သ႐ုပ္ေဆာင္အလုပ္ကို ပိုက္ဆံတစ္ျပားမွမရရင္ေတာင္ လုပ္ခ်င္တယ္ဆိုတဲ့ The Voice Myanmar ၿပိဳင္ပြဲဝင္ ခင္ရတနာစိုး

ပရိသတ္ႀကီးတို႔ေရ The Voice Myanmar Season-3 ရဲ႕ ၿပိဳင္ပြဲဝင္ေဟာင္းတစ္ဦးျဖစ္သူ ခင္ရတနာစိုးကေတာ့ သူမရဲ႕ အသံပိုင္ႏိုင္လွတဲ့ ျမန္မာသံစဥ္ေတးသီခ်င္းသီဆိုဟန္နဲ႔ ခ်ိဳသာလွတဲ့ အသံပါဝါေၾကာင့္ ပရိသတ္ေတြနဲ႔ မစိမ္းေတာ့တဲ့ အႏုပညာရွင္တစ္ေယာက္ ျဖစ္လာၿပီ ထင္ပါတယ္ေနာ္။ ခင္ရတနာစိုးဟာ The Voice Myanmar အဆိုၿပိဳင္ပြဲမွာ ဖိုင္နယ္ပြဲစဥ္အထိ သီဆိုယွဥ္ၿပိဳင္ခဲ့ရၿပီး Winner မျဖစ္ခဲ့ေပမယ့္ ကံေကာင္းေထာက္မစြာနဲ႔ပဲ ပရိသတ္ေတြအမ်ားႀကီးရဲ႕ ေထာက္ခံအားေပးမႈကိုအမ်ားဆုံးရရွိခဲ့တဲ့ ၿပိဳင္ပြဲဝင္တစ္ဦးပဲ ျဖစ္ပါတယ္။ 

ေလာေလာဆယ္ လတ္တေလာမွာေတာ့ ခင္ရတနာစိုးဟာ ကုန္ပစၥည္းေရာင္းခ်ေပးရတဲ့ Live Sales ေလးေတြ လက္ခံျဖစ္ေနၿပီး အြန္လိုင္းမွ တစ္ဆင့္ Live Sales ေရာင္းခ်ရင္း ေတးသီခ်င္းေလးေတြကိုလည္းသီဆိုေဖ်ာ္ေျဖေပးလ်က္ရွိပါတယ္။ 

ဒီအင္တာဗ်ဴးေလးမွာေတာ့ အဆိုေတာ္ခင္ရတနာစိုးက ၿပိဳင္ပြဲႀကီးၿပီးသြားေပမယ့္ သူမကို လက္ခံအားေပးေနတဲ့ ပရိသတ္ေတြကို ေဖ်ာ္ေျဖႏိုင္ဖို႔အတြက္ လက္ရွိမွာ ကိုယ္ပိုင္သံစဥ္ေတးသီခ်င္းေလးေတြ ထြက္ရွိႏိုင္ေအာင္ ႀကိဳးစားေနၿပီး ေတးသီခ်င္းသီဆိုရန္သာမက သ႐ုပ္ေဆာင္အလုပ္ကိုလည္း ဝါသနာပါတာေၾကာင့္ ပိုက္ဆံတစ္ျပားမွ မရဘူးဆိုရင္ေတာင္ သ႐ုပ္ေဆာင္လုပ္ၾကည့္ခ်င္တယ္လို႔ ပရိသတ္အားလုံးကို အသိေပးေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။  ဒီအင္တာဗ်ဴးကို ခင္ရတနာစိုးအေနနဲ႔ စိန္နန္းေတာ္ ရတနာဆိုင္အတြက္ Live Sales ေရာင္းခ်ေပးၿပီး ေတးသီခ်င္းမ်ားကို သီဆိုေဖ်ာ္ေျဖေပးရတဲ့ အစီအစဥ္မွာ ေမးျမန္းထားတာပဲ ျဖစ္ပါတယ္။

