အသည္းကြဲေနတယ္လို႔ သတင္းေတြထြက္ေနတာနဲ႔ ပတ္သတ္ၿပီး ျပတ္ျပတ္သားသား ေျဖရွင္းခဲ့တဲ့ ေအာင္ရဲလင္း

သ႐ုပ္ေဆာင္ေအာင္ရဲလင္းဟာဆိုရင္ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းတစ္ခုလုံးကို သိမ္းပိုက္ရရွိထားသူတစ္ဦးပဲ ျဖစ္ပါတယ္။ ဆယ္စုႏွစ္တစ္စုေက်ာ္တိုင္ သ႐ုပ္ေဆာင္ေလာကမွာ နာမည္တစ္လုံးနဲ႔ ရပ္တည္ေနသူတစ္ဦးျဖစ္တဲ့ ေအာင္ရဲလင္းဟာ ႀကံခိုင္တဲ့ေဘာ္ဒီေလးကိုလည္း ပိုင္ဆိုင္ထားသူတစ္ဦးပဲ ျဖစ္ပါတယ္။ အဲ့ဒီေဘာ္ဒီေၾကာင့္ပဲ ပ်ိဳမဒီေလးေတြဟာ သူ႔ကို ေႂကြၿပီးရင္း ေႂကြေနရတာလည္း ျဖစ္ပါတယ္။

ေအာင္ရဲလင္းဟာ ပါရမီရွိတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္႐ုံမွ်မက သီခ်င္းဆိုေကာင္းသူတစ္ေယာက္လည္း ျဖစ္တာေၾကာင့္ အားလပ္ရက္ေလးေတြမွာ ဂီတာတီးၿပီး သီခ်င္းဆိုေနတဲ့ ဗီဒီယိုေလးေတြကို သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ ပရိသတ္ေတြအတြက္ ေဝမွ်ေပးေလ့ရွိတာပဲ ျဖစ္ပါတယ္။

ေလာေလာဆယ္၊ လတ္တေလာမွာေတာ့ သ႐ုပ္ေဆာင္ေအာင္ရဲလင္းဟာ အခ်စ္ေရးနဲ႔ပတ္သတ္လို႔ အသက္ငယ္႐ြယ္သူမိန္းကေလးတစ္ဦးနဲ႔ ခ်စ္ႀကိဳက္ခဲ့ၿပီး အခုခ်ိန္မွာေတာ့ အသည္းကြဲေနရၿပီဆိုတဲ့အေၾကာင္း ေကာလဟာလေတြ ထြက္ေပၚေနတာပဲ ျဖစ္ပါတယ္။ ဒီအင္တာဗ်ဳူးေလးမွာေတာ့ သ႐ုပ္ေဆာင္ေအာင္ရဲလင္းကို အသည္းကြဲသတင္းအေပၚ ေမးျမန္းခဲ့ရာမွာ အဲ့ဒီအေၾကာင္းနဲ႔ ပတ္သတ္ၿပီး ေျဖၾကားစရာ မရွိပါဘူးလို႔ ေအာင္ရဲလင္းဘက္က အတိအလင္းေျဖၾကားေပးခဲ့တာပဲ ျဖစ္ပါတယ္။

ဒီရက္ပိုင္းသတင္းထြက္ေနတဲ့ အခ်စ္ေရးမွာ အသည္းကြဲေနတယ္ဆိုတဲ့သတင္းနဲ႔ ပတ္သတ္လို႔ ေအာင္ရဲလင္းက “ဒီလိုပဲ ေပ့ခ်္ေတြကေတာ့ သူတို႔ေရးခ်င္ရာကို ေရးၾကတာေပါ့ဗ်ာ။ အဲ့ဒီအတြက္ေၾကာင့္ ကြၽန္ေတာ့္မွာ အဲ့တာနဲ႔ပတ္သတ္ၿပီးေတာ့ ေထြေထြထူးထူးမွတ္ခ်က္ေပးစရာ မရွိပါဘူးဗ်ာ။ အရင္တုန္းကလည္း အၿမဲတမ္း ေျပာခဲ့ဖူးသလိုပဲ သူတို႔စိတ္ခ်မ္းသာရင္ ကြၽန္ေတာ္အဆင္ေျပပါတယ္၊ ေက်နပ္ပါတယ္။ အခုလို ေရးခ်င္ရာ ေရးေနၾကတဲ့အေပၚမွာ ကြၽန္ေတာ့္အေနနဲ႔ေတာ့ ေထြေထြထူးထူး မွတ္ခ်က္ေပးစရာ မရွိပါဘူး။” လို႔ သ႐ုပ္ေဆာင္ေအာင္ရဲလင္းဘက္က ျပတ္ျပတ္သားသား ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။

ဒီလိုေကာလဟာလေတြ ထြက္လာၾကတဲ့အခါ ပရိသတ္ေတြရဲ႕ထင္ျမင္ခ်က္ေၾကာင့္ အနည္းနဲ႔အမ်ားထိခိုက္လာမယ့္ သူရဲ႕ပုံရိပ္နဲ႔ ပတ္သတ္လို႔ ေအာင္ရဲလင္းက ဒီလိုကိစၥေတြဟာ ခတၱခဏသာ ျဖစ္ေပၚတတ္တာျဖစ္ၿပီး အခ်ိန္ၾကာႀကီးတည္ၿမဲေနမွာ မဟုတ္တဲ့အတြက္ သူ႔အေနနဲ႔ေတာ့ ထူးၿပီးစိတ္ထဲမထားပါဘူးလို႔ ဆိုပါတယ္။ ဒီလိုလေကာလဟာလေတြ အေပၚ ေအာင္ရဲလင္းဟာ အႏုပညာသမားတစ္ေယာက္အတြက္ ေကာင္းသတင္းသာမက မေကာင္းတဲ့သတင္းမ်ိဳးလည္း ထြက္သင့္တယ္လို႔ ယူဆတဲ့အတြက္ သူ႔အေၾကာင္းေရးတဲ့ သူေတြနဲ႔ ပတ္သတ္လို႔ အမွန္အတိုင္းေရးၾကသူေတြေရာ၊ မဟုတ္မမွန္ ေျပာဆိုေရးသားၾကသူေတြကိုပါ ေက်းဇူးတင္ပါတယ္လို႔ ေအာင္ရဲလင္းက ဆိုပါတယ္။

အခုလို အသည္းကြဲတယ္ဆိုၿပီး ေကာလဟာလေတြ ထြက္ေပၚလာခဲ့တဲ့အေပၚ မွာ သူ႔ရဲ႕ ေျဖခ်င္းခ်က္တစ္စုံတစ္ရာ ထြက္ေပၚလာျခင္းမရွိတာနဲ႔ ပတ္သတ္လို႔ “တကယ္လို႔ အဲ့ကိစၥကို ေျဖရွင္းေနမယ္ဆိုရင္ ကြၽန္ေတာ့္အေနနဲ႔ေတာ့ ကေလးဆန္ေနမယ္လို႔ ထင္တယ္။ အားလုံးလည္း သိေနတာပဲ၊ ကြၽန္ေတာ္က ကေလးမဟုတ္ဘူးေလ။ အဓိက ကြၽန္ေတာ္ယုံၾကည္တာတစ္ခုက ေကာင္းတာလုပ္ရင္ ေကာင္းတာျဖစ္မယ္၊ မေကာင္းတာလုပ္ရင္ မေကာင္းတာျဖစ္မယ္။ အဲ့တာေၾကာင့္ ဘယ္လိုပဲ သူမ်ားေတြ ေျပာေျပာ၊ ဘယ္လိုပဲ သူမ်ားေတြ ေဝဖန္သည္ျဖစ္ေစ ကြၽန္ေတာ့္ဘက္က ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္တို႔အႏုပညာသမားေတြဆိုတာ ေကာင္းတာလည္း ရွိရမယ္၊ ကြၽန္ေတာ္ဆိုရင္ေတာ့ မေကာင္းတာက ပိုမ်ားတာေပါ့ေနာ္။ အဲ့ဒီလိုမေကာင္းတဲ့အေၾကာင္းေတြ အမ်ားဆီကို ေပၚေပါက္လာခဲ့ရင္လည္း ကြၽန္ေတာ္တို႔ဘက္က သည္းခံရမွာ ေပါ့ေနာ္။ ဒီကိစၥနဲ႔ပတ္သတ္လို႔လည္း ကြၽန္ေတာ္က ကေလးတစ္ေယာက္မဟုတ္တဲ့အတြက္ ကြၽန္ေတာ့္ဘက္က ေျဖရွင္းမွာ မဟုတ္ပါဘူး။” လို႔ေျပာၾကားလာပါတယ္။

