မိခင္ျဖစ္သူအတြက္ အႏုပညာအလုပ္ေတြ ႀကိဳးစားလုပ္ရင္းရတဲ့ ပိုက္ဆံေတြနဲ႔ တန္ဖိုးႀကီး စိန္နားကပ္ေလးတစ္ရံ ဝယ္ေပးခဲ့တဲ့ ခင္ရတနာစိုး

ပရိသတ္အားေပးမႈကို The Voice Myanmar ၿပိဳင္ပြဲ ကေနတဆင့္ အခိုင္အမာရရွိခဲ့တဲ့ ခင္ရတနာစိုးကေတာ့ အခုဆိုရင္ အႏုပညာလမ္းေၾကာင္းေပၚမွာ ေလွ်ာက္လွမ္းေနခဲ့ၿပီျဖစ္ပါတယ္ ။ လတ္တေလာမွာေတာ့ ကိုဗစ္ကာလႀကီးမွာ Show ေတြမဆို

ႏိုင္ေသးေပမယ့္လည္း Live Sale ေလးေတြေရာင္းခ်ၿပီးရတဲ့အႏုပညာေၾကးနဲ႔ မိခင္ျဖစ္သူကို ျပန္လည္ေက်းဇူးဆပ္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ပရိသတ္ေတြကို မွ်ေဝေပးလာခဲ့ပါတယ္ ။ ဟိုး ငယ္ငယ္ေလးကထဲက မိခင္ျဖစ္သူ သီခ်င္းဆိုရင္းပိုက္ဆံရွာၿပီး ကန္ေတာ့ခဲ့ေပမယ့္ အခုခ်ိန္ထိ

အဖတ္တင္တာရယ္လို႔ မဝယ္ေပးဖူးေသးတဲ့အတြက္ ဇန္နဝါရီလ (၁၂) ရက္ေန႔ညက သူမ Live saleလုပ္ရင္းနဲ႔ လုပ္အားခေလးစုၿပီး ေမေမပူဆာေနတဲ့ ခရမ္းဆြဲစိန္နားကပ္ကိုဝယ္ေပးႏိုင္ခဲ့ပါတယ္ ။ သမီးအတြက္ဒီအခ်ိန္မွာလိုအပ္တာက ကိုယ္ပိုင္သီခ်င္းနဲ႔ ကိုယ္ပိုင္ကားေလးပါ ဒါေပမယ့္

အေမ့ရဲ႕ဆႏၵနဲ႔ယွဥ္ရင္ေတာ့ဒါေတြကအေရးမပါပါဘူး ဆိုတဲ့စာသားေလးနဲ႔အတူ သူမလိုအပ္ေနတာထက္ မိခင္ျဖစ္သူလိုခ်င္ေနတာေလးကို ဝယ္ေပးႏိုင္ခဲ့ေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ ေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္ ။ ခင္ခင္က သူမအေမကို အရမ္းခ်စ္သလို သူမ အတြက္အလုပ္အကိုင္အဆင္ေျပဖို႔

အၿမဲဆုေတာင္းေပးေနပါ ၊ ပြစိပြစိလဲေလ်ာ့ေပးပါလို႔လည္း ခ်စ္စဖြယ္ေတာင္းဆိုထားပါေသးတယ္ ။ အသက္ငယ္ငယ္ေလးနဲ႔မိဘအေပၚ သိတတ္လိမၼာတဲ့သမီးေလး ခင္ခင္အတြက္ ပရိသတ္ေတြကလည္း ခ်ီးက်ဴးေလးစားေၾကာင္း မွတ္ခ်က္ေလးေတြ ေရးသားခဲ့ၾကပါတယ္ ။

Read in UNICODE

ပရိသတ်အားပေးမှုကို The Voice Myanmar ပြိုင်ပွဲ ကနေတဆင့် အခိုင်အမာရရှိခဲ့တဲ့ ခင်ရတနာစိုးကတော့ အခုဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေခဲ့ပြီဖြစ်ပါတယ် ။ လတ်တလောမှာတော့ ကိုဗစ်ကာလကြီးမှာ Show တွေမဆို

နိုင်သေးပေမယ့်လည်း Live Sale လေးတွေရောင်းချပြီးရတဲ့အနုပညာကြေးနဲ့ မိခင်ဖြစ်သူကို ပြန်လည်ကျေးဇူးဆပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ဟိုး ငယ်ငယ်လေးကထဲက မိခင်ဖြစ်သူ သီချင်းဆိုရင်းပိုက်ဆံရှာပြီး ကန်တော့ခဲ့ပေမယ့် အခုချိန်ထိ

အဖတ်တင်တာရယ်လို့ မဝယ်ပေးဖူးသေးတဲ့အတွက် ဇန်နဝါရီလ (၁၂) ရက်နေ့ညက သူမ Live saleလုပ်ရင်းနဲ့ လုပ်အားခလေးစုပြီး မေမေပူဆာနေတဲ့ ခရမ်းဆွဲစိန်နားကပ်ကိုဝယ်ပေးနိုင်ခဲ့ပါတယ် ။ သမီးအတွက်ဒီအချိန်မှာလိုအပ်တာက ကိုယ်ပိုင်သီချင်းနဲ့ ကိုယ်ပိုင်ကားလေးပါ ဒါပေမယ့်

အမေ့ရဲ့ဆန္ဒနဲ့ယှဉ်ရင်တော့ဒါတွေကအရေးမပါပါဘူး ဆိုတဲ့စာသားလေးနဲ့အတူ သူမလိုအပ်နေတာထက် မိခင်ဖြစ်သူလိုချင်နေတာလေးကို ဝယ်ပေးနိုင်ခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။ ခင်ခင်က သူမအမေကို အရမ်းချစ်သလို သူမ အတွက်အလုပ်အကိုင်အဆင်ပြေဖို့

အမြဲဆုတောင်းပေးနေပါ ၊ ပွစိပွစိလဲလျော့ပေးပါလို့လည်း ချစ်စဖွယ်တောင်းဆိုထားပါသေးတယ် ။ အသက်ငယ်ငယ်လေးနဲ့မိဘအပေါ် သိတတ်လိမ္မာတဲ့သမီးလေး ခင်ခင်အတွက် ပရိသတ်တွေကလည်း ချီးကျူးလေးစားကြောင်း မှတ်ချက်လေးတွေ ရေးသားခဲ့ကြပါတယ် ။

Source : Khin Yadanar Soe’s Facebook

Add a Comment

Your email address will not be published. Required fields are marked *