အခုအချိန်မှာ အခက်အခဲဆုံးဖြစ်နေပြီး ခင်ပွန်းဟောင်းဖြစ်သူကို မမေ့နိုင်သေးတဲ့အကြောင်း ရင်ဖွင့်ခဲ့တဲ့ ဇာဇာထက်






Read in UNICODE

အနုပညာလောကမှာ ရပ်တည်နေပြီး မော်လ်ဒယ်တစ်ယောက်အဖြစ် ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ မော်လ်ဒယ်သရုပ်ဆောင် ဇာဇာထက်ကိုတော့ ပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုလောက်တော့ပါဘူးနော်..။ ဇာဇာထက်ကတော့ အချိုးအစားကျလွန်းတဲ့ ခန္ဓာကောက်ကြာင်းအလှတရားတွေကို ပိုင်ဆိုင်ထားတဲ့အပြင် ညို့အားပြင်းလွန်းတဲ့

ဖက်ရှင်တွေကြောင့်လည်း ပုရိသပရိသတ်တွေကြား ရေပန်းစားနေသူလည်း ဖြစ်ပါတယ်နော်..။ ဇာဇာထက်ကတော့ သူမရဲ့အချစ်ရး အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းအသိပေးပြောပြထားသလို ပြတ်စဲသွားတဲ့အချိန်မှာလည်း ပရိသတ်တွေကို အသိပေးပြောပြခဲ့ပြီး အခက်အခဲဆုံးအချိန်တွေကို

အကောင်းဆုံးကျော်ဖြတ်နေတာလည်း တွေ့ရပါတယ်..။ အခုတစ်ခါမှာလည်း ဇာဇာထက်တစ်ယောက် ခင်ပွန်းဟောင်းကိုမမေ့သေးပေမယ့် မေ့ဖိုကြိုးစားနေတဲ့ လက်ရှိအခက်အခဲဆုံးအချိန်တွေကို စိတ်မကောင်းစွာပြောပြလာကာ မဖြစ်မနေမေ့ပြစ်လိုက်ဖို့ ဆုံးဖြတ်ကြိုးစားနေတဲ့အကြောင်းလေး ပြောပြလာပါတယ်နော်..။ “အရိုးသားဆုံး ဝန်ခံရရင်သူ့ကို မေ့ပြီဆိုပြီးကျွန်မကိုယ်ကျွန်မ

လိမ်ညာနေရတာ ခံရအခက်ဆုံးပါ😔တိုက်ဆိုင်မှုတွေကြုံလာရင် တခါတလေပြန်သတိရမိတာမျိုးတော့ဖြစ်မိပါတယ်😔ပြန်လိုချင်လားဆိုတော့လည်း လုံးဝကိုမလိုချင်တော့ဘူး🙏🏻သတိရပိုင်ခွင့်တော့ရှိတယ် ဒါပေမဲ့ ကျွန်မဘဝအတွက် သူ့ကိုမေ့ပစ်ဖို့မဖြစ်မနေကြိုးစားနေထိုင်နေရတာ အခက်အခဲဆုံးအချိန်တွေပါပဲ လင်မယားသံယောဇဉ်နဲ့ ရည်းစားသံယောဇဉ်ကမတူပါဘူး😔ပိုဆိုးတာက ငယ်လင်ငယ်မယားဆိုတော့

ပိုခက်ခဲပါတယ်😔ခွက်လေးလှလို့ပြစ်ချလိုက်ရင် ကွဲသွားမှာစိုးလို့ အပူခံပြီးကိုင်ထားခဲ့ပေမယ့်လည်း ရေစက်ကုန်သွားတဲ့အခါမှာတော့ ခွက်လေးကို နောက်ဆုံးမှာပြစ်ချခဲ့လိုက်ပါပြီ😔တခါတလေမှာ တချို့အရာတွေက ဘဝအတွက်မဖြစ်မနေ မေ့ကိုမေ့ရမှာဆိုတာကို ကျွန်မခေါင်းထဲမှာဆုံးဖြတ်ပြီးသားပါ😔..” ဆိုပြီး ရေးသားပြောပြထားတာပါ..။ ချစ်ခင်အားပေးနေကြတဲ့ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း ဇာဇာထက်ကိုအတွက် စိတ်မကောင်းဖြစ်ကြရသလို အားပေးစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။

Source : Zar Htet’s Facebook

Add a Comment

Your email address will not be published. Required fields are marked *