The Voice Myanmar ၿပိဳင္ပြဲႀကီး ၿပီးဆုံးသြားတဲ့ေနာက္ပိုင္း ေလာေလာဆယ္၊ လတ္တေလာ အႏုပညာလႈပ္ရွားမႈေလးေတြနဲ႔ ပတ္သတ္လို႔ ခင္ရတနာစိုးက “အခု ေလာေလာဆယ္မွာေတာ့ ညီမ Live Sales ေလးေတြ လုပ္ေပးျဖစ္ေနတယ္။ဘာလို႔ လုပ္ျဖစ္လည္းဆိုေတာ့ ညီမတို႔က ပြဲတစ္ပြဲ ဆိုဖို႔အတြက္ ကိုယ္ပိုင္သံစဥ္ လိုအပ္တယ္။ ကိုယ္ပိုင္သံစဥ္က ေလာေလာဆယ္ ညီမမွာ တစ္ပုဒ္ပဲရွိတယ္။ တစ္ပုဒ္ပဲ ရွိတဲ့အတြက္ ဒီပြဲမွာ သီဆိုဖို႔အတြက္ တျခားႏွစ္ပုဒ္ကို ညီမတို႔က ေတးေရးဆရာေတြဆီမွာ ခြင့္ေတာင္းၿပီးေတာ့ ဆိုရတယ္။ အဲ့တာေၾကာင့္ ကိုယ္ပိုင္သံစဥ္က ဒီအခ်ိန္မွာ အရမ္းကို လိုအပ္ေနတယ္။ အဓိက လိုအပ္ေနတာကေတာ့ ေငြေပါ့ေနာ္။ အဲ့တာေၾကာင့္လည္း ညီမအေနနဲ႔ Live Sales ေလးေတြ လက္ခံျဖစ္တယ္။ ရန္ကုန္မွာ အလုပ္ရွိေနသ၍ေတာ့ ညီမ ရွိေနမယ္ ေပါ့ေနာ္။ ဒီေရွ႕ အလုပ္ေတြပိုမ်ားလာမယ္ဆိုရင္ေတာ့ ရန္ကုန္မွာ ညီမတို႔ တိုက္ခန္းေလးငွားေနမယ္လို႔ စီစဥ္ေနပါတယ္ ရွင့္။” လို႔ ပြင့္ပြင့္လင္းလင္း ထုတ္ေျပာလာခဲ့ပါတယ္။ 

ေရွ႕ဆက္ၿပီး ဖန္တီး၊ ထြက္ရွိသြားမယ့္ ေတးသီခ်င္းေတြနဲ႔ ပတ္သတ္လို႔ ခင္ရတနာစိုးက”သီခ်င္းနဲ႔ ပတ္သတ္လို႔ေတာ့ ညီမ Studio ဘက္ကို အရင္သြားလိုက္ဦးမယ္။ အဲ့တာမွ ညီမအေနနဲ႔ ပိုက္ဆံရွာလို႔ရမွာ ဆိုေတာ့ေလ။ ညီမရဲ႕ ဇာစ္ျမစ္က အဲ့တာေလး ျဖစ္ေနတယ္။ နယ္ဘက္ပြဲေလးေတြကိုေတာ့ ညီမက နားလည္မႈေလးေတြနဲ႔ သြားေနဦးမယ္ ေပါ့ေနာ္။ ျမန္မာသံစဥ္လုပ္ဖို႔ကေတာ့ ေနာက္ထပ္ ၇လ၊ ၈လ၊ အမ်ားဆုံး ၁ ႏွစ္ ပါပဲ။ ညီမအေနနဲ႔ ၿမိဳ႕အႀကိဳက္ သီခ်င္းေလးေတြ လုပ္မယ္၊ ၿပီးေတာ့ နယ္အႀကိဳက္ သီခ်င္းေလးေတြလည္း လုပ္မယ္။ သ႐ုပ္ေဆာင္ကေတာ့ ညီမက ဝါသနာ ပါတာေပါ့။ ညီမ တစ္ျပားမွ မရလည္း လုပ္မွာ။ ဘာေၾကာင့္လည္းဆိုေတာ့ ကိုယ္နဲ႔ လိုက္ဖက္မလား ေပါ့ေနာ္၊ အဲ့လိုင္းကို သြားၾကည့္ခ်င္တာ တစ္ခုပါပဲ။” လို႔ ထုတ္ေျပာလိုက္ၿပီပဲ ျဖစ္ပါတယ္။ 

ဝါရင့္သ႐ုပ္ေဆာင္ေတြထဲမွာဆိုရင္ ခင္ရတနာစိုးက မခိုင္ေလးနဲ႔ သက္မြန္ျမင့္တို႔ကို သေဘာက်တယ္လို႔ ဆိုပါတယ္။ သက္မြန္ျမင့္ဟာဆိုရင္လည္း ခံစားခ်က္ျပင္းထန္တဲ့ ဇာတ္ကားေလးေတြ၊ ငိုရတဲ့ ဇာတ္ကားေလးေတြ စတဲ့ မိသားစုဇာတ္လမ္းေလးေတြမွာ သ႐ုပ္ေဆာင္ပုံ အရမ္းပီျပင္တဲ့အတြက္ ႀကိဳက္ႏွစ္သက္ရၿပီး မခိုင္ေလးဟာဆိုရင္လည္း ဟာသဇာတ္ကားေတြ၊ စြာေတးလန္ဇာတ္ကားေလးေတြမွာ အရမ္းခ်စ္ဖို႔ေကာင္းတဲ့အတြက္ သေဘာက်ရျခင္း ျဖစ္တယ္လို႔ ခင္ရတနာစိုးက ဆိုပါတယ္။ 

ပရိသတ္ႀကီးတို႔ေရ အဆိုၿပိဳင္ပြဲဝင္ေဟာင္း ခင္ရတနာစိုးဟာဆိုရင္ သူမနဲ႔ ကိုက္ညီတဲ့ အႏုပညာလမ္းေၾကာင္းတစ္ခုေပၚမွာ သူမအေနနဲ႔ ဆက္လက္ေလွ်ာက္လွမ္းသြားမွာျဖစ္ၿပီး အခုခ်ိန္ထိဆက္တိုက္အားေပးလာတဲ့ ပရိသတ္ေတြကိုလည္း အရမ္းေက်းဇူးတင္တယ္လို႔ ေျပာပါတယ္။ မၾကခင္ရက္ပိုင္းအတြင္း ႏွစ္ေဟာင္းကေန ႏွစ္သစ္ကို ကူးေျပာင္းေတာ့မွာ ျဖစ္တဲ့အတြက္ စိတ္ဆင္းရဲမႈေတြကို ႏွစ္ေဟာင္းမွာ ထားခဲ့ၿပီး ႏွစ္သစ္မွာ ေပ်ာ္႐ႊင္ပါေစ၊ ကိုဗစ္ကာလႀကီးလည္း အျမန္ဆုံး ၿပီးေပ်ာက္ပါေစလို႔ ဆုေတာင္းစကားေျပာၾကားရင္း ခင္ရတနာစိုးက ဒီအင္တာဗ်ဴးေလးကို အဆုံးသတ္ေျဖၾကားေပးခဲ့ပါတယ္။ အခ်ိန္ေပးၿပီး ဖတ္ရႈေပးတဲ့ ပရိသတ္အားလုံးကိုလည္း ေက်းဇူးအထူးပဲ တင္ရွိပါတယ္။

Read in UNICODE

ပရိသတ်ကြီးတို့ရေ The Voice Myanmar Season-3 ရဲ့ ပြိုင်ပွဲဝင်ဟောင်းတစ်ဦးဖြစ်သူ ခင်ရတနာစိုးကတော့ သူမရဲ့ အသံပိုင်နိုင်လှတဲ့ မြန်မာသံစဉ်တေးသီချင်းသီဆိုဟန်နဲ့ ချိုသာလှတဲ့ အသံပါဝါကြောင့် ပရိသတ်တွေနဲ့ မစိမ်းတော့တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာပြီ ထင်ပါတယ်နော်။ ခင်ရတနာစိုးဟာ The Voice Myanmar အဆိုပြိုင်ပွဲမှာ ဖိုင်နယ်ပွဲစဉ်အထိ သီဆိုယှဉ်ပြိုင်ခဲ့ရပြီး Winner မဖြစ်ခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ ပရိသတ်တွေအများကြီးရဲ့ ထောက်ခံအားပေးမှုကိုအများဆုံးရရှိခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ဦးပဲ ဖြစ်ပါတယ်။ 

လောလောဆယ် လတ်တလောမှာတော့ ခင်ရတနာစိုးဟာ ကုန်ပစ္စည်းရောင်းချပေးရတဲ့ Live Sales လေးတွေ လက်ခံဖြစ်နေပြီး အွန်လိုင်းမှ တစ်ဆင့် Live Sales ရောင်းချရင်း တေးသီချင်းလေးတွေကိုလည်းသီဆိုဖျော်ဖြေပေးလျက်ရှိပါတယ်။ 

ဒီအင်တာဗျူးလေးမှာတော့ အဆိုတော်ခင်ရတနာစိုးက ပြိုင်ပွဲကြီးပြီးသွားပေမယ့် သူမကို လက်ခံအားပေးနေတဲ့ ပရိသတ်တွေကို ဖျော်ဖြေနိုင်ဖို့အတွက် လက်ရှိမှာ ကိုယ်ပိုင်သံစဉ်တေးသီချင်းလေးတွေ ထွက်ရှိနိုင်အောင် ကြိုးစားနေပြီး တေးသီချင်းသီဆိုရန်သာမက သရုပ်ဆောင်အလုပ်ကိုလည်း ဝါသနာပါတာကြောင့် ပိုက်ဆံတစ်ပြားမှ မရဘူးဆိုရင်တောင် သရုပ်ဆောင်လုပ်ကြည့်ချင်တယ်လို့ ပရိသတ်အားလုံးကို အသိပေးပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။  ဒီအင်တာဗျူးကို ခင်ရတနာစိုးအနေနဲ့ စိန်နန်းတော် ရတနာဆိုင်အတွက် Live Sales ရောင်းချပေးပြီး တေးသီချင်းများကို သီဆိုဖျော်ဖြေပေးရတဲ့ အစီအစဉ်မှာ မေးမြန်းထားတာပဲ ဖြစ်ပါတယ်။

The Voice Myanmar ပြိုင်ပွဲကြီး ပြီးဆုံးသွားတဲ့နောက်ပိုင်း လောလောဆယ်၊ လတ်တလော အနုပညာလှုပ်ရှားမှုလေးတွေနဲ့ ပတ်သတ်လို့ ခင်ရတနာစိုးက “အခု လောလောဆယ်မှာတော့ ညီမ Live Sales လေးတွေ လုပ်ပေးဖြစ်နေတယ်။ဘာလို့ လုပ်ဖြစ်လည်းဆိုတော့ ညီမတို့က ပွဲတစ်ပွဲ ဆိုဖို့အတွက် ကိုယ်ပိုင်သံစဉ် လိုအပ်တယ်။ ကိုယ်ပိုင်သံစဉ်က လောလောဆယ် ညီမမှာ တစ်ပုဒ်ပဲရှိတယ်။ တစ်ပုဒ်ပဲ ရှိတဲ့အတွက် ဒီပွဲမှာ သီဆိုဖို့အတွက် တခြားနှစ်ပုဒ်ကို ညီမတို့က တေးရေးဆရာတွေဆီမှာ ခွင့်တောင်းပြီးတော့ ဆိုရတယ်။ အဲ့တာကြောင့် ကိုယ်ပိုင်သံစဉ်က ဒီအချိန်မှာ အရမ်းကို လိုအပ်နေတယ်။ အဓိက လိုအပ်နေတာကတော့ ငွေပေါ့နော်။ အဲ့တာကြောင့်လည်း ညီမအနေနဲ့ Live Sales လေးတွေ လက်ခံဖြစ်တယ်။ ရန်ကုန်မှာ အလုပ်ရှိနေသ၍တော့ ညီမ ရှိနေမယ် ပေါ့နော်။ ဒီရှေ့ အလုပ်တွေပိုများလာမယ်ဆိုရင်တော့ ရန်ကုန်မှာ ညီမတို့ တိုက်ခန်းလေးငှားနေမယ်လို့ စီစဉ်နေပါတယ် ရှင့်။” လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာခဲ့ပါတယ်။ 

ရှေ့ဆက်ပြီး ဖန်တီး၊ ထွက်ရှိသွားမယ့် တေးသီချင်းတွေနဲ့ ပတ်သတ်လို့ ခင်ရတနာစိုးက”သီချင်းနဲ့ ပတ်သတ်လို့တော့ ညီမ Studio ဘက်ကို အရင်သွားလိုက်ဦးမယ်။ အဲ့တာမှ ညီမအနေနဲ့ ပိုက်ဆံရှာလို့ရမှာ ဆိုတော့လေ။ ညီမရဲ့ ဇာစ်မြစ်က အဲ့တာလေး ဖြစ်နေတယ်။ နယ်ဘက်ပွဲလေးတွေကိုတော့ ညီမက နားလည်မှုလေးတွေနဲ့ သွားနေဦးမယ် ပေါ့နော်။ မြန်မာသံစဉ်လုပ်ဖို့ကတော့ နောက်ထပ် ၇လ၊ ၈လ၊ အများဆုံး ၁ နှစ် ပါပဲ။ ညီမအနေနဲ့ မြို့အကြိုက် သီချင်းလေးတွေ လုပ်မယ်၊ ပြီးတော့ နယ်အကြိုက် သီချင်းလေးတွေလည်း လုပ်မယ်။ သရုပ်ဆောင်ကတော့ ညီမက ဝါသနာ ပါတာပေါ့။ ညီမ တစ်ပြားမှ မရလည်း လုပ်မှာ။ ဘာကြောင့်လည်းဆိုတော့ ကိုယ်နဲ့ လိုက်ဖက်မလား ပေါ့နော်၊ အဲ့လိုင်းကို သွားကြည့်ချင်တာ တစ်ခုပါပဲ။” လို့ ထုတ်ပြောလိုက်ပြီပဲ ဖြစ်ပါတယ်။ 

ဝါရင့်သရုပ်ဆောင်တွေထဲမှာဆိုရင် ခင်ရတနာစိုးက မခိုင်လေးနဲ့ သက်မွန်မြင့်တို့ကို သဘောကျတယ်လို့ ဆိုပါတယ်။ သက်မွန်မြင့်ဟာဆိုရင်လည်း ခံစားချက်ပြင်းထန်တဲ့ ဇာတ်ကားလေးတွေ၊ ငိုရတဲ့ ဇာတ်ကားလေးတွေ စတဲ့ မိသားစုဇာတ်လမ်းလေးတွေမှာ သရုပ်ဆောင်ပုံ အရမ်းပီပြင်တဲ့အတွက် ကြိုက်နှစ်သက်ရပြီး မခိုင်လေးဟာဆိုရင်လည်း ဟာသဇာတ်ကားတွေ၊ စွာတေးလန်ဇာတ်ကားလေးတွေမှာ အရမ်းချစ်ဖို့ကောင်းတဲ့အတွက် သဘောကျရခြင်း ဖြစ်တယ်လို့ ခင်ရတနာစိုးက ဆိုပါတယ်။ 

ပရိသတ်ကြီးတို့ရေ အဆိုပြိုင်ပွဲဝင်ဟောင်း ခင်ရတနာစိုးဟာဆိုရင် သူမနဲ့ ကိုက်ညီတဲ့ အနုပညာလမ်းကြောင်းတစ်ခုပေါ်မှာ သူမအနေနဲ့ ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်ပြီး အခုချိန်ထိဆက်တိုက်အားပေးလာတဲ့ ပရိသတ်တွေကိုလည်း အရမ်းကျေးဇူးတင်တယ်လို့ ပြောပါတယ်။ မကြခင်ရက်ပိုင်းအတွင်း နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတော့မှာ ဖြစ်တဲ့အတွက် စိတ်ဆင်းရဲမှုတွေကို နှစ်ဟောင်းမှာ ထားခဲ့ပြီး နှစ်သစ်မှာ ပျော်ရွှင်ပါစေ၊ ကိုဗစ်ကာလကြီးလည်း အမြန်ဆုံး ပြီးပျောက်ပါစေလို့ ဆုတောင်းစကားပြောကြားရင်း ခင်ရတနာစိုးက ဒီအင်တာဗျူးလေးကို အဆုံးသတ်ဖြေကြားပေးခဲ့ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *