ေမြးေန႔မွာ ခ်စ္ရတဲ့သူေတြ ဝိုင္းၿပီး စပ႐ိုက္လုပ္ေပးခဲ့တာေၾကာင့္ အရမ္းေပ်ာ္ရႊင္ အံၾသခဲ့ရတဲ့ ေနျခည္ဦး

ပရိသတ္ေတြ အားလုံးက ခ်ီခ်ီလို႔ ခ်စ္စႏိုးေခၚၾကတဲ့ ေနျခည္ဦးကေတာ့ Beauty Blogger တစ္ေယာက္အျဖစ္ ပရိသတ္ေတြရဲ႕ ရင္ထဲ စတင္ေနရာယူထားႏိုင္ခဲ့ၿပီး အခုဆိုရင္ ေအာင္ျမင္ေက်ာ္ၾကားတဲ့

သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလးအျဖစ္ ရပ္တည္ေနၿပီ ျဖစ္ပါတယ္ ။အၿမဲစမတ္က်ကာ ဆြဲေဆာင္မႈရွိတဲ့အလွတရားေတြကို ပိုင္ဆိုင္ထားတဲ့ ခ်ီခ်ီကစကားေျပာရာမွာလည္း ပြင့္လင္း

သြက္လက္လြန္းတာေၾကာင့္ ပရိသတ္ေတြအဓိကေႂကြေနရတာပါ။ ေနျခည္ဦးက အႏုပညာအလုပ္ေတြလုပ္ကိုင္ေနေပမယ့္ Beauty Blogger တစ္ေယာက္အျဖစ္လည္း အလွအပေရးရာဗဟုသုတေတြကို မွ်ေဝေနဆဲျဖစ္ပါတယ္။လက္ရွိမွာဆိုရင္လည္း အႏုပညာအလုပ္ေတြကို

ျဖည္းျဖည္းမွန္မွန္လုပ္ေဆာင္ၿပီး ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈေတြကို သိမ္းပိုက္ေနတာျဖစ္ပါတယ္။ ကိုဗစ္ကာလမွာ အလုပ္ေတြနားထားေပမယ့္လည္း အခု႐ိုက္ကူးေရးေတြျပန္လည္

စတင္လုပ္ကိုင္ေနၿပီလို႔လည္းသိရပါတယ္။ အခုမွာေတာ့ မၾကာခင္က်ေရာက္ေတာ့မယ့္သူရဲ႕ေမြးေန႔ေလးကို အႀကိဳအေနနဲ႔ ခ်စ္ရတဲ့သူငယ္ခ်င္းေတြက ေမြးေန႔ suprise လာလုပ္ေပးခဲ့တာေၾကာင့္

အတိုင္းမသိေပ်ာ္႐ႊင္ခဲ့ရေၾကာင္း ဗီဒီယိုေလးနဲ႔အတူ ” ေနာက္ေန႔ ဆို ျပင္ဦးလြင္မွာ ကား႐ိုက္သြားရေတာ့မွာဆိုေတာ့ ေမြးေန႔ေလး မလုပ္ရေတာ့ဘူးဆိုၿပီး ဝမ္းနည္းေနတာ ဪ bestfriends for life ပါ ” ဆိုတဲ့စာေလးကို မွ်ေဝခဲ့တာျဖစ္ပါတယ္။

Read in UNICODE

ပရိသတ်တွေ အားလုံးက ချီချီလို့ ချစ်စနိုးခေါ်ကြတဲ့ နေခြည်ဦးကတော့ Beauty Blogger တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ ရင်ထဲ စတင်နေရာယူထားနိုင်ခဲ့ပြီး အခုဆိုရင် အောင်မြင်ကျော်ကြားတဲ့

သရုပ်ဆောင်မင်းသမီးချောလေးအဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ် ။အမြဲစမတ်ကျကာ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ချီချီကစကားပြောရာမှာလည်း ပွင့်လင်း

သွက်လက်လွန်းတာကြောင့် ပရိသတ်တွေအဓိကကြွေနေရတာပါ။ နေခြည်ဦးက အနုပညာအလုပ်တွေလုပ်ကိုင်နေပေမယ့် Beauty Blogger တစ်ယောက်အဖြစ်လည်း အလှအပရေးရာဗဟုသုတတွေကို မျှဝေနေဆဲဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေကို

ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို သိမ်းပိုက်နေတာဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ အလုပ်တွေနားထားပေမယ့်လည်း အခုရိုက်ကူးရေးတွေပြန်လည်

စတင်လုပ်ကိုင်နေပြီလို့လည်းသိရပါတယ်။ အခုမှာတော့ မကြာခင်ကျရောက်တော့မယ့်သူရဲ့မွေးနေ့လေးကို အကြိုအနေနဲ့ ချစ်ရတဲ့သူငယ်ချင်းတွေက မွေးနေ့ suprise လာလုပ်ပေးခဲ့တာကြောင့်

အတိုင်းမသိပျော်ရွှင်ခဲ့ရကြောင်း ဗီဒီယိုလေးနဲ့အတူ ” နောက်နေ့ ဆို ပြင်ဦးလွင်မှာ ကားရိုက်သွားရတော့မှာဆိုတော့ မွေးနေ့လေး မလုပ်ရတော့ဘူးဆိုပြီး ဝမ်းနည်းနေတာ ဪ bestfriends for life ပါ ” ဆိုတဲ့စာလေးကို မျှဝေခဲ့တာဖြစ်ပါတယ်။

Source : Nay Chi Oo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *