ေယာက်ာ္းယူဖို႔ အစီအစဥ္မရွိေသးတဲ့အတြက္ ခိုင္ႏွင္းေဝလိုမ်ိဳး ကေလးေတြ ေမြးစားခ်င္တယ္ဆိုတဲ့ အဆိုေတာ္ G

ပရိသတ္ႀကီးတို႔ေရ ေ႐ႊနန္းေတာ္မိသားစုရဲ႕ မ်ိဳးဆက္သစ္ဆက္ခံသူ G ကေတာ့ The Voice Myanmar Season-3 ရဲ႕ၿပိဳင္ပြဲဝင္ေဟာင္းတစ္ေယာက္ပဲ ျဖစ္ပါတယ္ေနာ္။ သူမဟာ ၿပိဳင္ပြဲမွ ထြက္ခြာလာရတည္းက ပရဟိတအလုပ္ေတြကို ဆက္တိုက္လုပ္ကိုင္ေနၿပီး အဆိုၿပိဳင္ပြဲကေနတစ္ဆင့္ ခင္မင္ရင္းႏွီးခဲ့ရတဲ့ ေတးေရး၊ ေတးဆို ရန္မ်ိဳးနဲ႔တြဲဖက္ကာ သီခ်င္းေတြကို ဆက္လက္သီဆိုလ်က္ရွိပါတယ္။

ေလာေလာဆယ္၊ လတ္တေလာမွာေတာ့ G အေနနဲ႔ အျခားေသာအႏုပညာရွင္မ်ားနည္းတူ မိမိရဲ႕မိဘလက္ငုတ္ ေ႐ႊနန္းေတာ္ရတနာဆိုင္မွ ရတနာပစၥည္းမ်ားကို လည္းေကာင္း၊ အျခားေသာလုပ္ငန္းရွင္မ်ားရဲ႕ ကုန္ပစၥည္းမ်ားကိုလည္းေကာင္း Live Sale ေရာင္းခ်ေပးလ်က္ရွိပါတယ္။ အခုလို အႏုပညာအလုပ္ေတြနဲ႔ မအားလပ္သည့္ၾကားထဲမွ G အေနနဲ႔ ပရဟိတလုပ္ငန္းေတြဘက္ကိုလည္း မပ်က္ကြက္ေစပဲ အားသြန္ခြန္စိုက္ ကူညီလုပ္ကိုင္ေပးလ်က္ရွိပါတယ္။ 

ဒီအင္တာဗ်ဴးေလးမွာေတာ့ ပရဟိတမင္းသမီးေလး G ကို ပရဟိတဘုရင္မႀကီးလို႔ တင္စားေခၚေဝၚရေလာက္တဲ့ သ႐ုပ္ေဆာင္ခိုင္ႏွင္းေဝနဲ႔အတူ တြဲလ်က္ေတြ႕ရွိေနရတာျဖစ္ၿပီး G အေနနဲ႔ ခိုင္ႏွင္းေဝရဲ႕ ပရဟိတလုပ္ငန္းေတြကို ေလးစားအားက်ရကာ ခိုင္ႏွင္းေဝလိုမ်ိဳး ကေလးေတြကို ေမြးစားခ်င္စိတ္ ျဖစ္ေပၚလာခဲ့မိတယ္ဆိုတဲ့အေၾကာင္း ရင္ဖြင့္ေျဖၾကားေပးခဲ့တာပဲ ျဖစ္ပါတယ္။ 

​လက္ရွိအခ်ိန္မွာေတာ့ G အေနနဲ႔ သူမတို႔ ပရဟိတအသင္းကို ႐ုံးခြဲဖြင့္လွစ္ႏိုင္ဖို႔ စီစဥ္ေနၿပီး အကယ္၍ ဖြင့္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ ကိုဗစ္ကာလၿပီးေျမာက္ခ်ိန္နဲ႔ တိုက္ဆိုင္ေနမွာျဖစ္တဲ့အတြက္ အနယ္နယ္အရပ္ရပ္မွာရွိတဲ့ လိုအပ္ေနသူေတြ၊ မိဘမဲ့ကေလးေက်ာင္းေတြကို စပြန္စာအလႉရွင္ေတြရဲ႕အကူအညီနဲ႔ သြားေရာက္လႉဒါန္းခ်င္စိတ္ ျဖစ္ေပၚမိတယ္လို႔ G က ဆိုပါတယ္။ 

