ႏွစ္သစ္ကုသိုလ္အျဖစ္ တရားစခန္းဝင္ရင္း ဘုရားျပဳျပင္ေရးအတြက္ အလွဴေလးေတြလုပ္ခဲ့တယ္ဆိုတဲ့ ဝတ္မွံုေရႊရည္

ဝတ္မႈန္ေ႐ႊရည္ကေတာ့ ႏွစ္သစ္ကုသိုလ္ေလးအျဖစ္ ေအာင္ဇဗၺဴေတာရေက်ာင္းမွာ တရားစခန္းဝင္ခဲ့တယ္လို႔ဆိုပါတယ္။ ဒီ တရားစခန္းမွာ ျပဳခဲ့တဲ့ ေကာင္းမႈကုသိုလ္ေတြကို သူမရဲ႕ ပရိသတ္ေတြ အတြက္ မွ်ေဝခဲ့ပါတယ္။ ” ႏွစ္သစ္ကူး အလႉအေနနဲ႔ (၃) ရက္တရားစခန္းေလး ဝင္ျဖစ္ပါတယ္။ ကစ္ရဲ႕ ေပ်ာ္႐ႊင္ျခင္း အခ်ိန္အစစ္မွန္ဆို တာ ကုသိုလ္ေကာင္းမႈ လုပ္ၿပီး တရားစခန္း ဝင္တဲ့ စိတ္ၿငိမ္းေအးမႈကို ခံစားရတဲ့အခ်ိန္ပါပဲ။ ပထမအႀကိမ္ လြန္ခဲ့တဲ့ တစ္ႏွစ္ခြဲေလာက္က ေရဦးၿမိဳ႕မွာ ေစတီတစ္ဆူလႉဒါန္းခဲ့ၿပီး အခု ဒုတိယ အႀကိမ္ေျမာက္ ေအာင္ဇမၺဴဆရာေတာ္ဘုရားႀကီးရဲ႕

လမ္းၫႊန္ေစာင့္ေရွာက္မႈကို ခံယူၿပီး မန္လည္မွာရွိတဲ့ အေလာင္းစည္သူမင္း တည္ထားခဲ့တဲ့ဘုရားအဆူ (၄၀)ထဲက တစ္ဆူကို ျပန္လည္ျပဳျပင္ ကုသိုလ္ယူခြင့္ရတဲ့အတြက္ ၾကည္ႏူးပီတိ အထူး ျဖစ္ရပါတယ္။ဘုရားလႉရတဲ့ေကာင္းမႈ အားလုံးနဲ႔ ဒီ (၃)ရက္ အဓိဌာန္က ရလာတဲ့ ေကာင္းမႈ အားလုံးကို (၇)ရက္သားသမီးမ်ား အားလုံး ရၾကပါေစ။ စိတ္ခ်မ္းသာ ကိုယ္က်န္းမာ၍ ေအးခ်မ္းၾကပါေစ” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၁၀ ရက္ေန႔ ညေန ၆ နာရီေက်ာ္က သူ႔ရဲ႕

ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ ဝတ္မႈန္ေ႐ႊရည္ရဲ႕ ကုသိုလ္အလႉေလးအတြက္ ပရိသတ္ေတြကလည္း ဝမ္းသာပီတိျဖစ္လို႔ေနပါတယ္။ သူမဟာ လက္ရွိျဖစ္ေပၚေနတဲ့ ကိုဗစ္ ကာလမွာ စားဝတ္ေနေရး အခက္အခဲ ႀကဳံေနရသူေတြအတြက္ စားနပ္ရိကၡာ အလႉေတြ၊ ကိုဗစ္ ကာကြယ္ေရး ပစၥည္းေတြ လိုက္လံ လႉဒါန္းခဲ့တာ ေတြ႕ရပါတယ္။ အလႉအတန္းနဲ႔ ပတ္သက္လာရင္ လက္မေႏွးတဲ့ အႏုပညာရွင္တစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။ ဝတ္မႈန္ေ႐ႊရည္က

သူမရဲ႕ ေမြးေန႔တိုင္းကိုလည္း အလႉအတန္းေတြ လုပ္ရင္း ျဖတ္သန္းတတ္သူ ျဖစ္ပါတယ္။ ဝတ္မႈံေ႐ႊရည္ဟာ Kanebo ေၾကာ္ျငာနဲ႔ အႏုပညာေလာကထဲကို ေရာက္ရွိလာတာျဖစ္ၿပီး ၂၀၀၈ ခုႏွစ္မွာ ဇာတ္ကားမ်ား စတင္႐ိုက္ကူးခဲ့ပါတယ္။ ေၾကာ္ျငာမ်ားနဲ႔ လူႀကိဳက္မ်ားလာခဲ့တဲ့ သ႐ုပ္ေဆာင္ တစ္ဦး ျဖစ္ပါတယ္။ ဝတ္မႈံေ႐ႊရည္ဟာ ၂၀၁၃ ခုႏွစ္က “နင္ေစရင္” ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့ၿပီး အဲ့ဒီအကယ္ဒမီ ေ႐ႊၾကယ္ကိုလည္း ၂၀၁၅ခုႏွစ္၊ ေဖေဖာ္ဝါရီ (၁)ရက္ေန႔က ေမွာ္ဘီၿမိဳ႕ရွိ

ေအာင္ဇဗၺဴေတာ ရေက်ာင္းတိုက္မွာ လႉဒါန္းခဲ့ပါတယ္။ သူမဟာ ၂၀၁၄ခုႏွစ္မွာေတာ့ ” ႏွလုံးသားနဲ႔ျပဳလုပ္သည္” ႐ုပ္ရွင္ဇာတ္ကားႀကီး နဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆုကိုလည္း ရရွိထားပါတယ္။ ဒါ့အျပင္ ျပည္ပႏိုင္ငံက ခ်ီးျမႇင့္တဲ့ ႐ုပ္ရွင္ဆုေတြလည္း ရရွိပိုင္ဆိုင္ထားသူျဖစ္ၿပီး အေမရိကန္အေျခစိုက္ နာမည္ႀကီး မဂၢဇင္းတစ္ခုျဖစ္တဲ့ Forbes မဂၢဇင္းက ထုတ္ျပန္လိုက္တဲ့ Top 100 Asia’s Digital Stars စာရင္းထဲမွာကမာၻေက်ာ္ အႏုပညာရွင္ေတြနဲ႔အတူ ျမန္မာႏိုင္ငံက ထိပ္တန္းအႏုပညာရွင္အျဖစ္နဲ႔လည္း ပါဝင္ခဲ့ဖူးပါတယ္။

Read in UNICODE

ဝတ်မှုန်ရွှေရည်ကတော့ နှစ်သစ်ကုသိုလ်လေးအဖြစ် အောင်ဇဗ္ဗူတောရကျောင်းမှာ တရားစခန်းဝင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီ တရားစခန်းမှာ ပြုခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကို သူမရဲ့ ပရိသတ်တွေ အတွက် မျှဝေခဲ့ပါတယ်။ ” နှစ်သစ်ကူး အလှူအနေနဲ့ (၃) ရက်တရားစခန်းလေး ဝင်ဖြစ်ပါတယ်။ ကစ်ရဲ့ ပျော်ရွှင်ခြင်း အချိန်အစစ်မှန်ဆို တာ ကုသိုလ်ကောင်းမှု လုပ်ပြီး တရားစခန်း ဝင်တဲ့ စိတ်ငြိမ်းအေးမှုကို ခံစားရတဲ့အချိန်ပါပဲ။ ပထမအကြိမ် လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ရေဦးမြို့မှာ စေတီတစ်ဆူလှူဒါန်းခဲ့ပြီး အခု ဒုတိယ အကြိမ်မြောက် အောင်ဇမ္ဗူဆရာတော်ဘုရားကြီးရဲ့

လမ်းညွှန်စောင့်ရှောက်မှုကို ခံယူပြီး မန်လည်မှာရှိတဲ့ အလောင်းစည်သူမင်း တည်ထားခဲ့တဲ့ဘုရားအဆူ (၄၀)ထဲက တစ်ဆူကို ပြန်လည်ပြုပြင် ကုသိုလ်ယူခွင့်ရတဲ့အတွက် ကြည်နူးပီတိ အထူး ဖြစ်ရပါတယ်။ဘုရားလှူရတဲ့ကောင်းမှု အားလုံးနဲ့ ဒီ (၃)ရက် အဓိဌာန်က ရလာတဲ့ ကောင်းမှု အားလုံးကို (၇)ရက်သားသမီးများ အားလုံး ရကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ အေးချမ်းကြပါစေ” ဆိုပြီးတော့ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့

ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဝတ်မှုန်ရွှေရည်ရဲ့ ကုသိုလ်အလှူလေးအတွက် ပရိသတ်တွေကလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူမဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ် ကာလမှာ စားဝတ်နေရေး အခက်အခဲ ကြုံနေရသူတွေအတွက် စားနပ်ရိက္ခာ အလှူတွေ၊ ကိုဗစ် ကာကွယ်ရေး ပစ္စည်းတွေ လိုက်လံ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဝတ်မှုန်ရွှေရည်က

သူမရဲ့ မွေးနေ့တိုင်းကိုလည်း အလှူအတန်းတွေ လုပ်ရင်း ဖြတ်သန်းတတ်သူ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ ခုနှစ်က “နင်စေရင်” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ

အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ ” နှလုံးသားနဲ့ပြုလုပ်သည်” ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံက ချီးမြှင့်တဲ့ ရုပ်ရှင်ဆုတွေလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပြီး အမေရိကန်အခြေစိုက် နာမည်ကြီး မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Forbes မဂ္ဂဇင်းက ထုတ်ပြန်လိုက်တဲ့ Top 100 Asia’s Digital Stars စာရင်းထဲမှာကမ္ဘာကျော် အနုပညာရှင်တွေနဲ့အတူ မြန်မာနိုင်ငံက ထိပ်တန်းအနုပညာရှင်အဖြစ်နဲ့လည်း ပါဝင်ခဲ့ဖူးပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *