အေဖျဖစ္သူက ပိုက္ဆံကို အရမ္းႏွေျမာတတ္လို႔ ေစ်းႀကီးတဲ့ဆိုင္ေတြကို ကိုယ္တိုင္ေခၚသြားၿပီး အက်ႌအဝတ္အစား အေကာင္းစားေတြ ဝယ္ေပးခဲ့တဲ့ ျဖဴျဖဴေထြး

ရယ္ေမာေပ်ာ္႐ႊင္ရေအာင္ ပရိသတ္ေတြကို တင္ဆက္ေပးတတ္တဲ့ ျဖဴျဖဴေထြးကေတာ့ ေက်း႐ြာေလးတစ္႐ြာကေန ရန္ကုန္ၿမိဳ႕မွာ ေက်ာင္းလာတက္ရင္း မထင္မွတ္ပဲ နာမည္ႀကီးလာခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ျဖဴျဖဴေထြးက ႐ိုးသားႀကိဳးစားၿပီး ဟန္ေဆာင္မႈမရွိ

တဲ့ ပုံစံေလးက ပရိသတ္ေတြသာမက စီးပြားေရးလုပ္ငန္းရွင္ေတြကပါ သေဘာက်ၾကတာေၾကာင့္ အခုဆိုရင္ အြန္လိုင္းေၾကာ္ျငာေတြကို လက္မလည္ရေအာင္ ႐ိုက္ကူးေနတာပဲ ျဖစ္ပါတယ္။ ေအာင္ျမင္ေက်ာ္ၾကားလာတာနဲ့အမွ် ပိုက္ဆံေတြကိုအမ်ားၾကီး

ရွာေဖြလာနိုင္တဲ့ ျဖဴျဖဴေထြးက သူမရဲ့ မိသားစုေတြအတြက္လည္း လုိေလေသးမရိွ ျဖည့္ဆည္းေပးသလို အလွဴအတန္းေတြကိုလည္း ရက္ရက္ေရာေရာျပဳလုပ္တတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ သမီးမိန္းကေလးတစ္ေယာက္ပီပီ ျပည့္စံုလာတာနဲ့အမွ် မိဘေတြကို ေရႊေပၚျမတင္ထားတဲ့ ျဖဴျဖဴေထြးက သူမရဲ့ မိဘေတြကို လိုေလေသးမရိွျဖည့္ဆည္းေပးသလို သူမရဲ့

မိဘေတြကလည္း ရိုးရိုးေအးေအးၾကီးေတြရိွလွတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ျဖဴျဖဴေထြးက ပိုက္ဆံနွေျမာတတ္တဲ့ ေဖေဖ့ကို ေစ်းဝယ္စင္တာၾကီးေတြေခၚျပီး တန္ဖိုးၾကီး အဝတ္အစားေတြ ဇြတ္ဝယ္ေပးခဲ့တဲ့ အမွတ္တရ ဗီဒီယိုေလးကို အခုလိုပဲ မွ်ေဝတင္ဆက္ေပးလာပါတယ္။ ျဖဴျဖဴေထြးရဲ့ ေဖေဖကေတာ့

လူၾကီးပီပီ သမီးပင္ပင္ပန္းပန္းရွာေဖြထားတဲ့ ေငြေတြကို အလကားမသံုးပစ္ခ်င္သလို ျဖဴျဖဴေထြးကလည္း အေဖ့အတြက္ ေခါင္းအစေျခအဆံုး ျပီးျပည့္စံုေအာင္ ျဖည့္ဆည္းေပးခ်င္တဲ့ သားအဖေမတၱာေလးကို ၾကည္နူးစြာနဲ့ ေတြ့ရပါတယ္။ ပရိသတ္ၾကီးလည္း ျဖဴျဖဴေထြးတို့ သားအဖနွစ္ေယာက္ရဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး ပီတိေတြ ကူးစက္သြားမယ္ ထင္ပါတယ္ေနာ္။ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

ရယ်မောပျော်ရွှင်ရအောင် ပရိသတ်တွေကို တင်ဆက်ပေးတတ်တဲ့ ဖြူဖြူထွေးကတော့ ကျေးရွာလေးတစ်ရွာကနေ ရန်ကုန်မြို့မှာ ကျောင်းလာတက်ရင်း မထင်မှတ်ပဲ နာမည်ကြီးလာခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးက ရိုးသားကြိုးစားပြီး ဟန်ဆောင်မှုမရှိ

တဲ့ ပုံစံလေးက ပရိသတ်တွေသာမက စီးပွားရေးလုပ်ငန်းရှင်တွေကပါ သဘောကျကြတာကြောင့် အခုဆိုရင် အွန်လိုင်းကြော်ငြာတွေကို လက်မလည်ရအောင် ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ အောင်မြင်ကျော်ကြားလာတာနဲ့အမျှ ပိုက်ဆံတွေကိုအများကြီး

ရှာဖွေလာနိုင်တဲ့ ဖြူဖြူထွေးက သူမရဲ့ မိသားစုတွေအတွက်လည်း လိုလေသေးမရှိ ဖြည့်ဆည်းပေးသလို အလှူအတန်းတွေကိုလည်း ရက်ရက်ရောရောပြုလုပ်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ သမီးမိန်းကလေးတစ်ယောက်ပီပီ ပြည့်စုံလာတာနဲ့အမျှ မိဘတွေကို ရွှေပေါ်မြတင်ထားတဲ့ ဖြူဖြူထွေးက သူမရဲ့ မိဘတွေကို လိုလေသေးမရှိဖြည့်ဆည်းပေးသလို သူမရဲ့

မိဘတွေကလည်း ရိုးရိုးအေးအေးကြီးတွေရှိလှတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဖြူဖြူထွေးက ပိုက်ဆံနှမြောတတ်တဲ့ ဖေဖေ့ကို ဈေးဝယ်စင်တာကြီးတွေခေါ်ပြီး တန်ဖိုးကြီး အဝတ်အစားတွေ ဇွတ်ဝယ်ပေးခဲ့တဲ့ အမှတ်တရ ဗီဒီယိုလေးကို အခုလိုပဲ မျှဝေတင်ဆက်ပေးလာပါတယ်။ ဖြူဖြူထွေးရဲ့ ဖေဖေကတော့

လူကြီးပီပီ သမီးပင်ပင်ပန်းပန်းရှာဖွေထားတဲ့ ငွေတွေကို အလကားမသုံးပစ်ချင်သလို ဖြူဖြူထွေးကလည်း အဖေ့အတွက် ခေါင်းအစခြေအဆုံး ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးချင်တဲ့ သားအဖမေတ္တာလေးကို ကြည်နူးစွာနဲ့ တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးတို့ သားအဖနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ပီတိတွေ ကူးစက်သွားမယ် ထင်ပါတယ်နော်။ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Phyu Phyu Htwe’s Facebook

Add a Comment

Your email address will not be published. Required fields are marked *