အျခားေသာအႏုပညာရွင္ေတြဟာဆိုရင္ အခုလို သူတို႔နဲ႔ပတ္သတ္တဲ့ ေကာလဟာလသတင္းမ်ိဳး လူမႈကြန္ရက္မွာ လႈပ္လႈပ္ရွားရွားျဖစ္လာတဲ့အခါ ကိုယ္တိုင္ေျဖရွင္းၾကတဲ့အေပၚမွာလည္း ေအာင္ရဲလင္းက “အခုလိုကိစၥမ်ိဳးေတြျဖစ္လာရင္ သူတို႔ေတြ လႈပ္လႈပ္ရွားရွား ေျဖရွင္းႏိုင္ၾကတဲ့အတြက္လည္း သူတို႔ကို ကြၽန္ေတာ္ေလးစားပါတယ္။ ကြၽန္ေတာ္ကိုယ္တိုင္ကေတာ့ ေအးေအးေဆးေဆးပဲ ေနတတ္တာေပါ့ေနာ္။ လႈပ္လႈပ္ခပ္ခပ္ဆို ကြၽန္ေတာ္က သိပ္ၿပီးေတာ့ Idea မရဘူး။ ဒါေၾကာင့္ပဲ ကြၽန္ေတာ့္ဘက္က မေျဖရွင္းတာပါ” လို႔ဆိုပါတယ္။

ပရိသတ္ႀကီးတို႔ေရ သ႐ုပ္ေဆာင္ေအာင္ရဲလင္းဟာဆိုရင္ အခုလတ္တေလာထြက္ရွိလာတဲ့ အသည္းကြဲသတင္းနဲ႔ပတ္သတ္လို႔ မွတ္ခ်က္တစ္စုံတစ္ရာ မေပးခ်င္သလို ေရွ႕ဆက္လည္း ေျဖရွင္းသြားဖို႔မရွိဘူးလို႔ ေျပာၾကားလာပါတယ္။ေအာင္ရဲလင္းရဲ႕ အခုလိုေျဖၾကားခ်က္ေလးေတြနဲ႔ ပတ္သတ္လို႔ ပရိသတ္ႀကီးတို႔ရဲ႕ ထင္ျမင္ခ်က္ေလးေတြကိုလည္း ေဝမွ်ေပးခဲ့ၾကပါဦးေနာ္။

Read in UNICODE

သရုပ်ဆောင်အောင်ရဲလင်းဟာဆိုရင် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းတစ်ခုလုံးကို သိမ်းပိုက်ရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်စုကျော်တိုင် သရုပ်ဆောင်လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေသူတစ်ဦးဖြစ်တဲ့ အောင်ရဲလင်းဟာ ကြံခိုင်တဲ့ဘော်ဒီလေးကိုလည်း ပိုင်ဆိုင်ထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ အဲ့ဒီဘော်ဒီကြောင့်ပဲ ပျိုမဒီလေးတွေဟာ သူ့ကို ကြွေပြီးရင်း ကြွေနေရတာလည်း ဖြစ်ပါတယ်။

