ပကာသနတွေမရှိပဲ စမ်းချောင်းလေးဘေးမှာ နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင်နဲ့ ဟင်းတွေချက်ပြုတ် စားသောက်ခဲ့ကြတဲ့ ရီရီပွင့်ဖြူ နဲ့ မောင် တို့စုံတွဲ
Read in UNICODE
သရုပ်ဆောင် မောင်ကတော့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာအောင် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ အခုချိန်မှာတော့ မောင်က အနုပညာလောက ကနေ အနားယူခဲ့တာဖြစ်ပြီး မိသားစုစီးပွားရေးလုပ်ငန်းတွေကိုသာ
လုပ်ကိုင်နေတာကို တွေ့ရပါတယ် ။ အချစ်ရေးနဲ့ပတ်သက်ရင်တော့ မောင်က ချစ်သူလေးရီရီပွင့်ဖြူနဲ့အတူ ပျော်ရွှင်စရာအချစ်ခရီးလမ်းလေးကို လျှောက်လှမ်းနေတာ ဖြစ်ပါတယ် ။မောင်နဲ့ ရီရီပွင့်ဖြူတို့စုံတွဲလေးကတော့
အခုဆိုရင် ချစ်သူသက်တမ်း (၇) နှစ်ကျော်တောင် ရှိနေပြီပဲ ဖြစ်ပါတယ် ။ သူတို့ချစ်သူနှစ်ဦးက နားလည်မှုရှိရှိနဲ့ လက်တွဲနေကြတဲ့ စုံတွဲလေးဆိုရင်လည်း မမှားပါဘူးနော် ။ အနုပညာအလုပ်တွေကို
ရပ်နားထားကြတဲ့ သူတို့နှစ်ယောက်က ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် Vlogလေးတွေရိုက်ကာ လူမှုကွန်ယက်ထက်မှာ ဝေမျှလေ့ရှိတာလည်း ဖြစ်ပါတယ်။အပတ်စဉ်တိုင်း တင်ပေးနေကြဖြစ်တဲ့ သူတို့ Vlogလေးတွေက
ပရိသတ်တွေကို အချစ်ပိုတာဖြစ်ပြီး ယနေ့မှာလည်း နေရာ အဆန်းလေးမှာ သွားရောက်ရိုက်ကူးခဲ့ပါသေးတယ်။ စမ်းချောင်းလေးရဲ့ ဘေးမှာ နှစ်ယောက်အတူ တက်ညီလက်ညီနဲ့ စားကောင်းသောက်ဖွယ်တွေကို ချက်ပြုတ်စားသောက်နေကြတဲ့ မောင်နဲ့ ရီရီကို ပရိသတ်တွေထံ ဝေမျှပေးလိုက်ပါတယ်နော်……။
Source : Sein Phyo & Yi’s Facebook
Add a Comment
Your email address will not be published. Required fields are marked *