အခုလို G ရဲ႕ စိတ္ကူးေစတနာနဲ႔ ပတ္သတ္လို႔ ခိုင္ႏွင္းေဝက သူမရဲ႕ အေတြ႕အႀကဳံ၊ ျဖစ္ရပ္ေတြနဲ႔ ႏႈိင္းယွဥ္ကာ “အရင္တုန္းက အစ္မတို႔ လုပ္သလိုေပါ့ေနာ္။ အစ္မတို႔အေနနဲ႔ ဒီကေလးေတြကို မေမြးေပးႏိုင္ခင္တုန္းကဆိုရင္ ကိုယ္တိုင္ကလည္း ဆယ္လီတစ္ေယာက္ျဖစ္တာေၾကာင့္ တစ္ေနရာကို ကူညီဖို႔သြားၿပီဆိုရင္ ကိုယ့္ေနာက္မွာ မီဒီယာလည္း ပါလာသလို၊ အျခားအလႉရွင္ေတြလည္း ပါလာတာေပါ့။ ဒီေတာ့ ကိုယ္က တစ္ဆယ္ဖိုးလႉရင္ သူတို႔က တစ္ရာဖိုးရရင္ရမယ္။ အဲ့လိုမ်ိဳးေပါ့ေနာ္။ ၿပီးရင္ တျခားလိုအပ္ေနတဲ့ မိဘမဲ့ေက်ာင္းေတြကိုလည္း လိုက္လႉေပးမယ္။ ညီမေလး G ဆိုလိုတာက အဲ့လိုသေဘာမ်ိဳးပါ။” လို႔ ကူညီေျဖၾကားေပးခဲ့ပါတယ္။

အခုလို ခိုင္ႏွင္းေဝရဲ႕ ရင္ေသြးေလးမ်ားေဂဟာကို လာေရာက္ၾကည့္ရႈရတဲ့အခါမွာ G အေနနဲ႔လည္း ေယာက်္ားယူဖို႔ အစီအစဥ္မရွိသူတစ္ေယာက္ျဖစ္တဲ့အတြက္ ကေလးေမြးစားခ်င္စိတ္ေတာင္ ေပၚေပါက္လာမိတယ္လို႔ ဆိုပါတယ္။ G က လတ္တေလာမွာေတာ့ ႐ုံးခြဲဖြင့္ဖို႔ကိစၥအတြက္ အလုပ္ရႈပ္ေနတာေၾကာင့္ မိဘမဲ့ကေလးမ်ားေဂဟာဖြင့္လွစ္ဖို႔အတြက္ အာ႐ုံမထားႏိုင္ေသးပဲ အေျခအေနအရ အခြင့္အေရးေပးလာတဲ့ တစ္ခ်ိန္က်ရင္ေတာ့ ခိုင္ႏွင္းေဝကဲ့သို႔ ကေလးေတြေမြးေပးၿပီး ကူညီလုပ္ကိုင္ေပးဖို႔ကို စိတ္ဝင္စားတယ္လို႔ G က ဆိုပါတယ္။ 

အခုလို G ရဲ႕ မြန္ျမတ္လွတဲ့ ပရဟိတစိတ္ထားေလးနဲ႔ပတ္သတ္လို႔ ခိုင္ႏွင္းေဝက”ညီမေလးက အခုလိုစိတ္မ်ိဳးရွိတာ တကယ္ေကာင္းပါတယ္။ ပရဟိတစိတ္ရွိတယ္ဆိုတာက ကိုယ္ကြၽမ္းက်င္တဲ့အလုပ္မွ မဟုတ္ဘူး၊ ကိုယ္မကြၽမ္းက်င္လည္း လုပ္ႏိုင္ရမယ္ဆိုတဲ့ စိတ္မ်ိဳးရွိရမယ္ေလ။ အစ္မတို႔ဆိုလည္း ဒီတိုင္းပဲ။ သူမ်ားကို ကူညီခ်င္တာေလ။ လုပ္ခ်င္တာေတြမွ အမ်ားႀကီးပဲ။ အစ္မဆိုလည္း ဒီရင္ေသြးေလးမ်ားေဂဟာကို စတင္တည္ေထာင္စဥ္က ကေလးအေယာက္ ၂၀ ေလာက္နဲ႔ စခဲ့တာ။ အခုဆို အေယာက္ ၄၀ ေက်ာ္ေနၿပီ။ ေနာက္ထပ္အေဆာက္အအုံသစ္ေတြ ေဆာက္လို႔ၿပီးရင္ေတာ့ အေယာက္ ၁၀၀ ေက်ာ္လာလိမ့္မယ္ထင္တယ္။ အခုထက္အလႉရွင္ေတြ ေတာင့္တင္းလာခဲ့ရင္ေတာ့ ေနာက္ထပ္လက္ခြဲေတြ ဖြင့္ခ်င္တယ္။ ဒီလိုမိဘမဲ့ကေလးေတြအတြက္ ေနရာေလးတစ္ေနရာ ထားေပးခ်င္တယ္။ ဒီလုပ္ငန္းေတြကိုလည္း တိုးခ်ဲ႕သြားခ်င္တာေပါ့ေနာ္။ ဒါကေတာ့ G တို႔၊ အစ္မတို႔လို ပရဟိတစိတ္ဓာတ္ရွိသူေတြရဲ႕ အေတြးေတြပါ” လို႔ မွတ္ခ်က္ေပးေျဖၾကားေပးခဲ့ပါတယ္။ 

ခိုင္ႏွင္းေဝတို႔၊ G တို႔လို ပရဟိတလုပ္ငန္းကို အင္မတန္မွ သေဘာက်ႏွစ္ၿခိဳက္တတ္သူေတြ ပိုမိုမ်ားျပားလာသင့္ေၾကာင္းနဲ႔ ပတ္သတ္လို႔ G က  “တကယ္တမ္းေတာ့ လူတိုင္းမွာ အဲ့လိုပရဟိတစိတ္ဓာတ္မ်ိဳးရွိရင္ေတာ့ ေကာင္းတာေပါ့ေနာ္။ ဟိုလိုမ်ိဳးႀကီး လုပ္အားေပးခိုင္းတာေတာ့ မဟုတ္ပါဘူး။ လႉဒါန္းထည့္ဝင္ေပးတယ္ဆို ရပါၿပီ။ လုပ္အားေပးမယ္ဆိုရင္လည္း ကိုယ့္ဝင္ေငြအတြက္ကို ထည့္စဥ္းစားရဦးမယ္။ လုပ္အားေပးတဲ့သူက သက္သက္၊ အလႉရွင္ေတြက သက္သက္ အဲ့ဒီလိုမ်ိဳး လိုခ်င္တယ္။” လို႔ ေျဖၾကားေပးခဲ့ပါတယ္။

​ဒီအင္တာဗ်ဴးေလးအတြက္ ေနာက္ဆုံးႏႈတ္ဆက္စကားအေနနဲ႔ G က “ညီမကို အားေပးတဲ့သူေတြအားလုံးကို ေက်းဇူးတင္ပါတယ္။ ေနာက္တစ္ခါဆိုရင္လည္း မခိုင္ႏွင္းေဝရဲ႕ ရင္ေသြးေလးမ်ားေဂဟာကို လာေရာက္လႉဒါန္းေပးၾကပါဦး။ မလႉခ်င္ေသးဘူးဆိုရင္ေတာင္ လာၾကည့္ၾကေပါ့ေနာ္။ ဒီကိုတကယ္လာၾကည့္ရင္ လႉခ်င္စိတ္ပိုေပါက္သြားလိမ့္မယ္ထင္တယ္။ ကေလးေတြကလည္း ေသးေသးေလးေတြ၊ ခ်စ္စရာရာေလးေတြ၊ ၿပီးေတာ့ လူဦးေရကလည္း အရမ္းမ်ားတာေလ။ ဘယ္ဟာပဲျဖစ္ျဖစ္၊ လႉႏိုင္တဲ့ေနရာကို လႉၾကပါေပါ့ေနာ္။” လို႔ အသိေပးေျပာၾကားခဲ့ပါတယ္။ 

ခိုင္ႏွင္းေဝရဲ႕ ႏႈတ္ဆက္စကားကေတာ့ “အခုလို ေျပာေပးတဲ့အတြက္ ညီမေလး G ကိုလည္း ေက်းဇူးတင္ပါတယ္။ သူမ်ားေတြက အစ္မကို ေမးၾကတယ္။ ဒီကေလးေတြအမ်ားႀကီးနဲ႔ သူတို႔ေတြအသက္ႀကီးလာတဲ့အခါ ဘယ္လိုလုပ္ၾကမွာလဲတဲ့။ အစ္မက ကိုယ္ပိုင္ေက်ာင္းေထာင္မွာေလ၊ ကိုယ္ပိုင္ေက်ာင္းဖြင့္မွာ။ သူတို႔ေလးေတြ မူႀကိဳေက်ာင္းတက္ခ်ိန္မွာ မူႀကိဳတက္ရမယ္။ ေက်ာင္းတက္ရမယ့္အ႐ြယ္ေရာက္ရင္လည္း ကိုယ္ပိုင္ေက်ာင္းဖြင့္ႏိုင္ေအာင္ လုပ္မယ္ဆိုေတာ့ အစ္မတို႔အေနနဲ႔ က်ားႀကီးေျခရာႀကီး ျဖစ္လာမွာပဲ။ ကေလးေတြအသက္ႀကီးလာတာနဲ႔အမွ် ကုန္က်စရိတ္ဆိုတာက အမ်ားႀကီးေပၚလာမွာ။ အခုေလာေလာဆယ္ေတာ့ က်န္တာေတြ မေတြးထားေသးဘူး။ ကေလးေတြကို က်ယ္က်ယ္ဝန္းဝန္းနဲ႔ ေနရာေကာင္းေကာင္းေလးမွာ သပ္သပ္ရပ္ရပ္ေလး ထားခ်င္တယ္။ အဲ့ဒီအတြက္ အစ္မကိုလႉေပးၾကတဲ့ သူေတြအားလုံးကိုလည္း ေက်းဇူးတင္ပါတယ္။ ညီမေလး G ကိုလည္း အခုလို လာေရာက္ၿပီး ဝိုင္းဝန္းအားျဖည့္ေပးတဲ့အတြက္ အမ်ားႀကီး ေက်းဇူးတင္ပါတယ္။” လို႔ ေျဖၾကားေပးခဲ့ပါတယ္။ 

ဒီအင္တာဗ်ဴးေလးမွာ G နဲ႔ ခိုင္ႏွင္းေဝတို႔ရဲ႕ ေျဖၾကားခ်က္ေလးေတြနဲ႔ ပတ္သတ္လို႔ ပရိသတ္ႀကီးတို႔ဘက္က ထင္ျမင္ခ်က္ေလးေတြကိုလည္း ၾကားသိခ်င္ပါေသးတယ္ေနာ္။  ပရိသတ္ႀကီးတို႔အေနနဲ႔လည္း အခုလို အကူအညီေတြလိုအပ္ေနတဲ့ ခိုင္ႏွင္းေဝရဲ႕ ရင္ေသြးေလးမ်ားေဂဟာကို သြားေရာက္လႉဒါန္းေပးၾကပါဦးလို႔ တိုက္တြန္းႏႈိးေဆာ္လိုက္ရပါတယ္။ လႉဒါန္းမႈအတြက္ အေသးစိတ္သိရွိလိုသည္မ်ားကို ခိုင္ႏွင္းေဝရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာျဖစ္တဲ့ “Khine Hnin Wai (Su Hnin)” မွာ သြားေရာက္ေလ့လာႏိုင္ပါတယ္။ 

Read in UNICODE

ပရိသတ်ကြီးတို့ရေ ရွှေနန်းတော်မိသားစုရဲ့ မျိုးဆက်သစ်ဆက်ခံသူ G ကတော့ The Voice Myanmar Season-3 ရဲ့ပြိုင်ပွဲဝင်ဟောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။ သူမဟာ ပြိုင်ပွဲမှ ထွက်ခွာလာရတည်းက ပရဟိတအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး အဆိုပြိုင်ပွဲကနေတစ်ဆင့် ခင်မင်ရင်းနှီးခဲ့ရတဲ့ တေးရေး၊ တေးဆို ရန်မျိုးနဲ့တွဲဖက်ကာ သီချင်းတွေကို ဆက်လက်သီဆိုလျက်ရှိပါတယ်။

လောလောဆယ်၊ လတ်တလောမှာတော့ G အနေနဲ့ အခြားသောအနုပညာရှင်များနည်းတူ မိမိရဲ့မိဘလက်ငုတ် ရွှေနန်းတော်ရတနာဆိုင်မှ ရတနာပစ္စည်းများကို လည်းကောင်း၊ အခြားသောလုပ်ငန်းရှင်များရဲ့ ကုန်ပစ္စည်းများကိုလည်းကောင်း Live Sale ရောင်းချပေးလျက်ရှိပါတယ်။ အခုလို အနုပညာအလုပ်တွေနဲ့ မအားလပ်သည့်ကြားထဲမှ G အနေနဲ့ ပရဟိတလုပ်ငန်းတွေဘက်ကိုလည်း မပျက်ကွက်စေပဲ အားသွန်ခွန်စိုက် ကူညီလုပ်ကိုင်ပေးလျက်ရှိပါတယ်။ 

ဒီအင်တာဗျူးလေးမှာတော့ ပရဟိတမင်းသမီးလေး G ကို ပရဟိတဘုရင်မကြီးလို့ တင်စားခေါ်ဝေါ်ရလောက်တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေနဲ့အတူ တွဲလျက်တွေ့ရှိနေရတာဖြစ်ပြီး G အနေနဲ့ ခိုင်နှင်းဝေရဲ့ ပရဟိတလုပ်ငန်းတွေကို လေးစားအားကျရကာ ခိုင်နှင်းဝေလိုမျိုး ကလေးတွေကို မွေးစားချင်စိတ် ဖြစ်ပေါ်လာခဲ့မိတယ်ဆိုတဲ့အကြောင်း ရင်ဖွင့်ဖြေကြားပေးခဲ့တာပဲ ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာတော့ G အနေနဲ့ သူမတို့ ပရဟိတအသင်းကို ရုံးခွဲဖွင့်လှစ်နိုင်ဖို့ စီစဉ်နေပြီး အကယ်၍ ဖွင့်ဖြစ်ခဲ့မယ်ဆိုရင်တော့ ကိုဗစ်ကာလပြီးမြောက်ချိန်နဲ့ တိုက်ဆိုင်နေမှာဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်မှာရှိတဲ့ လိုအပ်နေသူတွေ၊ မိဘမဲ့ကလေးကျောင်းတွေကို စပွန်စာအလှူရှင်တွေရဲ့အကူအညီနဲ့ သွားရောက်လှူဒါန်းချင်စိတ် ဖြစ်ပေါ်မိတယ်လို့ G က ဆိုပါတယ်။ 

အခုလို G ရဲ့ စိတ်ကူးစေတနာနဲ့ ပတ်သတ်လို့ ခိုင်နှင်းဝေက သူမရဲ့ အတွေ့အကြုံ၊ ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်ကာ “အရင်တုန်းက အစ်မတို့ လုပ်သလိုပေါ့နော်။ အစ်မတို့အနေနဲ့ ဒီကလေးတွေကို မမွေးပေးနိုင်ခင်တုန်းကဆိုရင် ကိုယ်တိုင်ကလည်း ဆယ်လီတစ်ယောက်ဖြစ်တာကြောင့် တစ်နေရာကို ကူညီဖို့သွားပြီဆိုရင် ကိုယ့်နောက်မှာ မီဒီယာလည်း ပါလာသလို၊ အခြားအလှူရှင်တွေလည်း ပါလာတာပေါ့။ ဒီတော့ ကိုယ်က တစ်ဆယ်ဖိုးလှူရင် သူတို့က တစ်ရာဖိုးရရင်ရမယ်။ အဲ့လိုမျိုးပေါ့နော်။ ပြီးရင် တခြားလိုအပ်နေတဲ့ မိဘမဲ့ကျောင်းတွေကိုလည်း လိုက်လှူပေးမယ်။ ညီမလေး G ဆိုလိုတာက အဲ့လိုသဘောမျိုးပါ။” လို့ ကူညီဖြေကြားပေးခဲ့ပါတယ်။

အခုလို ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာကို လာရောက်ကြည့်ရှုရတဲ့အခါမှာ G အနေနဲ့လည်း ယောကျ်ားယူဖို့ အစီအစဉ်မရှိသူတစ်ယောက်ဖြစ်တဲ့အတွက် ကလေးမွေးစားချင်စိတ်တောင် ပေါ်ပေါက်လာမိတယ်လို့ ဆိုပါတယ်။ G က လတ်တလောမှာတော့ ရုံးခွဲဖွင့်ဖို့ကိစ္စအတွက် အလုပ်ရှုပ်နေတာကြောင့် မိဘမဲ့ကလေးများဂေဟာဖွင့်လှစ်ဖို့အတွက် အာရုံမထားနိုင်သေးပဲ အခြေအနေအရ အခွင့်အရေးပေးလာတဲ့ တစ်ချိန်ကျရင်တော့ ခိုင်နှင်းဝေကဲ့သို့ ကလေးတွေမွေးပေးပြီး ကူညီလုပ်ကိုင်ပေးဖို့ကို စိတ်ဝင်စားတယ်လို့ G က ဆိုပါတယ်။ 

အခုလို G ရဲ့ မွန်မြတ်လှတဲ့ ပရဟိတစိတ်ထားလေးနဲ့ပတ်သတ်လို့ ခိုင်နှင်းဝေက”ညီမလေးက အခုလိုစိတ်မျိုးရှိတာ တကယ်ကောင်းပါတယ်။ ပရဟိတစိတ်ရှိတယ်ဆိုတာက ကိုယ်ကျွမ်းကျင်တဲ့အလုပ်မှ မဟုတ်ဘူး၊ ကိုယ်မကျွမ်းကျင်လည်း လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်မျိုးရှိရမယ်လေ။ အစ်မတို့ဆိုလည်း ဒီတိုင်းပဲ။ သူများကို ကူညီချင်တာလေ။ လုပ်ချင်တာတွေမှ အများကြီးပဲ။ အစ်မဆိုလည်း ဒီရင်သွေးလေးများဂေဟာကို စတင်တည်ထောင်စဉ်က ကလေးအယောက် ၂၀ လောက်နဲ့ စခဲ့တာ။ အခုဆို အယောက် ၄၀ ကျော်နေပြီ။ နောက်ထပ်အဆောက်အအုံသစ်တွေ ဆောက်လို့ပြီးရင်တော့ အယောက် ၁၀၀ ကျော်လာလိမ့်မယ်ထင်တယ်။ အခုထက်အလှူရှင်တွေ တောင့်တင်းလာခဲ့ရင်တော့ နောက်ထပ်လက်ခွဲတွေ ဖွင့်ချင်တယ်။ ဒီလိုမိဘမဲ့ကလေးတွေအတွက် နေရာလေးတစ်နေရာ ထားပေးချင်တယ်။ ဒီလုပ်ငန်းတွေကိုလည်း တိုးချဲ့သွားချင်တာပေါ့နော်။ ဒါကတော့ G တို့၊ အစ်မတို့လို ပရဟိတစိတ်ဓာတ်ရှိသူတွေရဲ့ အတွေးတွေပါ” လို့ မှတ်ချက်ပေးဖြေကြားပေးခဲ့ပါတယ်။ 

ခိုင်နှင်းဝေတို့၊ G တို့လို ပရဟိတလုပ်ငန်းကို အင်မတန်မှ သဘောကျနှစ်ခြိုက်တတ်သူတွေ ပိုမိုများပြားလာသင့်ကြောင်းနဲ့ ပတ်သတ်လို့ G က  “တကယ်တမ်းတော့ လူတိုင်းမှာ အဲ့လိုပရဟိတစိတ်ဓာတ်မျိုးရှိရင်တော့ ကောင်းတာပေါ့နော်။ ဟိုလိုမျိုးကြီး လုပ်အားပေးခိုင်းတာတော့ မဟုတ်ပါဘူး။ လှူဒါန်းထည့်ဝင်ပေးတယ်ဆို ရပါပြီ။ လုပ်အားပေးမယ်ဆိုရင်လည်း ကိုယ့်ဝင်ငွေအတွက်ကို ထည့်စဉ်းစားရဦးမယ်။ လုပ်အားပေးတဲ့သူက သက်သက်၊ အလှူရှင်တွေက သက်သက် အဲ့ဒီလိုမျိုး လိုချင်တယ်။” လို့ ဖြေကြားပေးခဲ့ပါတယ်။

ဒီအင်တာဗျူးလေးအတွက် နောက်ဆုံးနှုတ်ဆက်စကားအနေနဲ့ G က “ညီမကို အားပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်တစ်ခါဆိုရင်လည်း မခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာကို လာရောက်လှူဒါန်းပေးကြပါဦး။ မလှူချင်သေးဘူးဆိုရင်တောင် လာကြည့်ကြပေါ့နော်။ ဒီကိုတကယ်လာကြည့်ရင် လှူချင်စိတ်ပိုပေါက်သွားလိမ့်မယ်ထင်တယ်။ ကလေးတွေကလည်း သေးသေးလေးတွေ၊ ချစ်စရာရာလေးတွေ၊ ပြီးတော့ လူဦးရေကလည်း အရမ်းများတာလေ။ ဘယ်ဟာပဲဖြစ်ဖြစ်၊ လှူနိုင်တဲ့နေရာကို လှူကြပါပေါ့နော်။” လို့ အသိပေးပြောကြားခဲ့ပါတယ်။ 

ခိုင်နှင်းဝေရဲ့ နှုတ်ဆက်စကားကတော့ “အခုလို ပြောပေးတဲ့အတွက် ညီမလေး G ကိုလည်း ကျေးဇူးတင်ပါတယ်။ သူများတွေက အစ်မကို မေးကြတယ်။ ဒီကလေးတွေအများကြီးနဲ့ သူတို့တွေအသက်ကြီးလာတဲ့အခါ ဘယ်လိုလုပ်ကြမှာလဲတဲ့။ အစ်မက ကိုယ်ပိုင်ကျောင်းထောင်မှာလေ၊ ကိုယ်ပိုင်ကျောင်းဖွင့်မှာ။ သူတို့လေးတွေ မူကြိုကျောင်းတက်ချိန်မှာ မူကြိုတက်ရမယ်။ ကျောင်းတက်ရမယ့်အရွယ်ရောက်ရင်လည်း ကိုယ်ပိုင်ကျောင်းဖွင့်နိုင်အောင် လုပ်မယ်ဆိုတော့ အစ်မတို့အနေနဲ့ ကျားကြီးခြေရာကြီး ဖြစ်လာမှာပဲ။ ကလေးတွေအသက်ကြီးလာတာနဲ့အမျှ ကုန်ကျစရိတ်ဆိုတာက အများကြီးပေါ်လာမှာ။ အခုလောလောဆယ်တော့ ကျန်တာတွေ မတွေးထားသေးဘူး။ ကလေးတွေကို ကျယ်ကျယ်ဝန်းဝန်းနဲ့ နေရာကောင်းကောင်းလေးမှာ သပ်သပ်ရပ်ရပ်လေး ထားချင်တယ်။ အဲ့ဒီအတွက် အစ်မကိုလှူပေးကြတဲ့ သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ညီမလေး G ကိုလည်း အခုလို လာရောက်ပြီး ဝိုင်းဝန်းအားဖြည့်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။” လို့ ဖြေကြားပေးခဲ့ပါတယ်။ 

ဒီအင်တာဗျူးလေးမှာ G နဲ့ ခိုင်နှင်းဝေတို့ရဲ့ ဖြေကြားချက်လေးတွေနဲ့ ပတ်သတ်လို့ ပရိသတ်ကြီးတို့ဘက်က ထင်မြင်ချက်လေးတွေကိုလည်း ကြားသိချင်ပါသေးတယ်နော်။  ပရိသတ်ကြီးတို့အနေနဲ့လည်း အခုလို အကူအညီတွေလိုအပ်နေတဲ့ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာကို သွားရောက်လှူဒါန်းပေးကြပါဦးလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ လှူဒါန်းမှုအတွက် အသေးစိတ်သိရှိလိုသည်များကို ခိုင်နှင်းဝေရဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ “Khine Hnin Wai (Su Hnin)” မှာ သွားရောက်လေ့လာနိုင်ပါတယ်။ 

Source : MC

Add a Comment

Your email address will not be published. Required fields are marked *