တယ္……လြန္ခဲ့တဲ့ အႏွစ္ (၂၀ ) ေလာက္ကေပါ့ေဘာက္ေထာ္က Max studio မွာ အသံသြင္းေတာ့ဂ်မား ကအသံဖမ္းတယ္……ကြၽန္ေတာ္နဲ႔ကိုေဇာ္မင္းသိမ္းတို႔ေထာင္ထားတဲ့ The Parrs band နဲ႔တီးၾကေတာ့ ဂစ္တာ ေဇာ္မင္းသိန္းေဘ့စ္ ကိုထြန္း ဒရမ္ ဗီႏိုထြန္းKB (မမွတ္မိေတာ့ပါ)Band မန္ေနဂ်ာက

ကြၽန္ေတာ္ကိုေပါက္ဆရာစံလမ္း သမဝါယမ စင္တာမွာ ကုန္စည္ျပပြဲလုပ္ေတာ့ အေပၚဆုံးထပ္မွာ ကြၽန္ေတာ္တို႔တီးဝိုင္းနဲ႔အတူခင္ဗ်ားလာဆိုေသးတယ္…….အဲ့ဒီေနာက္ ကြၽန္ေတာ္ကတာေမြ ေတာင္ျမင္းၿပိဳင္ကြင္းလမ္းအိမ္ကိုေျပာင္းေတာ့ ခင္ဗ်ားနဲ႔အိမ္နီးခ်င္းေတြျဖစ္ရျပန္တယ္ လြန္ခဲ့တဲ့ ၄ႏွစ္ေလာက္က ေပ်ာ္ဘြယ္ၿမိဳ႕ တန္ေဆာင္တိုင္ပြဲအတြက္ ကိုေဇာ္မင္းသိန္းတို႔အဖြဲ႕နဲ႔ ခင္ဗ်ားလိုက္မလားဆိုေတာ့ “လိုက္မွာေပါ့ ကိုေပါက္ႀကီးကလည္း ေငြေရးေၾကးေရးစကားမေျပာဘူး ရႈိး

မဆိုရတာၾကာလို႔ ဖ်ဲမယ္ဗ်ာ”တဲ့ေပ်ာ္ဘြယ္ကျပန္လာေတာ့ ကြၽန္ေတာ့ကိုဖုန္းဆက္ၿပီးေက်းဇူးတင္ေၾကာင္းေျပာလာတယ္….အဲ့ေန႔ကထဲက မေတြ႕ျဖစ္ မဆုံျဖစ္ မၾကားရေတာ့တဲ့ခင္ဗ်ားရဲ႕သတင္းက ျပန္ၾကားရလိုက္ခ်ိန္ ရင္ထဲမေကာင္းဘူးဗ်ာ…..ဘဲႀကီးခင္ဗ်ား အရက္ေတြအရမ္းေသာက္သြားတယ္ေနာ္…..နည္းနည္းေလ်ာ့ဦးလို႔ေျပာေတာ့“ေလွ်ာ့ ေသာက္ေနပါၿပီ ေရေရာတာ”တဲ့….ခင္ဗ်ားခ်စ္တဲ့သူငယ္ခ်င္းေတြ ျဖစ္တဲ့ ကိုမိုးေအာင္(မိုးေအာင္ရဲ႕လက္ရာ)ကိုစိန္လင္း(ပုံရိပ္ေ႐ႊေျမ)ကိုသန္းထိုက္(ေၾကာ္ျငာဒါ႐ိုက္တာ)တို႔ကေတာ့ထြက္သြားႏွင့္ၾကၿပီ…..အခုခင္ဗ်ားက

သူတို႔ေနာက္လိုက္သြားရျပန္ၿပီဘာပဲျဖစ္ျဖစ္ဗ်ာေကာင္းရာဘုံဘဝမွာ ခင္ဗ်ားခ်စ္တဲ့ သီခ်င္းေတြနဲ႔နီးစပ္ခံစားခြင့္ရေနဦးမွာပါ….က်ဴပ္တို႔ကေတာ့ ခင္ဗ်ားရဲ႕ ေၾကကြဲစရာေတြနဲ႔အသည္းကြဲတဲ့ေရာဂါကိုကုဖို႔ႀကိဳးစားၿပီး ခင္ဗ်ားကို သတိရေနၾကမွာပါ ကိုေပါက္ႀကီးလို႔အၿမဲေခၚတဲ့ခင္ဗ်ားရဲ႕တစ္ခါက သူငယ္ခ်င္းကိုေပါက္” ဆိုၿပီး စိတ္မေကာင္းစရာ ေရးသားထားပါတယ္။ ကဲ…ပရိသတ္ႀကီးေရ ” အသည္းကြဲတဲ့ေရာဂါ” ၊ ” ေၾကကြဲစရာ” စတဲ့ သီခ်င္းပိုင္ရွင္ျဖစ္တဲ့ ေတးေရးေတးဆို လာဇ႐ုကို ေကာင္းရာမြန္ရာေရာက္ေအာင္ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါဦးေနာ္…..။

Read in UNICODE

နိုင်ငံကျော် တေးရေးတေးဆို တစ်ယောက်ဖြစ်တဲ့ လာဇရု ဟာ ယနေ့ဇန်နဝါရီလ ၁၉ ရက်နေ့မှာ အနုပညာလောကနဲ့ ချစ်တဲ့သူတွေကို ခွဲခွာသွားခဲ့ပြီလို့သိရပါတယ်။ လာဇရုကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး အနုပညာလောကက ညီအစ်ကိုမောင်နှမတွေကလည်း စိတ်မကောင်းဖြစ်ရတာကိုလည်း မြင်တွေ့ရပါတယ်။ ကိုပေါက်ကလည်း သူ့ရဲ့

လူမှုကွန်ယက်မှာ ဝမ်းနည်းကြေကွဲစွာနဲ့ စိတ်မကောင်းစာလေးရေးသားဖော်ပြထားပါတယ်။”ကြေကွဲစရာ များနဲ့ထွက်သွားလေသူ….ဘဲကြီးရေ…ခင်ဗျားနဲ့ကျွန်တော် စ ဆုံခဲ့တဲ့အချိန်တွေ မှတ်မိနေသေးတယ်……လာဇရုဆိုတာကို ဇော်ဝင်းထွဋ်အသံနဲ့တူလို့ စတင်သတိထားမိပြီးနောက် ခင်ခဲ့မင်ခဲ့ကြတယ်

ဒါရိုက်တာမိုးအောင် (ကိုမိုးအောင်)နဲ့အတူတူကိုလာဇရုက ကျွန်တော်တို့ရဲ့သိဒ္ဓိရှင် ရိုက်ကူးရေးကို ရောက်ရောက်လာတတ်တယ်……ပျော်ပျော်ရွှင်ရွှင် ဟေးလားဝါးလား အတူတူနေခဲ့ကြပြီးဂျီးလတ်မုတ်ဆိပ်ရိတ်ဓား ကြော်ငြာအတွက်ကျွန်တော်ရေးတဲ့သီချင်းကို ခငိဗျားဆိုပေးခဲ့တယ်……လွန်ခဲ့တဲ့ အနှစ် (၂၀ ) လောက်ကပေါ့ဘောက်ထော်က Max studio မှာ အသံသွင်းတော့ဂျမား ကအသံဖမ်းတယ်……ကျွန်တော်နဲ့ကိုဇော်မင်းသိမ်းတို့ထောင်ထားတဲ့ The Parrs band နဲ့တီးကြတော့ ဂစ်တာ ဇော်မင်းသိန်းဘေ့စ် ကိုထွန်း ဒရမ် ဗီနိုထွန်းKB (မမှတ်မိတော့ပါ)Band မန်နေဂျာက

ကျွန်တော်ကိုပေါက်ဆရာစံလမ်း သမဝါယမ စင်တာမှာ ကုန်စည်ပြပွဲလုပ်တော့ အပေါ်ဆုံးထပ်မှာ ကျွန်တော်တို့တီးဝိုင်းနဲ့အတူခင်ဗျားလာဆိုသေးတယ်…….အဲ့ဒီနောက် ကျွန်တော်ကတာမွေ တောင်မြင်းပြိုင်ကွင်းလမ်းအိမ်ကိုပြောင်းတော့ ခင်ဗျားနဲ့အိမ်နီးချင်းတွေဖြစ်ရပြန်တယ် လွန်ခဲ့တဲ့ ၄နှစ်လောက်က ပျော်ဘွယ်မြို့ တန်ဆောင်တိုင်ပွဲအတွက် ကိုဇော်မင်းသိန်းတို့အဖွဲ့နဲ့ ခင်ဗျားလိုက်မလားဆိုတော့ “လိုက်မှာပေါ့ ကိုပေါက်ကြီးကလည်း ငွေရေးကြေးရေးစကားမပြောဘူး ရှိုး

မဆိုရတာကြာလို့ ဖျဲမယ်ဗျာ”တဲ့ပျော်ဘွယ်ကပြန်လာတော့ ကျွန်တော့ကိုဖုန်းဆက်ပြီးကျေးဇူးတင်ကြောင်းပြောလာတယ်….အဲ့နေ့ကထဲက မတွေ့ဖြစ် မဆုံဖြစ် မကြားရတော့တဲ့ခင်ဗျားရဲ့သတင်းက ပြန်ကြားရလိုက်ချိန် ရင်ထဲမကောင်းဘူးဗျာ…..ဘဲကြီးခင်ဗျား အရက်တွေအရမ်းသောက်သွားတယ်နော်…..နည်းနည်းလျော့ဦးလို့ပြောတော့“လျှော့ သောက်နေပါပြီ ရေရောတာ”တဲ့….ခင်ဗျားချစ်တဲ့သူငယ်ချင်းတွေ ဖြစ်တဲ့ ကိုမိုးအောင်(မိုးအောင်ရဲ့လက်ရာ)ကိုစိန်လင်း(ပုံရိပ်ရွှေမြေ)ကိုသန်းထိုက်(ကြော်ငြာဒါရိုက်တာ)တို့ကတော့ထွက်သွားနှင့်ကြပြီ…..အခုခင်ဗျားက

သူတို့နောက်လိုက်သွားရပြန်ပြီဘာပဲဖြစ်ဖြစ်ဗျာကောင်းရာဘုံဘဝမှာ ခင်ဗျားချစ်တဲ့ သီချင်းတွေနဲ့နီးစပ်ခံစားခွင့်ရနေဦးမှာပါ….ကျူပ်တို့ကတော့ ခင်ဗျားရဲ့ ကြေကွဲစရာတွေနဲ့အသည်းကွဲတဲ့ရောဂါကိုကုဖို့ကြိုးစားပြီး ခင်ဗျားကို သတိရနေကြမှာပါ ကိုပေါက်ကြီးလို့အမြဲခေါ်တဲ့ခင်ဗျားရဲ့တစ်ခါက သူငယ်ချင်းကိုပေါက်” ဆိုပြီး စိတ်မကောင်းစရာ ရေးသားထားပါတယ်။ ကဲ…ပရိသတ်ကြီးရေ ” အသည်းကွဲတဲ့ရောဂါ” ၊ ” ကြေကွဲစရာ” စတဲ့ သီချင်းပိုင်ရှင်ဖြစ်တဲ့ တေးရေးတေးဆို လာဇရုကို ကောင်းရာမွန်ရာရောက်အောင် ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်…..။

Source : Aung Min Naing’s Facebook

Add a Comment

Your email address will not be published. Required fields are marked *