အရမ်းချစ်ကြတဲ့ နေဝင်းတို့ အတွဲကို အားကျနေပြီး လက်ထပ်ခွင့်တောင်းတုန်းက သူကိုယ်တိုင် ကူညီပေးခဲ့သလို သူ့အလှည့်ကျ ပြန်ကူညီပေးဖို့ ပြောခဲ့တဲ့ G Fatt
Read in UNICODE
ဂီတလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ လူငယ်ပရိသတ်တွေအကြိုက်သီချင်းကောင်းလေးတွေများစွာ ဖန်တီးတတ်တဲ့ လူငယ်အဆိုတော်တွေထဲမှာ G Fatt ကလည်း အပါအဝင်ပါပဲနော်..။ သူ့ရဲ့သီချင်းကောင်းလေးတွေကလည်း လူငယ်ပရိသတ်တွေကြား အတော်လေးကို
အောင်မြင်ရေပန်းသားနေပြီး ယောကျ်ားလေး မိန်းကလေးမရွေး ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးကြကာ ဂီတလမ်းကြောင်းမှာ အောင်မြင်စွာ ရပ်တည်နေသူလည်း ဖြစ်ပါတယ်နော်..။ လူငယ်ပီပီပျော်ပျော်နေတတ်တဲ့ G Fatt ကတော့ သူငယ်ချင်းတွေအပေါ်မှာလည်း
ကူညီပေးတတ်သလို သိပ်ချစ်ကြတဲ့ဆယ်လီစုံတွဲလေးဖြစ်တဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့စုံတွဲလေးကိုလည်း ကူညီပေးခဲ့ဖူးတဲ့အကြောင်းပြောပြလာပါတယ်..။နေဝင်းတစ်ယောက် အိမ့်ချစ်ချောကို လက်ထပ်ခွင့်တောင်းတဲ့အချိန်မှာလည်း ကူညီပေးခဲ့ဖူးသလို တစ်ချိန်ကျရင် သူ့ကို
ပြန်ကူညီပေးဖို့အကြောင်းလေးကိုလည်း G Fatt က စနောက်ရင်းပြောလာတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်နော်..။ “ပြန်ကြည့်တိုင်းပျော်ရတဲ့ အမှတ်တရလေး .. ❤ ကျွန်တော့်အလှည့်ကျရင်လဲ ပြန်ကူညီရမှာနော် 🤪 Nay Win ❤ Eainy Chit Chaw..” ဆိုပြီး G Fatt က
ရေးသားထားတာ ဖြစ်ပါတယ်နော်..။ အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း G Fatt ကို စနောက်ထားကြပြီး ကောင်မလေးရှိလားဆိုပြီးတော့လည်း ကျီစယ်ထားကာ အပြန်အလှန် မှတ်ချက်လေးတွေရေးသားကာ စနောက်ကျီစယ်ထားကြတာလည်း တွေ့ရပါတယ်နော်..။
Source : G Fatt’s Facebook
Add a Comment
Your email address will not be published. Required fields are marked *