ခင္ရတနာစိုး သူမအတြက္ ထိုးေပးခဲ့တဲ့ တက္တူးက တလြဲေတြျဖစ္ခဲ့တာေၾကာင့္ ရယ္ရမလို ငိုရမလိုျဖစ္ခဲ့ရတဲ့ နီနီခင္ေဇာ္

နီနီခင္ေဇာ္ရဲ့ Team Ni Ni က Finalist ျပိဳင္ပြဲဝင္ ခင္ရတနာစိုးကလည္း Winner ဆုၾကီးနဲ့ လြဲေခ်ာ္ခဲ့ရေပမယ့္ တစ္နိုင္ငံလံုးက ပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာရရိွခဲ့ျပီပဲ ျဖစ္ပါတယ္။ ခင္ရတနာစိုးကေတာ့ သူမရဲ့ ပင္ကိုယ္အရည္အခ်င္းေၾကာင့္သာမက Coach ျဖစ္သူ

နီနီခင္ေဇာ္ရဲ့ သင္ၾကားျပသေပးမႈေၾကာင့္ ပရိသတ္သိတဲ့ ျပိုင္ပြဲဝင္ျဖစ္လာခဲ့ျပီး သူမရဲ့ ေက်းဇူးရွင္ဆရာသမား နီနီခင္ေဇာ္အတြက္ နီနီခင္ေဇာ္ရဲ့ Logo ကို တက္တူးေလးထိုးေပးခဲ့ပါတယ္။ ဒါေပမယ့္ ခင္ရတနာစိုးထိုးလိုက္တဲ့ Logo က နီနီခင္ေဇာ္ထုတ္တဲ့ အလွကုန္ပစၥည္း logo ျဖစ္ေနတာေၾကာ္င့ နီနီခင္ေဇာ္က “ကိုယ့္ Logo ဆိုပီး Super Red logo

ထိုးလိုက္တဲ့ဆရာမ 😊 Phoenix က ကိုယ္ပိုင္ Logo မို႔လို႔သူ႔ကို ရွင္းျပရ​ေသးတယ္ .. ခင္ခင့္ကို ​ေက်းဇူးတင္ပါတယ္… မိသားစုလိုသ​​ေဘာထား​ေပးလို႔ပါ…. သူ႔ Fan ​ေတြကိုယ္စား​ေတာ့ ဆူထား​ေပးတယ္​​ေနာ္ 😄” ဆိုျပီး ခင္ရတနာစိုးအေၾကာင္းေလးကို ေျပာျပလာပါတယ္။ နီနီခင္ေဇာ္ရဲ့ ကိုယ္ပိုင္ logo ေလးက

ဇာမဏီငွက္ပံုေလးျဖစ္ေပမယ့္ ခင္ရတနာစိုးက နီနီခင္ေဇာ္ထုတ္တဲ့ Super Red အမွတ္တံဆိပ္ Logo ေလး ထုိးခဲ့တာေၾကာင့္ ရယ္ရခက္၊ ငိုရခက္ျဖစ္ခဲ့့ရတာပဲ ျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ခင္ရတနာစိုးတစ္ေယာက္ နီနီခင္ေဇာ္ကိုခ်စ္တဲ့စိတ္ကေတာ့ ခ်ီးက်ဴးစရာပါပဲေနာ္။ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

နီနီခင်ဇော်ရဲ့ Team Ni Ni က Finalist ပြိုင်ပွဲဝင် ခင်ရတနာစိုးကလည်း Winner ဆုကြီးနဲ့ လွဲချော်ခဲ့ရပေမယ့် တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ခင်ရတနာစိုးကတော့ သူမရဲ့ ပင်ကိုယ်အရည်အချင်းကြောင့်သာမက Coach ဖြစ်သူ

နီနီခင်ဇော်ရဲ့ သင်ကြားပြသပေးမှုကြောင့် ပရိသတ်သိတဲ့ ပြိုင်ပွဲဝင်ဖြစ်လာခဲ့ပြီး သူမရဲ့ ကျေးဇူးရှင်ဆရာသမား နီနီခင်ဇော်အတွက် နီနီခင်ဇော်ရဲ့ Logo ကို တက်တူးလေးထိုးပေးခဲ့ပါတယ်။ ဒါပေမယ့် ခင်ရတနာစိုးထိုးလိုက်တဲ့ Logo က နီနီခင်ဇော်ထုတ်တဲ့ အလှကုန်ပစ္စည်း logo ဖြစ်နေတာကြော်င့ နီနီခင်ဇော်က “ကိုယ့် Logo ဆိုပီး Super Red logo

ထိုးလိုက်တဲ့ဆရာမ 😊 Phoenix က ကိုယ်ပိုင် Logo မို့လို့သူ့ကို ရှင်းပြရသေးတယ် .. ခင်ခင့်ကို ကျေးဇူးတင်ပါတယ်… မိသားစုလိုသဘောထားပေးလို့ပါ…. သူ့ Fan တွေကိုယ်စားတော့ ဆူထားပေးတယ်နော် 😄” ဆိုပြီး ခင်ရတနာစိုးအကြောင်းလေးကို ပြောပြလာပါတယ်။ နီနီခင်ဇော်ရဲ့ ကိုယ်ပိုင် logo လေးက

ဇာမဏီငှက်ပုံလေးဖြစ်ပေမယ့် ခင်ရတနာစိုးက နီနီခင်ဇော်ထုတ်တဲ့ Super Red အမှတ်တံဆိပ် Logo လေး ထိုးခဲ့တာကြောင့် ရယ်ရခက်၊ ငိုရခက်ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခင်ရတနာစိုးတစ်ယောက် နီနီခင်ဇော်ကိုချစ်တဲ့စိတ်ကတော့ ချီးကျူးစရာပါပဲနော်။ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Ni Ni Khin Zaw’s Facebook

Add a Comment

Your email address will not be published. Required fields are marked *