အောင်ရဲလင်းဟာ ပါရမီရှိတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ရုံမျှမက သီချင်းဆိုကောင်းသူတစ်ယောက်လည်း ဖြစ်တာကြောင့် အားလပ်ရက်လေးတွေမှာ ဂီတာတီးပြီး သီချင်းဆိုနေတဲ့ ဗီဒီယိုလေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပရိသတ်တွေအတွက် ဝေမျှပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။

လောလောဆယ်၊ လတ်တလောမှာတော့ သရုပ်ဆောင်အောင်ရဲလင်းဟာ အချစ်ရေးနဲ့ပတ်သတ်လို့ အသက်ငယ်ရွယ်သူမိန်းကလေးတစ်ဦးနဲ့ ချစ်ကြိုက်ခဲ့ပြီး အခုချိန်မှာတော့ အသည်းကွဲနေရပြီဆိုတဲ့အကြောင်း ကောလဟာလတွေ ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။ ဒီအင်တာဗျုူးလေးမှာတော့ သရုပ်ဆောင်အောင်ရဲလင်းကို အသည်းကွဲသတင်းအပေါ် မေးမြန်းခဲ့ရာမှာ အဲ့ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ဖြေကြားစရာ မရှိပါဘူးလို့ အောင်ရဲလင်းဘက်က အတိအလင်းဖြေကြားပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒီရက်ပိုင်းသတင်းထွက်နေတဲ့ အချစ်ရေးမှာ အသည်းကွဲနေတယ်ဆိုတဲ့သတင်းနဲ့ ပတ်သတ်လို့ အောင်ရဲလင်းက “ဒီလိုပဲ ပေ့ချ်တွေကတော့ သူတို့ရေးချင်ရာကို ရေးကြတာပေါ့ဗျာ။ အဲ့ဒီအတွက်ကြောင့် ကျွန်တော့်မှာ အဲ့တာနဲ့ပတ်သတ်ပြီးတော့ ထွေထွေထူးထူးမှတ်ချက်ပေးစရာ မရှိပါဘူးဗျာ။ အရင်တုန်းကလည်း အမြဲတမ်း ပြောခဲ့ဖူးသလိုပဲ သူတို့စိတ်ချမ်းသာရင် ကျွန်တော်အဆင်ပြေပါတယ်၊ ကျေနပ်ပါတယ်။ အခုလို ရေးချင်ရာ ရေးနေကြတဲ့အပေါ်မှာ ကျွန်တော့်အနေနဲ့တော့ ထွေထွေထူးထူး မှတ်ချက်ပေးစရာ မရှိပါဘူး။” လို့ သရုပ်ဆောင်အောင်ရဲလင်းဘက်က ပြတ်ပြတ်သားသား ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလိုကောလဟာလတွေ ထွက်လာကြတဲ့အခါ ပရိသတ်တွေရဲ့ထင်မြင်ချက်ကြောင့် အနည်းနဲ့အများထိခိုက်လာမယ့် သူရဲ့ပုံရိပ်နဲ့ ပတ်သတ်လို့ အောင်ရဲလင်းက ဒီလိုကိစ္စတွေဟာ ခတ္တခဏသာ ဖြစ်ပေါ်တတ်တာဖြစ်ပြီး အချိန်ကြာကြီးတည်မြဲနေမှာ မဟုတ်တဲ့အတွက် သူ့အနေနဲ့တော့ ထူးပြီးစိတ်ထဲမထားပါဘူးလို့ ဆိုပါတယ်။ ဒီလိုလကောလဟာလတွေ အပေါ် အောင်ရဲလင်းဟာ အနုပညာသမားတစ်ယောက်အတွက် ကောင်းသတင်းသာမက မကောင်းတဲ့သတင်းမျိုးလည်း ထွက်သင့်တယ်လို့ ယူဆတဲ့အတွက် သူ့အကြောင်းရေးတဲ့ သူတွေနဲ့ ပတ်သတ်လို့ အမှန်အတိုင်းရေးကြသူတွေရော၊ မဟုတ်မမှန် ပြောဆိုရေးသားကြသူတွေကိုပါ ကျေးဇူးတင်ပါတယ်လို့ အောင်ရဲလင်းက ဆိုပါတယ်။

အခုလို အသည်းကွဲတယ်ဆိုပြီး ကောလဟာလတွေ ထွက်ပေါ်လာခဲ့တဲ့အပေါ် မှာ သူ့ရဲ့ ဖြေချင်းချက်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်းမရှိတာနဲ့ ပတ်သတ်လို့ “တကယ်လို့ အဲ့ကိစ္စကို ဖြေရှင်းနေမယ်ဆိုရင် ကျွန်တော့်အနေနဲ့တော့ ကလေးဆန်နေမယ်လို့ ထင်တယ်။ အားလုံးလည်း သိနေတာပဲ၊ ကျွန်တော်က ကလေးမဟုတ်ဘူးလေ။ အဓိက ကျွန်တော်ယုံကြည်တာတစ်ခုက ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ အဲ့တာကြောင့် ဘယ်လိုပဲ သူများတွေ ပြောပြော၊ ဘယ်လိုပဲ သူများတွေ ဝေဖန်သည်ဖြစ်စေ ကျွန်တော့်ဘက်က ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနုပညာသမားတွေဆိုတာ ကောင်းတာလည်း ရှိရမယ်၊ ကျွန်တော်ဆိုရင်တော့ မကောင်းတာက ပိုများတာပေါ့နော်။ အဲ့ဒီလိုမကောင်းတဲ့အကြောင်းတွေ အများဆီကို ပေါ်ပေါက်လာခဲ့ရင်လည်း ကျွန်တော်တို့ဘက်က သည်းခံရမှာ ပေါ့နော်။ ဒီကိစ္စနဲ့ပတ်သတ်လို့လည်း ကျွန်တော်က ကလေးတစ်ယောက်မဟုတ်တဲ့အတွက် ကျွန်တော့်ဘက်က ဖြေရှင်းမှာ မဟုတ်ပါဘူး။” လို့ပြောကြားလာပါတယ်။

အခြားသောအနုပညာရှင်တွေဟာဆိုရင် အခုလို သူတို့နဲ့ပတ်သတ်တဲ့ ကောလဟာလသတင်းမျိုး လူမှုကွန်ရက်မှာ လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့အခါ ကိုယ်တိုင်ဖြေရှင်းကြတဲ့အပေါ်မှာလည်း အောင်ရဲလင်းက “အခုလိုကိစ္စမျိုးတွေဖြစ်လာရင် သူတို့တွေ လှုပ်လှုပ်ရှားရှား ဖြေရှင်းနိုင်ကြတဲ့အတွက်လည်း သူတို့ကို ကျွန်တော်လေးစားပါတယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ အေးအေးဆေးဆေးပဲ နေတတ်တာပေါ့နော်။ လှုပ်လှုပ်ခပ်ခပ်ဆို ကျွန်တော်က သိပ်ပြီးတော့ Idea မရဘူး။ ဒါကြောင့်ပဲ ကျွန်တော့်ဘက်က မဖြေရှင်းတာပါ” လို့ဆိုပါတယ်။

ပရိသတ်ကြီးတို့ရေ သရုပ်ဆောင်အောင်ရဲလင်းဟာဆိုရင် အခုလတ်တလောထွက်ရှိလာတဲ့ အသည်းကွဲသတင်းနဲ့ပတ်သတ်လို့ မှတ်ချက်တစ်စုံတစ်ရာ မပေးချင်သလို ရှေ့ဆက်လည်း ဖြေရှင်းသွားဖို့မရှိဘူးလို့ ပြောကြားလာပါတယ်။အောင်ရဲလင်းရဲ့ အခုလိုဖြေကြားချက်လေးတွေနဲ့ ပတ်သတ်လို့ ပရိသတ်ကြီးတို့ရဲ့ ထင်မြင်ချက်လေးတွေကိုလည်း ဝေမျှပေးခဲ့ကြပါဦးနော်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *