ခင္ပြန္းျဖစ္သူနဲ႔အတူ ခ်စ္ခ်င္းေတြ အျပည့္နဲ႔ တည္ေဆာက္ထားတဲ့ အိမ္ေထာင္ေရးေလး (၁၀)ႏွစ္ျပည့္ၿပီဆိုတဲ့ ခင္ဘုဏ္း

ခင္ဘုဏ္းကေတာ့ လက္ရွိပိုင္ဆိုင္ထားတဲ့ အိမ္ေထာင္ေရးဟာ ေပ်ာ္စရာ အမွတ္တရေလးေတြနဲ႔ ျပည့္ႏွက္ေနတာကို ေတြ႕ရပါတယ္။ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ (၁၆) ရက္ေန႔မွာေတာ့ ခင္ပြန္းျဖစ္သူ ကိုသက္မ်ိဳးၾကဴနဲ႔ သူမ ရဲ႕ အိမ္ေထာင္ေရးဟာ (၁၀) ႏွစ္ တိတိျပည့္ခဲ့ၿပီလို႔

ေျပာပါတယ္။ ” လက္ထပ္ခဲ့ၾကတာ (၁၀) ႏွစ္ရွိၿပီ။ 16.1.2011 ~ 16.1.2021 နားလည္မႈ၊ ေဖးမမႈ၊ ၾကင္နာမႈေတြ၊ ေလ်ာ့မသြားတဲ့ အျပင္ ပိုတိုးလာတဲ့အခ်စ္ေတြ နဲ႔ ခုထိ ခ်စ္ေပးလို႔ေက်းဇူးပါ ခ်စ္သူ။ လက္မွတ္ထိုးတဲ့ေန႔က မိတ္ကပ္မပါပဲ မ်က္ခုံးေမႊးေလးပဲ ဆြဲထားတဲ့ ကြၽန္မ

ခင္ခင္ပါ” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၁၆ ရက္ေန႔ ည ၇ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။ ခင္ဘုဏ္းတို႔ ဇနီးေမာင္ႏွံဟာ အိမ္ေထာင္သက္တမ္း (၁၀) ႏွစ္ျပည့္ၿပီဆိုေပမယ့္ ရင္ေသြးေလး

မရွိေသးဘူးလို႔ သိရပါတယ္။ ဒါေပမယ့္လည္း တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္ျခင္းေမတၱာအျပည့္နဲ႔ အိမ္ေထာင္ရွင္ဘဝကို ျဖတ္သန္းေနတယ္လို႔လည္း ေျဖဆိုခဲ့ဖူးပါတယ္။ သူတို႔ရဲ႕ အမွတ္တရေန႔ေလးကိုလည္း ပရိသတ္ေတြက Comment ကေနတဆင့္ ဂုဏ္ျပဳေပးခဲ့တာကို

ေတြ႕ရပါတယ္။ ခင္ဘုဏ္း ကိုေတာ့ သၾကၤန္သီခ်င္းေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့ၾကတာျဖစ္ပါတယ္။ Group Song မ်ားစြာမွာလည္း ပါဝင္သီဆိုခဲ့သူျဖစ္ပါတယ္။ ျပည္ပမွာ ေခတ္စားလွ်က္ရွိတဲ့ ဂီေတ ရစီးေၾကာင္း ေလးေတြအတိုင္း ျမန္မာႏိုင္ငံက

အဆိုေတာ္ေတြ ကလည္း သီခ်င္း ပုံစံေလး ေတြ ေျပာင္းလဲလာတာေၾကာင့္ သူမ ကိုယ္တိုင္လည္း သီခ်င္းပုံစံေတြ ေျပာင္းဆိုဖို႔ ရည္႐ြယ္ထားတယ္လို႔ ေျပာပါတယ္။ လက္ရွိမွာလည္း အေမရိကမွာေနထိုင္ရင္း သီခ်င္း အသစ္ေလးေတြ ဖန္တီးေနတာ ေတြ႕ရပါတယ္။

Read in UNICODE

ခင်ဘုဏ်းကတော့ လက်ရှိပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးဟာ ပျော်စရာ အမှတ်တရလေးတွေနဲ့ ပြည့်နှက်နေတာကို တွေ့ရပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁၆) ရက်နေ့မှာတော့ ခင်ပွန်းဖြစ်သူ ကိုသက်မျိုးကြူနဲ့ သူမ ရဲ့ အိမ်ထောင်ရေးဟာ (၁၀) နှစ် တိတိပြည့်ခဲ့ပြီလို့

ပြောပါတယ်။ ” လက်ထပ်ခဲ့ကြတာ (၁၀) နှစ်ရှိပြီ။ 16.1.2011 ~ 16.1.2021 နားလည်မှု၊ ဖေးမမှု၊ ကြင်နာမှုတွေ၊ လျော့မသွားတဲ့ အပြင် ပိုတိုးလာတဲ့အချစ်တွေ နဲ့ ခုထိ ချစ်ပေးလို့ကျေးဇူးပါ ချစ်သူ။ လက်မှတ်ထိုးတဲ့နေ့က မိတ်ကပ်မပါပဲ မျက်ခုံးမွှေးလေးပဲ ဆွဲထားတဲ့ ကျွန်မ

ခင်ခင်ပါ” ဆိုပြီးတော့ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ ခင်ဘုဏ်းတို့ ဇနီးမောင်နှံဟာ အိမ်ထောင်သက်တမ်း (၁၀) နှစ်ပြည့်ပြီဆိုပေမယ့် ရင်သွေးလေး

မရှိသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် ချစ်ခြင်းမေတ္တာအပြည့်နဲ့ အိမ်ထောင်ရှင်ဘဝကို ဖြတ်သန်းနေတယ်လို့လည်း ဖြေဆိုခဲ့ဖူးပါတယ်။ သူတို့ရဲ့ အမှတ်တရနေ့လေးကိုလည်း ပရိသတ်တွေက Comment ကနေတဆင့် ဂုဏ်ပြုပေးခဲ့တာကို

တွေ့ရပါတယ်။ ခင်ဘုဏ်း ကိုတော့ သင်္ကြန်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ Group Song များစွာမှာလည်း ပါဝင်သီဆိုခဲ့သူဖြစ်ပါတယ်။ ပြည်ပမှာ ခေတ်စားလျှက်ရှိတဲ့ ဂီတေ ရစီးကြောင်း လေးတွေအတိုင်း မြန်မာနိုင်ငံက

အဆိုတော်တွေ ကလည်း သီချင်း ပုံစံလေး တွေ ပြောင်းလဲလာတာကြောင့် သူမ ကိုယ်တိုင်လည်း သီချင်းပုံစံတွေ ပြောင်းဆိုဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ လက်ရှိမှာလည်း အမေရိကမှာနေထိုင်ရင်း သီချင်း အသစ်လေးတွေ ဖန်တီးနေတာ တွေ့ရပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *