အေဖနဲ႔ အေမက မဂၤလာသက္တမ္းႏွစ္(၃၀)တိုင္ေအာင္ ခ်စ္ခင္ၾကည္ႏူးေနၾကတာကို ၾကည့္ၿပီး မ်က္ရည္က်တဲ့အထိ ၾကည္ႏူးပီတိျဖစ္ခဲ့ရတဲ့ ေနျခည္ဦး
|အားလုံးက ခ်ီခ်ီလို႔ ခ်စ္စႏိုးေခၚၾကတဲ့ ပရိသတ္အခ်စ္ေတာ္ေလး ေနျခည္ဦးကေတာ့ Beauty Blogger တစ္ေယာက္အျဖစ္ ပရိသတ္ေတြရင္ထဲေရာက္ရွိခဲ့ၿပီး အခုဆိုရင္ ေၾကာ္ျငာေတြအျပင္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြပါ ႐ိုက္ကူးကာ ေအာင္ျမင္ေက်ာ္ၾကားတဲ့ အႏုပညာရွင္အျဖစ္

ရပ္တည္ေနၿပီ ျဖစ္ပါတယ္ေနာ္..။ ထင္မထားေလာက္ေအာင္ကို သ႐ုပ္ေဆာင္ေကာင္းတဲ့ ေနျခည္ေလးဟာ စကားေျပာပြင့္လင္းၿပီး သြက္သြက္လက္လက္နဲ႔အၿမဲ တက္ႂကြလန္းဆန္းေနတဲ့ဘသူမရဲ႕ ပုံရိပ္ေလးေတြကလည္း ပရိသတ္ေတြကို အၿမဲအားက်အခ်စ္ပိုေစတာပါေနာ္..။ ခ်ီခ်ီေလးကေတာ့

သူမရဲ႕အႏုပညာလႈပ္ရွားမႈေလးေတြအျပင္ မိသားစုပုံရိပ္ေလးေတြကိုလည္း အၿမဲမွ်ေဝေလ့ရွိသလို ပရိသတ္ေတြကလည္း အၿမဲေစာင့္ၾကည့္အားေပးေနၾကကာ အခုတစ္ခါမွာလည္း ေဖေဖနဲ႔ေမေမရဲ႕ မဂၤလာႏွစ္ပတ္လည္ ၾကည္ႏူးစရာအမွတ္တရပုံရိပ္ေလးေတြကို ေဝမွ်လာပါတယ္ေနာ္..။ အားလုံးက

ခ်စ္ရတဲ့ ခ်ီခ်ီေလးတစ္ေယာက္ ေေဖေဖနဲ႔ေမေမရဲ႕ မဂၤလာသက္တမ္း ႏွစ္ေပါင္း ၃၀တိုင္ေအာင္ တစ္ေယာက္ကိုတစ္ေယာက္ မခ်စ္ေတြေလ်ာ့ပါးမသြားဘဲ ၾကင္နာၾကတဲ့ၾကည္ႏူးစရာျမင္ကြင္းေလးကိုၾကည့္ကာ ပီတိမ်က္ရည္ေတြေတာင္ က်ခဲ့ရပါတယ္ေနာ္..။ “ႏွစ္သုံးဆယ္က ေတာ္ေတာ္ေပါင္းရတယ္သမီးတဲ့

ေနျခည့္အတြက္ကေတာ့ legendary စံျပအတြဲပါ။ အရမ္းခ်စ္တယ္ ေဖႀကီးနဲ႔ေမႀကီး Happy 30th Anniversary ပါ ❤️❤️❤️..” ဆိုၿပီး အမွတ္တရေလးေတြကို ေဝမွ်ထားတာပါ..။ အဲ့ဒီပို႔စ္ရဲ႕ေအာက္မွာေတာ့ ပရိသတ္ေတြကလည္း

ခ်ီခ်ီတို႔ မိသားစုေလးရဲ႕ ၾကည္ႏူးစရာပုံရိပ္ေလးေတြၾကည့္ရင္း အေပ်ာ္ေလးေတြကူးစက္ၾကငလို ၾကည္ႏူးပီတိေလးေတြနဲ႔ ဝမ္းသာမ်က္ရည္က်ေနတဲ့ ခ်ီခ်ီေလးကိုလည္း အားေပးစကားေလးေတြ ေျပာထားၾကတာ ေတြ႕ရပါတယ္ေနာ္..။
Read in UNICODE
အားလုံးက ချီချီလို့ ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်တော်လေး နေခြည်ဦးကတော့ Beauty Blogger တစ်ယောက်အဖြစ် ပရိသတ်တွေရင်ထဲရောက်ရှိခဲ့ပြီး အခုဆိုရင် ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးကာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်အဖြစ်

ရပ်တည်နေပြီ ဖြစ်ပါတယ်နော်..။ ထင်မထားလောက်အောင်ကို သရုပ်ဆောင်ကောင်းတဲ့ နေခြည်လေးဟာ စကားပြောပွင့်လင်းပြီး သွက်သွက်လက်လက်နဲ့အမြဲ တက်ကြွလန်းဆန်းနေတဲ့ဘသူမရဲ့ ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အမြဲအားကျအချစ်ပိုစေတာပါနော်..။ ချီချီလေးကတော့

သူမရဲ့အနုပညာလှုပ်ရှားမှုလေးတွေအပြင် မိသားစုပုံရိပ်လေးတွေကိုလည်း အမြဲမျှဝေလေ့ရှိသလို ပရိသတ်တွေကလည်း အမြဲစောင့်ကြည့်အားပေးနေကြကာ အခုတစ်ခါမှာလည်း ဖေဖေနဲ့မေမေရဲ့ မင်္ဂလာနှစ်ပတ်လည် ကြည်နူးစရာအမှတ်တရပုံရိပ်လေးတွေကို ဝေမျှလာပါတယ်နော်..။ အားလုံးက

ချစ်ရတဲ့ ချီချီလေးတစ်ယောက် ေဖေဖေနဲ့မေမေရဲ့ မင်္ဂလာသက်တမ်း နှစ်ပေါင်း ၃၀တိုင်အောင် တစ်ယောက်ကိုတစ်ယောက် မချစ်တွေလျော့ပါးမသွားဘဲ ကြင်နာကြတဲ့ကြည်နူးစရာမြင်ကွင်းလေးကိုကြည့်ကာ ပီတိမျက်ရည်တွေတောင် ကျခဲ့ရပါတယ်နော်..။ “နှစ်သုံးဆယ်က တော်တော်ပေါင်းရတယ်သမီးတဲ့

နေခြည့်အတွက်ကတော့ legendary စံပြအတွဲပါ။ အရမ်းချစ်တယ် ဖေကြီးနဲ့မေကြီး Happy 30th Anniversary ပါ ❤️❤️❤️..” ဆိုပြီး အမှတ်တရလေးတွေကို ဝေမျှထားတာပါ..။ အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း

ချီချီတို့ မိသားစုလေးရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကြည့်ရင်း အပျော်လေးတွေကူးစက်ကြငလို ကြည်နူးပီတိလေးတွေနဲ့ ဝမ်းသာမျက်ရည်ကျနေတဲ့ ချီချီလေးကိုလည်း အားပေးစကားလေးတွေ ပြောထားကြတာ တွေ့ရပါတယ်နော်..။
Source : Nay Chi Oo’s Facebook