ခင္ပြန္းျဖစ္သူက အရမ္းေအးတာေၾကာင့္ အိမ္ေထာင္ေရးနဲ႔ ပတ္သတ္လာရင္ စိတ္ခ်မ္းသာရတယ္ဆိုတဲ့ ေမသၪၨာဦး

ပရိသတ္ႀကီးတို႔ေရ ဝါရင့္သ႐ုပ္ေဆာင္ အကယ္ဒမီေမသၪၨာဦးဟာဆိုရင္ သူမကို အားေပးတဲ့ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းေမတၱာတရားေတြနဲ႔ အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနသူတစ္ဦးပဲ ျဖစ္ပါတယ္။ သူမဟာ တစ္ေန႔ထက္တစ္ေန႔ ပိုမိုႏုပ်ိဳလွပလာၿပီး လြန္ခဲ့တဲ့ႏွစ္ေတြတည္းကေန ယေန႔ထိ ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ အႏုပညာအလုပ္ေတြလုပ္ရင္း ဘဝကို ေပ်ာ္႐ႊင္စြာ ျဖတ္သန္းေနသူတစ္ဦးပဲ ျဖစ္ပါတယ္။

ဒီဘက္ေခတ္ေတြမွာေတာ့ အကယ္ဒမီေမသၪၨာဦးအေနနဲ႔ ႐ုပ္ရွင္ကားႀကီးေတြမွာသာမက ဇာတ္လမ္းတြဲေတြမွာပါ က်ရာေနရာကေန ပါဝင္သ႐ုပ္ေဆာင္လာတာကို ေတြ႕ရပါတယ္။

ထို႔အျပင္ ေမသၪၨာဦးဟာ သာယာေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားရသူ ျဖစ္ပါတယ္။ သူမဟာ သူမရဲ႕ ခင္ပြန္းနဲ႔ အမွတ္တရဓာတ္ပုံ၊ ဗြီဒီယိုေလးေတြကို သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန မွ်ေဝေပးေလ့ရွိၿပီး လြန္ခဲ့တဲ့ (၂)လခန႔္ကဆိုရင္လည္း သူမတို႔ဇနီးေမာင္ႏွံရဲ႕ မဂၤလာႏွစ္ပတ္လည္အထိမ္းအမွတ္အျဖစ္ မွတ္တမ္းယူ႐ိုက္ကူးထားတဲ့ ဗီဒီယိုေလးတစ္ခုကို သူမရဲ႕ ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာ တင္ထားခဲ့ပါေသးတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ အကယ္ဒမီေမသၪၨာဦးက သူမရဲ႕ အိမ္ေထာင္ဖက္ ခင္ပြန္းျဖစ္သူဟာ အင္မတန္မွ အေနအထိုင္ေအးေဆးတဲ့အတြက္ သူမအေနနဲ႔ စိတ္ခ်မ္းသာရပါတယ္ ဆိုၿပီး ရင္ဖြင့္ေျဖၾကားေပးခဲ့တာပဲ ျဖစ္ပါတယ္။

အကယ္ဒမီေမသၪၨာဦးဟာ ျမန္မာျပည္ကို ကိုဗစ္ဒုတိယလႈိင္းအေနနဲ႔ စတင္႐ိုက္ခတ္စဥ္အခ်ိန္က ပုပၸားေဒသကိုဇာတ္ကား႐ိုက္ကူးရန္အတြက္ ေရာက္ရွိေနခဲ့တာပဲ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ႏိုင္ငံတြင္း ေရာဂါကူးစက္မႈအေျခအေနေၾကာင့္ ရန္ကုန္သို႔ ျပန္မလာႏိုင္ပဲ ပုပၸားမွာ အခ်ိန္(၃)လခန႔္ ပိတ္မိေနခဲ့ၿပီး အခုလို ေျဖေလွ်ာ့မႈေတြရွိလာမွသာ ရန္ကုန္ကို ျပန္လာႏိုင္ခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

အခုလို လအနည္းငယ္ၾကာမွ မိသားစုနဲ႔ ျပန္လည္ဆုံေတြ႕ရတဲ့အေပၚမွာ မိသားစုဝင္ေတြအေနနဲ႔ အခ်ိန္တစ္ခုၾကာ အေနေဝးခဲ့ေပမယ့္ တစ္ဦးကိုတစ္ဦး ေမတၱာအပ်က္ပဲ စိမ္းစိမ္းကားကားႀကီးေတာ့ မခံစားရပါဘူးလို႔ သူမက ဆိုပါတယ္။ ယခင္က အိမ္မွာ အတူေနစဥ္ကလည္း မိသားစုဝင္ေတြအားလုံးဟာ ကိုယ့္အလုပ္ႏွင့္ကိုယ္ အလုပ္ရႈပ္ေနသည္က မ်ားၿပီး အားလပ္ခ်ိန္မွာ အားလုံး ဝိုင္းထိုင္ၿပီး စကားေျပာၾကတာမ်ိဳးေတာင္ မရွိၾကပါဘူးလို႔ ေမသၪၨာဦးက ဆိုပါတယ္။ ခြဲေနခဲ့ရခ်ိန္မွာလည္း ဒီဘက္ေခတ္နည္းပညာရဲ႕ အသီးအပြင့္ေတြျဖစ္တဲ့ မိုဘိုင္းလ္ဖုန္းေတြ၊ ဗြီဒိယိုေကာလ္ေတြနဲ႔ မ်က္ႏွာခ်င္းဆိုင္ စကားေျပာႏိုင္တာျဖစ္တဲ့အတြက္ သူမအတြက္ေတာ့ ပုပၸားမွာေနထိုင္ရတာ အဆင္ေျပခဲ့တယ္လို႔ သိရပါတယ္။

အခုရက္ပိုင္းအတြင္းမွာ အမ်ိဳးသားနဲ႔႐ိုက္ကူးထားတဲ့ ဓာတ္ပုံေလးေတြကို သူမရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာ တင္ေပးျဖစ္ခဲ့တဲ့အေပၚ အကယ္ဒမီေမသၪၨာဦးက “ကိုယ္ေတြက အဲ့လိုပဲ၊ သူမ်ားေတြ ကလိ-ကလိ ျဖစ္ေအာင္ လုပ္ရတာကို ဝါသနာပါတယ္[ရယ္လ်က္]။ သူမ်ားေတြ မနာလိုျဖစ္ေအာင္ အဲ့လိုလုပ္တတ္တယ္။ ေဖေဖာ္ဝါရီလဆိုရင္လည္း အဲ့လိုပဲ၊ အမ်ိဳးသားဘာဝတ္ထားလည္းဆိုတာ ကိုယ္ကၾကည့္လိုက္တယ္။ ၿပီးရင္ ကိုယ္ကလိုက္ဝတ္ၿပီး သူဝတ္ထားတဲ့အေရာင္ကို ဆင္တူဝတ္တယ္ေပါ့ေနာ္။ သူမ်ားေတြကို သက္သက္ စတာပါ။ အမ်ိဳးသားကလည္း အေနေအးေတာ့ ဘာမွမေျပာဘူး။” လို႔ ရယ္ရယ္ေမာနဲ႔ ရင္ဖြင့္ေျပာျပခဲ့ပါတယ္။

ေမသၪၨာဦးတို႔ဇနီးေမာင္ႏွံဟာ အခုဆိုရင္ အိမ္ေထာင္သက္တမ္း(၂၆)ႏွစ္ျပည့္ၿပီ ျဖစ္ၿပီး ခင္ပြန္းျဖစ္သူနဲ႔ အိမ္ကေပးစားလို႔ ယူထားတာမဟုတ္ပဲ ကိုယ္တိုင္ခ်စ္လို႔ လက္ထပ္ခဲ့တာျဖစ္တဲ့အတြက္ အိမ္ေထာင္ေရးဟာ သာယာစိုေျပပါတယ္လို႔ ေမသၪၨာဦးက ဆိုပါတယ္။ လင္မယားႏွစ္ေယာက္ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ရန္ျဖစ္ရန္ရွာတာမ်ိဳးမရွိပဲ အကယ္၍ ျပႆနာတက္ၾကၿပီဆိုရင္ေတာင္ သူမဘက္ကပဲ အသံက်ယ္က်ယ္နဲ႔ ရန္ရွာေလ့ရွိကာ ခင္ပြန္းျဖစ္သူက ေတာ္႐ုံဆို သူမကိုႏိုင္ေအာင္ မေျပာႏိုင္တဲ့အတြက္ ရန္ျဖစ္လို႔ေကာင္းတဲ့လူမ်ိဳး မဟုတ္ဘူလို႔ ေမသၪၨာဦးက ရယ္ရယ္ေမာေမာနဲ႔ ရွင္းျပပါတယ္။

သူမဟာ လူတစ္ကာကို ေျပာဆိုဆက္ဆံရာမွာလည္း တစ္ဖက္လူကို စိတ္ဆင္းရဲမခံေစခ်င္ပဲ တစ္ဦးႏွင့္တစ္ဦး ျပႆနာတက္ၾကၿပီဆိုရင္ေတာင္ နာစရာလို႔ေတြးမယ့္အစား စိတ္ခ်မ္းသာေစဖို႔အတြက္ ရယ္စရာအျဖစ္သာ ေျဖေတြးေလ့ရွိတယ္လို႔ ေမသၪၨာဦးက ဆိုပါတယ္။

ပရိသတ္ႀကီးတို႔ေရ ဒီအင္တာဗ်ဳးေလးမွာေတာ့ အကယ္ဒမီေမသၪၨာဦးက သူမရဲ႕ လက္ရွိမိသားစုအေျခအေနနဲ႔ အေနေအးတဲ့ သူမရဲ႕ခင္ပြန္းသည္ေၾကာင့္ သာယာေအးခ်မ္းတဲ့ အိမ္ေထာင္သည္ဘဝတစ္ခုကို ရရွိထားတဲ့အေၾကာင္း အမွတ္တရအေၾကာင္းအရာေလးေတြ ျဖည့္စြက္ၿပီး အ႐ႊမ္းေဖာက္ေျဖၾကားသြားေပးခဲ့တာပဲ ျဖစ္ပါတယ္။ ဒီအင္တာဗ်ဴးေလးနဲ႔ ပတ္သတ္လို႔ ပရိသတ္ႀကီးတို႔ရဲ႕ ထင္ျမင္ခ်က္ေလးေတြကိုလည္း ေဝမွ်ေပးခဲ့ပါဦးေနာ္။

Read in UNICODE

ပရိသတ်ကြီးတို့ရေ ဝါရင့်သရုပ်ဆောင် အကယ်ဒမီမေသဉ္ဇာဦးဟာဆိုရင် သူမကို အားပေးတဲ့ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတရားတွေနဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ သူမဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုနုပျိုလှပလာပြီး လွန်ခဲ့တဲ့နှစ်တွေတည်းကနေ ယနေ့ထိ နှစ်ပေါင်းများစွာတိုင်အောင် အနုပညာအလုပ်တွေလုပ်ရင်း ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေသူတစ်ဦးပဲ ဖြစ်ပါတယ်။

ဒီဘက်ခေတ်တွေမှာတော့ အကယ်ဒမီမေသဉ္ဇာဦးအနေနဲ့ ရုပ်ရှင်ကားကြီးတွေမှာသာမက ဇာတ်လမ်းတွဲတွေမှာပါ ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်လာတာကို တွေ့ရပါတယ်။

ထို့အပြင် မေသဉ္ဇာဦးဟာ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရသူ ဖြစ်ပါတယ်။ သူမဟာ သူမရဲ့ ခင်ပွန်းနဲ့ အမှတ်တရဓာတ်ပုံ၊ ဗွီဒီယိုလေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေပေးလေ့ရှိပြီး လွန်ခဲ့တဲ့ (၂)လခန့်ကဆိုရင်လည်း သူမတို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် မှတ်တမ်းယူရိုက်ကူးထားတဲ့ ဗီဒီယိုလေးတစ်ခုကို သူမရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ တင်ထားခဲ့ပါသေးတယ်။

ဒီအင်တာဗျူးလေးမှာတော့ အကယ်ဒမီမေသဉ္ဇာဦးက သူမရဲ့ အိမ်ထောင်ဖက် ခင်ပွန်းဖြစ်သူဟာ အင်မတန်မှ အနေအထိုင်အေးဆေးတဲ့အတွက် သူမအနေနဲ့ စိတ်ချမ်းသာရပါတယ် ဆိုပြီး ရင်ဖွင့်ဖြေကြားပေးခဲ့တာပဲ ဖြစ်ပါတယ်။

အကယ်ဒမီမေသဉ္ဇာဦးဟာ မြန်မာပြည်ကို ကိုဗစ် ဒုတိယလှိုင်းအနေနဲ့ စတင်ရိုက်ခတ်စဉ်အချိန်က ပုပ္ပားဒေသကိုဇာတ်ကားရိုက်ကူးရန်အတွက် ရောက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ နိုင်ငံတွင်း ရောဂါကူးစက်မှုအခြေအနေကြောင့် ရန်ကုန်သို့ ပြန်မလာနိုင်ပဲ ပုပ္ပားမှာ အချိန်(၃)လခန့် ပိတ်မိနေခဲ့ပြီး အခုလို ဖြေလျှော့မှုတွေရှိလာမှသာ ရန်ကုန်ကို ပြန်လာနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို လအနည်းငယ်ကြာမှ မိသားစုနဲ့ ပြန်လည်ဆုံတွေ့ရတဲ့အပေါ်မှာ မိသားစုဝင်တွေအနေနဲ့ အချိန်တစ်ခုကြာ အနေဝေးခဲ့ပေမယ့် တစ်ဦးကိုတစ်ဦး မေတ္တာအပျက်ပဲ စိမ်းစိမ်းကားကားကြီးတော့ မခံစားရပါဘူးလို့ သူမက ဆိုပါတယ်။ ယခင်က အိမ်မှာ အတူနေစဉ်ကလည်း မိသားစုဝင်တွေအားလုံးဟာ ကိုယ့်အလုပ်နှင့်ကိုယ် အလုပ်ရှုပ်နေသည်က များပြီး အားလပ်ချိန်မှာ အားလုံး ဝိုင်းထိုင်ပြီး စကားပြောကြတာမျိုးတောင် မရှိကြပါဘူးလို့ မေသဉ္ဇာဦးက ဆိုပါတယ်။ ခွဲနေခဲ့ရချိန်မှာလည်း ဒီဘက်ခေတ်နည်းပညာရဲ့ အသီးအပွင့်တွေဖြစ်တဲ့ မိုဘိုင်းလ်ဖုန်းတွေ၊ ဗွီဒိယိုကောလ်တွေနဲ့ မျက်နှာချင်းဆိုင် စကားပြောနိုင်တာဖြစ်တဲ့အတွက် သူမအတွက်တော့ ပုပ္ပားမှာနေထိုင်ရတာ အဆင်ပြေခဲ့တယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်းမှာ အမျိုးသားနဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကို သူမရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ တင်ပေးဖြစ်ခဲ့တဲ့အပေါ် အကယ်ဒမီမေသဉ္ဇာဦးက “ကိုယ်တွေက အဲ့လိုပဲ၊ သူများတွေ ကလိ-ကလိ ဖြစ်အောင် လုပ်ရတာကို ဝါသနာပါတယ်[ရယ်လျက်]။ သူများတွေ မနာလိုဖြစ်အောင် အဲ့လိုလုပ်တတ်တယ်။ ဖေဖော်ဝါရီလဆိုရင်လည်း အဲ့လိုပဲ၊ အမျိုးသားဘာဝတ်ထားလည်းဆိုတာ ကိုယ်ကကြည့်လိုက်တယ်။ ပြီးရင် ကိုယ်ကလိုက်ဝတ်ပြီး သူဝတ်ထားတဲ့အရောင်ကို ဆင်တူဝတ်တယ်ပေါ့နော်။ သူများတွေကို သက်သက် စတာပါ။ အမျိုးသားကလည်း အနေအေးတော့ ဘာမှမပြောဘူး။” လို့ ရယ်ရယ်မောနဲ့ ရင်ဖွင့်ပြောပြခဲ့ပါတယ်။

မေသဉ္ဇာဦးတို့ဇနီးမောင်နှံဟာ အခုဆိုရင် အိမ်ထောင်သက်တမ်း(၂၆)နှစ်ပြည့်ပြီ ဖြစ်ပြီး ခင်ပွန်းဖြစ်သူနဲ့ အိမ်ကပေးစားလို့ ယူထားတာမဟုတ်ပဲ ကိုယ်တိုင်ချစ်လို့ လက်ထပ်ခဲ့တာဖြစ်တဲ့အတွက် အိမ်ထောင်ရေးဟာ သာယာစိုပြေပါတယ်လို့ မေသဉ္ဇာဦးက ဆိုပါတယ်။ လင်မယားနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ရန်ရှာတာမျိုးမရှိပဲ အကယ်၍ ပြဿနာတက်ကြပြီဆိုရင်တောင် သူမဘက်ကပဲ အသံကျယ်ကျယ်နဲ့ ရန်ရှာလေ့ရှိကာ ခင်ပွန်းဖြစ်သူက တော်ရုံဆို သူမကိုနိုင်အောင် မပြောနိုင်တဲ့အတွက် ရန်ဖြစ်လို့ကောင်းတဲ့လူမျိုး မဟုတ်ဘူလို့ မေသဉ္ဇာဦးက ရယ်ရယ်မောမောနဲ့ ရှင်းပြပါတယ်။

သူမဟာ လူတစ်ကာကို ပြောဆိုဆက်ဆံရာမှာလည်း တစ်ဖက်လူကို စိတ်ဆင်းရဲမခံစေချင်ပဲ တစ်ဦးနှင့်တစ်ဦး ပြဿနာတက်ကြပြီဆိုရင်တောင် နာစရာလို့တွေးမယ့်အစား စိတ်ချမ်းသာစေဖို့အတွက် ရယ်စရာအဖြစ်သာ ဖြေတွေးလေ့ရှိတယ်လို့ မေသဉ္ဇာဦးက ဆိုပါတယ်။

ပရိသတ်ကြီးတို့ရေ ဒီအင်တာဗျုးလေးမှာတော့ အကယ်ဒမီမေသဉ္ဇာဦးက သူမရဲ့ လက်ရှိမိသားစုအခြေအနေနဲ့ အနေအေးတဲ့ သူမရဲ့ခင်ပွန်းသည်ကြောင့် သာယာအေးချမ်းတဲ့ အိမ်ထောင်သည်ဘဝတစ်ခုကို ရရှိထားတဲ့အကြောင်း အမှတ်တရအကြောင်းအရာလေးတွေ ဖြည့်စွက်ပြီး အရွှမ်းဖောက်ဖြေကြားသွားပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအင်တာဗျူးလေးနဲ့ ပတ်သတ်လို့ ပရိသတ်ကြီးတို့ရဲ့ ထင်မြင်ချက်လေးတွေကိုလည်း ဝေမျှပေးခဲ့ပါဦးနော်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *