ခ်စ္ဇနီးေလးကို ညအိပ္ခ်ိန္နဲ႔ မဂၤလာေဆာင္ခ်ိန္ကလြဲလို႔ သူ႔ရဲ႕ ညာဘက္မွာပဲ ထားရတဲ့ အဓိကအေၾကာင္းအရင္းကို ေျပာျပခဲ့တဲ့ ႏိုင္းဝမ္း

ႏိုင္းဝမ္းကေတာ့ ခ်စ္ရသူေလးနဲ႔အတူ ႏွစ္ကိုယ္တူဘဝေလးကို တည္ေဆာက္လိုက္တာဟာဆိုရင္ လပိုင္းပဲရွိပါေသးတယ္ေနာ္။ႏိုင္းဝမ္းတို႔ဇနီးေမာင္ႏွံႏွစ္ေယာက္က သမီးရည္းစားဘဝကိုလည္းႏွစ္ေတြအၾကာႀကီးျဖတ္သန္းခဲ့တာေၾကာင့္ အတြင္းသိအဆင္းသိေတြျဖစ္လို႔

အျပန္အလွန္နားလည္မႈအျပည့္ရွိၾကပါတယ္။ႏိုင္းဝမ္းက ခ်စ္ဇနီးေခ်ာေလးကိုသည္းသည္းလႈပ္ခ်စ္ၿပီး အၿမဲဂ႐ုစိုက္ေပးတဲ့ခင္ပြန္းေကာင္းတစ္ေယာက္ျဖစ္ပါတယ္ေနာ္။ ႏိုင္းဝမ္းကေတာ့”ကြၽန္ေတာ္တို႔လင္မယားက

မဂၤလာေဆာင္တဲ့အခ်ိန္နဲ႔ ညအိပ္တဲ့အခ်ိန္ကလြဲလို႔ တျခားအခ်ိန္ေတြဆို ကြၽန္ေတာ့္ရဲ႕ညာဘက္မွာပဲ ကြၽန္ေတာ့္မိန္းမကိုအၿမဲထားေတာ့ေျပာင္းျပန္ျဖစ္ေနတယ္လို႔အၿမဲေျပာၾကတယ္..ဒါကလည္း ကိုယ့္အေၾကာင္းနဲ႔ကိုယ္ပါ ကြၽန္ေတာ့္မိန္းမရဲ႕ေမြးရာပါအက်င့္တစ္ခုက သူ႔ေရွ႕မွာရယ္စရာ

တစ္ခုခုေျပာလိုက္ၿပီဆိုတာနဲ႔ သူ႔ညာဘက္မွာ ဘယ္သူရွိရွိ တဟားဟားရယ္ၿပီး လက္ကတေျဗာင္းေျဗာင္းနဲ႔ေဆာ္ပေလာ္တီးေတာ့တာပဲ အရက္ဘားသြားထိုင္ၿပီးဟီလာထၾကတဲ့ညမ်ိဳးဆို သူ႔ညာဘက္မွာ

ထိုင္မိတဲ့သူကေတာ့ အိမ္ျပန္ေရာက္ရင္ ဘယ္ဘက္လက္ေမာင္းကို ပ႐ုတ္ဆီသာလိမ္းအိပ္ေပေတာ့ပဲ” “ကိုယ္ကလည္း ေပါက္တတ္ကရတစ္ခ်ိန္လုံးေျပာတဲ့ေကာင္ျဖစ္ေနေတာ့ တစ္သက္လုံး ညာေမာင္းကားစီးလာရာကေန မခံႏိုင္ေတာ့လို႔ ဘယ္ေမာင္းကားေျပာင္းစီးလိုက္ရတဲ့အထိပါဆို

စဥ္းစားသာၾကည့္ေတာ့ အဆိုးဆုံးကေတာ့ဗ်ာ တခါတေလ ကိုယ္ကဘာစကားမွမေျပာပဲကားေမာင္းေနခ်ိန္ေတာင္ သူ႔ဟာသူရယ္စရာေတြစဥ္းစားမိၿပီး ေဘးကေမာင္းေနတဲ့ေကာင္ကို ဘလိုင္ႀကီးေဆာ္တာ ကိုယ့္မွာလန႔္ဖ်န႔္သြားရတယ္”ဆိုၿပီး ခ်စ္ဇနီးေလးရဲ႕ အသည္းယားစရာအက်င့္တစ္ခုကို ပြင့္ပြင့္လင္းလင္းေျပာျပလာတာပဲျဖစ္ပါတယ္ေနာ္။

Read in UNICODE

နိုင်းဝမ်းကတော့ ချစ်ရသူလေးနဲ့အတူ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်လိုက်တာဟာဆိုရင် လပိုင်းပဲရှိပါသေးတယ်နော်။နိုင်းဝမ်းတို့ဇနီးမောင်နှံနှစ်ယောက်က သမီးရည်းစားဘဝကိုလည်းနှစ်တွေအကြာကြီးဖြတ်သန်းခဲ့တာကြောင့် အတွင်းသိအဆင်းသိတွေဖြစ်လို့

အပြန်အလှန်နားလည်မှုအပြည့်ရှိကြပါတယ်။နိုင်းဝမ်းက ချစ်ဇနီးချောလေးကိုသည်းသည်းလှုပ်ချစ်ပြီး အမြဲဂရုစိုက်ပေးတဲ့ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။ နိုင်းဝမ်းကတော့”ကျွန်တော်တို့လင်မယားက

မင်္ဂလာဆောင်တဲ့အချိန်နဲ့ ညအိပ်တဲ့အချိန်ကလွဲလို့ တခြားအချိန်တွေဆို ကျွန်တော့်ရဲ့ညာဘက်မှာပဲ ကျွန်တော့်မိန်းမကိုအမြဲထားတော့ပြောင်းပြန်ဖြစ်နေတယ်လို့အမြဲပြောကြတယ်..ဒါကလည်း ကိုယ့်အကြောင်းနဲ့ကိုယ်ပါ ကျွန်တော့်မိန်းမရဲ့မွေးရာပါအကျင့်တစ်ခုက သူ့ရှေ့မှာရယ်စရာ

တစ်ခုခုပြောလိုက်ပြီဆိုတာနဲ့ သူ့ညာဘက်မှာ ဘယ်သူရှိရှိ တဟားဟားရယ်ပြီး လက်ကတဗြောင်းဗြောင်းနဲ့ဆော်ပလော်တီးတော့တာပဲ အရက်ဘားသွားထိုင်ပြီးဟီလာထကြတဲ့ညမျိုးဆို သူ့ညာဘက်မှာ

ထိုင်မိတဲ့သူကတော့ အိမ်ပြန်ရောက်ရင် ဘယ်ဘက်လက်မောင်းကို ပရုတ်ဆီသာလိမ်းအိပ်ပေတော့ပဲ” “ကိုယ်ကလည်း ပေါက်တတ်ကရတစ်ချိန်လုံးပြောတဲ့ကောင်ဖြစ်နေတော့ တစ်သက်လုံး ညာမောင်းကားစီးလာရာကနေ မခံနိုင်တော့လို့ ဘယ်မောင်းကားပြောင်းစီးလိုက်ရတဲ့အထိပါဆို

စဉ်းစားသာကြည့်တော့ အဆိုးဆုံးကတော့ဗျာ တခါတလေ ကိုယ်ကဘာစကားမှမပြောပဲကားမောင်းနေချိန်တောင် သူ့ဟာသူရယ်စရာတွေစဉ်းစားမိပြီး ဘေးကမောင်းနေတဲ့ကောင်ကို ဘလိုင်ကြီးဆော်တာ ကိုယ့်မှာလန့်ဖျန့်သွားရတယ်”ဆိုပြီး ချစ်ဇနီးလေးရဲ့ အသည်းယားစရာအကျင့်တစ်ခုကို ပွင့်ပွင့်လင်းလင်းပြောပြလာတာပဲဖြစ်ပါတယ်နော်။

Source : Kyaw Zin Latt’s Facebook

Add a Comment

Your email address will not be published. Required fields are marked *