ရက္ပိုင္းအတြင္းမွာတင္ သိန္းေပါင္းရာနဲ႔ခ်ီတဲ့ ကမ႓ာေက်ာ္ Branded ပစၥည္းေတြနဲ႔ ေရႊေတြ စိန္ေတြ လက္ေဆာင္ရခဲ့တဲ့ စြမ္းဇာနည္

ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈကို စြမ္းဇာနည္ကေတာ့ အျပည့္အဝရရွိထားတဲ့ အႏုပညာရွင္တစ္ဦးလို႔ ဆိုႏိုင္ပါတယ္ေနာ္။ စြမ္းဇာနည္က ဇာတ္မင္းသားအျဖစ္ ဇာတ္ပြဲေတြမွာကျပေဖ်ာ္ေျဖၿပီး

နာမည္ႀကီးခဲ့သလို သ႐ုပ္ေဆာင္အျဖစ္လည္း ဇာတ္ကားေတြအမ်ားအျပား႐ိုက္ကူးခဲ့ရတာ ျဖစ္ပါတယ္ ။ လက္ရွိမွာေတာ့ စြမ္းဇာနည္က အႏုပညာအလုပ္ေတြကို ျပန္လည္လုပ္ကိုင္ေနၿပီျဖစ္တဲ့အျပင္

သူ႔ရဲ႕အဖြဲ႕သားေတြနဲ႔အတူ ဇာတ္တိုက္ေနတာလည္း ျဖစ္ပါတယ္ ။ အခုဆိုရင္ စြမ္းဇာနည္က ဇာတ္ပြဲခ်စ္ၾကတဲ့ပရိသတ္ေတြကို ဖန္တီးမႈအသစ္ေတြ ခံစားေစႏိုင္ေစဖို႔အတြက္ ႀကိဳးစားပမ္းစား ျပင္ဆင္ေနတာလည္း ျဖစ္ပါတယ္ ။ အၿမဲတမ္းဖက္ရွင္က်က်ဝတ္ဆင္ၿပီး

ေခ်ာေမာခန္႔ညားေနတဲ့ စြမ္းဇာနည္က မိန္းကေလးပရိသတ္ေတြရဲ႕စိတ္ဝင္တစား အားေပးမႈကို ယေန႔အခ်ိန္အထိ ရရွိေနဆဲလည္း ျဖစ္ပါတယ္ ။ အခုေတာ့ စြမ္းဇာနည္က လက္ေဆာင္အေနနဲ႔ လက္ခံရရွိထားတဲ့ သူ႔ရဲ႕အဖိုးတန္ပစၥည္းေတြကို

ဓာတ္ပုံ႐ိုက္ၿပီး ထုတ္ျပလိုက္တာ ျဖစ္ပါတယ္ ။ စြမ္းဇာနည္က “ဒီရက္ပိုင္းရတဲ့လက္ေဆာင္ေလးေတြပါ အရမ္းႀကိဳက္ပါတယ္ ” ဆိုၿပီး ပုံေလးေတြကို တင္ထားတာ ျဖစ္ပါတယ္ ။ စြမ္းဇာနည္ကေတာ့

စိန္လက္စြပ္ႏွစ္ကြင္း၊ ေ႐ႊလက္စြပ္တစ္ကြင္း၊ LV ပုံစံေ႐ႊပစၥည္းတစ္ခု၊ Nike Airmax ဖိနပ္တစ္ရံ၊ Chanel Spray ၊ Armani Exchange နာရီတစ္လုံးနဲ႔အျခားပစၥည္းေတြကို လက္ေဆာင္ရရွိလိုက္တာပဲ ျဖစ္ပါတယ္ ။ ကဲ သိန္းရာနဲ႔ခ်ီတန္ေၾကးရွိတဲ့ပစၥည္းေကာင္းေတြကို လက္ေဆာင္ရလိုက္တဲ့ စြမ္းဇာနည္ရဲ႕ပုံရိပ္ေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Read in UNICODE

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို စွမ်းဇာနည်ကတော့ အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ဦးလို့ ဆိုနိုင်ပါတယ်နော်။ စွမ်းဇာနည်က ဇာတ်မင်းသားအဖြစ် ဇာတ်ပွဲတွေမှာကပြဖျော်ဖြေပြီး

နာမည်ကြီးခဲ့သလို သရုပ်ဆောင်အဖြစ်လည်း ဇာတ်ကားတွေအများအပြားရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ စွမ်းဇာနည်က အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီဖြစ်တဲ့အပြင်

သူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ဇာတ်တိုက်နေတာလည်း ဖြစ်ပါတယ် ။ အခုဆိုရင် စွမ်းဇာနည်က ဇာတ်ပွဲချစ်ကြတဲ့ပရိသတ်တွေကို ဖန်တီးမှုအသစ်တွေ ခံစားစေနိုင်စေဖို့အတွက် ကြိုးစားပမ်းစား ပြင်ဆင်နေတာလည်း ဖြစ်ပါတယ် ။ အမြဲတမ်းဖက်ရှင်ကျကျဝတ်ဆင်ပြီး

ချောမောခန့်ညားနေတဲ့ စွမ်းဇာနည်က မိန်းကလေးပရိသတ်တွေရဲ့စိတ်ဝင်တစား အားပေးမှုကို ယနေ့အချိန်အထိ ရရှိနေဆဲလည်း ဖြစ်ပါတယ် ။ အခုတော့ စွမ်းဇာနည်က လက်ဆောင်အနေနဲ့ လက်ခံရရှိထားတဲ့ သူ့ရဲ့အဖိုးတန်ပစ္စည်းတွေကို

ဓာတ်ပုံရိုက်ပြီး ထုတ်ပြလိုက်တာ ဖြစ်ပါတယ် ။ စွမ်းဇာနည်က “ဒီရက်ပိုင်းရတဲ့လက်ဆောင်လေးတွေပါ အရမ်းကြိုက်ပါတယ် ” ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ စွမ်းဇာနည်ကတော့

စိန်လက်စွပ်နှစ်ကွင်း၊ ရွှေလက်စွပ်တစ်ကွင်း၊ LV ပုံစံရွှေပစ္စည်းတစ်ခု၊ Nike Airmax ဖိနပ်တစ်ရံ၊ Chanel Spray ၊ Armani Exchange နာရီတစ်လုံးနဲ့အခြားပစ္စည်းတွေကို လက်ဆောင်ရရှိလိုက်တာပဲ ဖြစ်ပါတယ် ။ ကဲ သိန်းရာနဲ့ချီတန်ကြေးရှိတဲ့ပစ္စည်းကောင်းတွေကို လက်ဆောင်ရလိုက်တဲ့ စွမ်းဇာနည်ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Swan Zarni’s Facebook

Add a Comment

Your email address will not be published. Required fields are marked *