အချစ်ဆုံး သူငယ်ချင်း ယွန်းယွန်းကို (၂)ရက်လောက် ပစ်ထားပြီး မွေးနေ့ရောက်မှ သူမသိအောင် စပရိုက်လုပ်ပေးနိုင်ခဲ့လို့ အရမ်းပျော်နေတဲ့ သဇင်ထူးမြင့်
Read in UNICODE
ယွန်းယွန်းနဲ့ သဇင်ထူးမြင့်ကတော့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပြီး ဘယ်သွားသွားအမြဲတူတူသွားလေ့ရှိပြီး ညီအစ်မရင်းတွေထက်တောင် ချစ်ကြသူတွေပါ။ ဒီနေ့ကတော့ သရုပ်ဆောင် မင်းသမီးချောလေး ယွန်းယွန်းရဲ့မွေးနေ့လေးပဲ ဖြစ်ပြီး မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း
သဇင်ထူးမြင့်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် သူငယ်ချင်းအတွက် မွေးနေ့ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်။ သူငယ်ချင်းရဲ့မွေးနေ့လေးကို သရုပ်ဆောင် စည်သူဝင်း ၊ အောင်မင်းခန့်တို့နဲ့အတူ ခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာမှာ အလှူငွေသွားရောက်လှူဒါန်းခဲ့
တာလည်း ဖြစ်ပါတယ်။ သဇင်ထူးမြင့်ရဲ့ မွေးနေ့ဆုတောင်းလေးကတော့ ” Happy Birthday Yoon ယော်ကွန်းမွေးနေ့မနက်မှာ အောင်အောင်မြင်မြင်နဲ့surprise လုပ်နိုင်ခဲ့ပြီ😅…အရမ်းချစ်တယ်ဆိုတာတော့
သိတယ်ဟုတ်…အသက်က ၁၉ရက်ပဲကွာတဲ့အပြင်မွေးနေ့ရာသီခွင်တူ အရပ်တူ ပေါင်ချိန်တူ ဖိနပ်ဆိုဒ်တူ အကြိုက်တူ အကုန်တူတဲ့အမြွှာညီမလေး😘 ဒီထက်အောင်မြင်ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ပါစေနောက်နှစ်တွေအများကြီးထိ တူတူရှိကြမယ်နော်…… နင့်ကိုမပစ်ထားပါဘူးဟာပျော်စေချင်လွန်းလို့ ၁၇ ရက်နေ့တည်းက
ကြိုစီစဉ်နေကြတာ…programထွက်လာမှကြည့်နော် နိုးတာနဲ့ဖုန်းဆက်စကားတွေပြောတတ်တော့ နင်မသိအောင်လစ်ထွက်ရတာ လွယ်မနေဘူးဟယ်… တစ်နေကုန်လုံးပျောက်နေတာနဲ့စာတွေပို့ အိပ်နေတာလား နင်နေကောင်းရဲ့လားနဲ့ ပူနေတာမြင်လေ ငါကမနေနိုင်တွေဖြစ်လေ
မနည်းကိုဟန်ဆောင်နေရတယ် ဝွန်းးး…… ဖုန်း၂ရက်လုံးသေချာမပြောဘူး ငါလိမ်တိုင်းနင်မိလို့ကြောက်လို့လိုင်းပေါ်တောင်မတက်ဘူး😂ညကလည်းseenမပြဘူး BD wishလည်းမလုပ်ပဲကိုlog out ထားတာ ငါကွ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source: Thazin Htoo Myint’s Facebook
Add a Comment
Your email address will not be published. Required fields are marked *