အမေဖြစ်သူကို အိမ်မှာဟင်းတွေအများကြီး မစားရလို့ ဘုန်းကြီးကျောင်းမှာ လာစားတာလို့ ပြောခဲ့တာကြောင့် ရှက်သွားပုံလေးကို မျှဝေခဲ့တဲ့ နေခြည်ဦး
Read in UNICODE
နေခြည်ဦးကတော့ သူမရဲ့ ချစ်မေမေ အန်တီဆွေနဲ့အတူ မွန်ပြည်နယ်ကိုသွားရောက်ပြီး အလှူပြုနေခဲ့တာပါ။ နေခြည်ဦးရဲ့ လှုပ်ရှားမှုတိုင်းကို အားပေးပြီး အရိပ်တကြည့်ကြည့်နဲ့ အချစ်ပိုလေ့ရှိတဲ့ သူမရဲ့ မေမေက မိခင်မေတ္တာအပြည့်နဲ့ ပြုစုပျိုးထောင်ခဲ့တာပဲ
ဖြစ်ပါတယ်။ သားသမီး ၃ယောက်ကို မွေးဖွားထားတဲ့ မိခင်တစ်ယောက်ဖြစ်ပေမယ့်လည်း နုပျိုနေဆဲဖြစ်တဲ့ အလှအပတွေကို လူငယ်တွေနဲ့တောင် ယှဉ်လို့ရတာပါ။နေခြည်ဦးကလည်း မေမေနဲ့အတူ
အမှတ်တရလေးတွေကို လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ အမြဲဆိုသလို မျှဝေလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း ပိုစ့်တွေတင်ပေးလာခဲ့ပါတယ်။ဒါကတော့ မွန်ပြည်နယ် ကျိုက်ထိုမြို့က
ကိုးကွယ်တဲ့ ဘုန်းဘုန်းဘုရားဆီသွားရောက်ပြီး တစ်နိုင်အလှူလေးပြုလုပ်နေတာပါ။ မွန်မြတ်လှတဲ့ အလှူတွေကို သားအမိတွေအတူတူလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အလှူပြုနေတဲ့ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို
နေခြည်ဦးက Mydayထက်မှာ မျှဝေလာတာပါ။ မိခင်ဖြစ်သူနဲ့အတူ စကားတွေပြောနေခဲ့ပြီး ဘုန်းကြီးကျောင်းက ကျွေးတဲ့ ဟင်းခွက်တွေကို မြင်ကာမှ ရုတ်တရက်ထွက်သွားတဲ့ စကားတွေကြောင့် အချစ်ပိုမိစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်……။
Source : Nay Chi Oo’s Facebook
Add a Comment
Your email address will not be published. Required fields are marked *