ခ်စ္သူေလးလက္ကို ေသခ်ာေလးကိုင္ထားၿပီး ခြန္အားျဖစ္ေစမယ့္ အားေပးစကားေလးေတြ ေျပာၿပီး အျပတ္ၾကည္ႏူးခဲ့တဲ့ ေဇရဲထက္

ေခ်ာေမာခန႔္ညားတဲ့႐ုပ္ရည္ကို ပိုင္ဆိုင္ထားတဲ့ ေဇရဲထက္ကေတာ့ ကိုလူေခ်ာေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္ေနာ္။ ေဇရဲထက္က ပ်ိဳပ်ိဳေမေလးေတြရဲ႕ဝန္းရံအားေပးမႈကို ရရွိခဲ့ၿပီး လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့တာပဲ ျဖစ္ပါတယ္ ။ ေဇရဲထက္က ဗီဒီယိုဇာတ္ကားေလးေတြ စတင္႐ိုက္ကူးရင္းနဲ႔

သ႐ုပ္ေဆာင္ေကာင္းလြန္းလို႔ အခ်ိန္ခဏေလးအတြင္းမွာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြပါ ႐ိုက္ကူးခဲ့ရၿပီး လူသိမ်ားလာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ ေဇရဲထက္က အႏုပညာအလုပ္ေတြနဲ႔ အနည္းငယ္ေဝးကြာေနေပမယ့္လည္း ပရိသတ္ေတြက

သူ႔ကိုခ်စ္ခင္ၾကတာေၾကာင့္ အၿမဲတမ္းေစာင့္ၾကည့္ၿပီး အားေပးေနၾကတာ ျဖစ္ပါတယ္ ။ အၿမဲတမ္းလူငယ္ေလးတစ္ေယာက္လို ႏုပ်ိဳလန္းဆန္းေနတဲ့ ေဇရဲထက္က ဖက္ရွင္က်က်ဝတ္စားဆင္ယင္တတ္လို႔ ပိုၿပီးအထာက်ေနတာ ျဖစ္ပါတယ္ ။ လတ္တေလာမွာ ေဇရဲထက္တစ္ေယာက္

ခရီးေတြထြက္ရင္း ေပ်ာ္႐ႊင္ေနတာလည္း ျဖစ္ပါတယ္ ။ အခုလည္း ေဇရဲထက္က ပုံေလးတစ္ပုံနဲ႔အတူ ရင္ထဲကစကားတစ္ခ်ိဳ႕ကို ေဖာ္ျပထားတာ ျဖစ္ပါတယ္ ။ေဇရဲထက္က ” ကြၽန္ေတာ္က သူ႔အတြက္ ေနာက္ကြယ္က အားတစ္ခုအေနနဲ႔ အၿမဲရွိေနမွာပါ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္ ။ ပုံထဲမွာေတာ့

ေဇရဲထက္က ခ်စ္ရေသာသူရဲ႕လက္ေလးကို ၾကင္နာယုယစြာနဲ႔ တင္းတင္းၾကပ္ၾကပ္ေလးဆုပ္ကိုင္ထားတာပဲ ျဖစ္ပါတယ္ ။ ေဇရဲထက္က ခ်စ္ရသူအေပၚထားရွိတဲ့ သူ႔ရဲ႕ေမတၱာေတြကိုေဖာ္ျပၿပီး အျပတ္႐ိုေနတာ ျဖစ္ပါတယ္ ။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ မင္းသားေခ်ာ ေဇရဲထက္ရဲ႕ပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Read in UNICODE

ချောမောခန့်ညားတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ ဇေရဲထက်ကတော့ ကိုလူချောလေးတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။ ဇေရဲထက်က ပျိုပျိုမေလေးတွေရဲ့ဝန်းရံအားပေးမှုကို ရရှိခဲ့ပြီး လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဇေရဲထက်က ဗီဒီယိုဇာတ်ကားလေးတွေ စတင်ရိုက်ကူးရင်းနဲ့

သရုပ်ဆောင်ကောင်းလွန်းလို့ အချိန်ခဏလေးအတွင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးခဲ့ရပြီး လူသိများလာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဇေရဲထက်က အနုပညာအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာနေပေမယ့်လည်း ပရိသတ်တွေက

သူ့ကိုချစ်ခင်ကြတာကြောင့် အမြဲတမ်းစောင့်ကြည့်ပြီး အားပေးနေကြတာ ဖြစ်ပါတယ် ။ အမြဲတမ်းလူငယ်လေးတစ်ယောက်လို နုပျိုလန်းဆန်းနေတဲ့ ဇေရဲထက်က ဖက်ရှင်ကျကျဝတ်စားဆင်ယင်တတ်လို့ ပိုပြီးအထာကျနေတာ ဖြစ်ပါတယ် ။ လတ်တလောမှာ ဇေရဲထက်တစ်ယောက်

ခရီးတွေထွက်ရင်း ပျော်ရွှင်နေတာလည်း ဖြစ်ပါတယ် ။ အခုလည်း ဇေရဲထက်က ပုံလေးတစ်ပုံနဲ့အတူ ရင်ထဲကစကားတစ်ချို့ကို ဖော်ပြထားတာ ဖြစ်ပါတယ် ။ဇေရဲထက်က ” ကျွန်တော်က သူ့အတွက် နောက်ကွယ်က အားတစ်ခုအနေနဲ့ အမြဲရှိနေမှာပါ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ် ။ ပုံထဲမှာတော့

ဇေရဲထက်က ချစ်ရသောသူရဲ့လက်လေးကို ကြင်နာယုယစွာနဲ့ တင်းတင်းကြပ်ကြပ်လေးဆုပ်ကိုင်ထားတာပဲ ဖြစ်ပါတယ် ။ ဇေရဲထက်က ချစ်ရသူအပေါ်ထားရှိတဲ့ သူ့ရဲ့မေတ္တာတွေကိုဖော်ပြပြီး အပြတ်ရိုနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော ဇေရဲထက်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Zay Ye Htet’s Facebook

Add a Comment

Your email address will not be published. Required fields are marked *