လမ္းမွာေတြ႕တဲ့ ကေလးေလး ပန္းေတြေရာင္းေနတာေတြ႕လို႔ အကုန္ဝယ္ၿပီး အားေပးကုသိုလ္ယူခဲ့တဲ့ G Fatt

အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ G Fatt က Rap သီခ်င္းေတြကို ကိုယ္တိုင္ေရး၊ ကိုယ္တိုင္ဆိုရင္းနဲ႔ ေက်ာ္ၾကားလာသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ G Fatt က ပရိသတ္ခံစားခ်က္နဲ့တိုက္ဆုိင္တဲ့ သီခ်င္းေတြကို အဆက္မျပတ္ ဖန္တီးေနၿပီး အယ္လ္ဘမ္အသစ္ေတြကိုလည္း

ထြက္ရွိဖို႔ ႀကိဳးစားေနတာ ျဖစ္ပါတယ္။ သီခ်င္းဆိုေကာင္းတဲ့အျပင္ စိတ္ထားေကာင္းျပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့ G Fatt က ပရိသတ္ေတြၾကားထဲမွာ အခ်စ္ခံရဆံုး အနုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒီကေန့

ဒီဇင္ဘာလ (၃၁) ရက္ေန့ကေတာ့ G Fatt ရဲ့ အသက္ (၂၈) နွစ္ျပည့္ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ G Fatt က သူ့ရဲ့ ေမြးေန့တိုင္းမွာ အလွဴအတန္းေတြကိုျပဳလုပ္ေလ့ရိွေပမယ့္ ဒီနွစ္မွာေတာ့ ဘာအလွဴမလုပ္နိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ G Fatt ကေတာ့ လမ္းသြားေနရင္းနဲ့

ကုသိုလ္တစ္ခုကို မရရေအာင္ ယူခဲ့ေၾကာင္း “ေမြး​ေန႔ ဘာအလႉမွလဲမလုပ္ႏိုင္​ေတာ့ အိမ္အျပန္လမ္း မီးပြိဳင့္က က​ေလး​ေတြ အိမ္​ေစာ​ေစာျပန္ပါ​​ေစ​ေပါ့ဗ်ာ ..” ဆိုျပီး မီးပိြဳင့္မွာ ပန္းေရာင္းၾကတဲ့ကေလးေတြဆီက ပန္းေတြအကုန္ဝယ္လာျပီး ကုသိုလ္လုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ G Fatt ကေတာ့

နွစ္စဥ္ေမြးေန့တိုင္းမွာ အလွဴအတန္းေတြကို ျပဳလုပ္သလို သူငယ္ခ်င္းေတြနဲ့လည္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနေလ့ရိွသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အလွဴၾကီးၾကီးပဲျဖစ္ျဖစ္ ေသးေသးပဲျဖစ္ျဖစ္ G Fatt ကေတာ့ မွန္ကန္တဲ့ ေစတနာအက်ိဳးေၾကာင့္ ကုသိုလ္ေတြအမ်ားၾကီးရရိွသြားမွာ ေသခ်ာပါတယ္။ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

အဆိုတော်တစ်ယောက်ဖြစ်တဲ့ G Fatt က Rap သီချင်းတွေကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုရင်းနဲ့ ကျော်ကြားလာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ G Fatt က ပရိသတ်ခံစားချက်နဲ့တိုက်ဆိုင်တဲ့ သီချင်းတွေကို အဆက်မပြတ် ဖန်တီးနေပြီး အယ်လ်ဘမ်အသစ်တွေကိုလည်း

ထွက်ရှိဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ သီချင်းဆိုကောင်းတဲ့အပြင် စိတ်ထားကောင်းပြီး ပျော်ပျော်နေတတ်တဲ့ G Fatt က ပရိသတ်တွေကြားထဲမှာ အချစ်ခံရဆုံး အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့

ဒီဇင်ဘာလ (၃၁) ရက်နေ့ကတော့ G Fatt ရဲ့ အသက် (၂၈) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ G Fatt က သူ့ရဲ့ မွေးနေ့တိုင်းမှာ အလှူအတန်းတွေကိုပြုလုပ်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ ဘာအလှူမလုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် G Fatt ကတော့ လမ်းသွားနေရင်းနဲ့

ကုသိုလ်တစ်ခုကို မရရအောင် ယူခဲ့ကြောင်း “မွေးနေ့ ဘာအလှူမှလဲမလုပ်နိုင်တော့ အိမ်အပြန်လမ်း မီးပွိုင့်က ကလေးတွေ အိမ်စောစောပြန်ပါစေပေါ့ဗျာ ..” ဆိုပြီး မီးပွိုင့်မှာ ပန်းရောင်းကြတဲ့ကလေးတွေဆီက ပန်းတွေအကုန်ဝယ်လာပြီး ကုသိုလ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ G Fatt ကတော့

နှစ်စဉ်မွေးနေ့တိုင်းမှာ အလှူအတန်းတွေကို ပြုလုပ်သလို သူငယ်ချင်းတွေနဲ့လည်း ပျော်ပျော်ရွှင်ရွှင်နေလေ့ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အလှူကြီးကြီးပဲဖြစ်ဖြစ် သေးသေးပဲဖြစ်ဖြစ် G Fatt ကတော့ မှန်ကန်တဲ့ စေတနာအကျိုးကြောင့် ကုသိုလ်တွေအများကြီးရရှိသွားမှာ သေချာပါတယ်။ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source : G Fatt’s Facebook

Add a Comment

Your email address will not be published. Required fields are marked *