ဘဝမှာ တစ်ခါမှ မထိုးဘူးတဲ့ (၁၀)စောင်တွဲထီလေးကို ထိုးမိလိုက်ကာမှ အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရတဲ့ သူ့ရဲ့အဖြစ်ကို မျှဝေခဲ့တဲ့ ကျော်ကျော်





Read in UNICODE

ကျော်ကျော်ကတော့ ၂၀၂၁ ခုနှစ်ရဲ့ အစပိုင်းမှာ ပရိသတ်တွေရယ်မောစေမယ့် ပိုစ့်တစ်ခုကို တင်ပေးလာခဲ့ပါတယ်။ ဟာသ ဇာတ်ရုပ်တွေကို အပီပြင်ဆုံး သရုပ်ဆောင်နိုင်သူမို့ ပရိသတ်ရင်ထဲ အချိန်ခဏလေးအတွင်း ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့

ကျော်ကျော်ဟာဆိုရင် လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ အခွီပိုစ့်လေးတွေကို အမြဲဝေမျှလေ့ရှိတာပါ။ကျော်ကျော်က သရုပ်ဆောင် ဆုမြတ်နိုးဦးနဲ့ ညီထွဋ်ခေါင်ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး သုံးယောက်သားဆုံလိုက်ရင်လည်း ပရိသတ်တွေ ရယ်မောရလောက်အောင်

တမူထူးခြားတဲ့ ဟာသလေးတွေကို ဖန်တီးလေ့ရှိတာပါ။ ယခုတစ်ခါမှာတော့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရယ်မောရလောက်တဲ့ ပိုစ့်တစ်ခုတင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။ လတစ်လရဲ့ အစပိုင်းမှာ အမြဲထွက်လေ့ရှိတဲ့ ထီဆုကို ကျော်ကျော်က ထိုးခဲ့ပြီး ” တစ်ခါမှ

မထိုးဘူးတဲ့ထီ…ဆယ်စောင်တွဲလေးပဲ ရှားရှားပါးပါးထိုးလိုက်တာ ဆယ်စောင်ဖိုးပဲ ကုန်သွားလို့…တော်ပါသေးရဲ့ ” ဆိုတဲ့ ရယ်မောစရာ စာသားလေးနဲ့အတူ ထီလက်မှတ်တွေကို ရိုက်ကာ တင်ပေးလာတာဖြစ်လို့ ပရိသတ်တွေ ကြည့်ရှုပြီး ရယ်မောစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်…..။

Source : Kyaw Naing Oo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *