နိုင်ငံတကာအထိ အောင်မြင်ကျော်ကြားနေတဲ့ ချစ်သူအတွက် ဂုဏ်ယူဝမ်းသာနေတဲ့ ပိုင်တံခွန်ရဲ့ ချစ်သူ ကောင်မလေး
Read in UNICODE
ပိုင်တံခွန်ကတော့ မော်ဒယ်လ်၊ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ မော်ဒယ်လ်တစ်ယောက်အဖြစ်လည်း ရပ်တည်ခဲ့သလို “ချစ်သူ” ဆိုတဲ့ တစ်ကိုယ်တော်အခွေလေးကိုလည်း
ထုတ်လုပ်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ လွန်ခဲ့တဲ့နှစ်တွေကတည်းက အနုပညာလောကမှာ ကျင်လည်ခဲ့ပေမယ့် (၂၀၁၉) ခုနှစ်အတွင်းမှာတော့ သူ့ရဲ့ ဆန်းအတက်ဆုံးအချိန်ကိုရောက်ရှိခဲ့ပြီး နိုင်ငံခရပ်ခြားအထိ အောင်မြင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း
ပိုင်တံခွန်က တရုတ်၊ ဂျပန်၊ ကိုရီးယားစတဲ့ နိုင်ငံတွေမှာ အောင်မြင်နေပြီး ထိုနိုင်ငံတွေက သတင်းစာတွေ၊ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ ချစ်သူကောင်မလေးကလည်း ပိုင်တံခွန်ရဲ့ အောင်မြင်မှုတွေအတွက် ဝမ်းသာနေပြီး သူမရဲ့
ဖေ့စ်ဘုတ်စာမျက်နှာမှာ ပိုင်တံခွန်နဲ့ ပက်သတ်သမျှ သတင်းတွေကို Share ပြီး ဝမ်းသာဂုဏ်ယူကြောင်း ပြောထားတာကို တွေ့ရပါတယ်။ ပိုင်တံခွန်ကတော့ သူ့ရဲ့ချစ်သူမိန်းကလေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားသလို ပိုင်တံခွန်ရဲ့ချစ်သူမိန်းကလေးကလည်း
ပိုင်တံခွန်ရဲ့ အနုပညာအလုပ်တွေနဲ့ ပက်သတ်ရင် နားလည်မှုအပြည့်ပေးထားတာမို့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကတော့ သာယာအေးချမ်းမှုတွေနဲ့ ရှေ့ဆက်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Linn Mya Phyu’s Facebook
Add a Comment
Your email address will not be published. Required fields are marked *