အမေဖြစ်သူနဲ့ အမဆီက တန်ဖိုးကြီး စိန်လက်စွပ်လေး မွေးနေ့လက်ဆောင်ရခဲ့လို့ အရမ်းပျော်နေတဲ့ G Fatt
Read in UNICODE
အမိုက်စားစာသားလန်းလန်းလေးတွေနဲ့ ရေးစပ်ဖန်တီးထားတဲ့ သီချင်းကောင်းလေးတွေကို သီဆိုဖျော်ဖြေတတ်ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားသူကတော့ အဆိုတော့ G Fatt ပဲ ဖြစ်ပါတယ်နော်..။ သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ဖန်တီးရေးစပ်သလို
လူငယ်အကြိုက်သီချင်းကောင်းလေးတွေများစွာ ထွက်ရှိထားတဲ့ G Fatt ရဲ့ သီချင်းလေးတွေဟာလည်း ပရိသတ်တွေကြား ရေပန်းစားအောင်မြင်နေတာ တွေ့ရပါတယ်နော်..။ မိန်းကလေးပရိသတ်တွေအများဆုံးရရှိထားပြီး ယောကျ်ားလေးပရိသတ်တွေရဲ့ အားပေးချင်ခင်မှုတွေကို
ရရှိထားတဲ့ G Fatt ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်စနောက်မှုလေးတွေကိုလည်း ပြန်လည်နောက်ပြောင်ကာ တုန့်ပြန်တတ်သူမို့ ပရိသတ်တွေက အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်နော်..။ အနုပညာလှုပ်ရှားမှုလေးတွေအပြင် သူ့ရဲ့ပုံရိပ်လေးတွေကိုပါ အမြဲမျှဝေလေ့ရှိတဲ့ G Fatt ကတော့
မကြာခင်မှာကျရောက်တော့မယ့် သူ့ရဲ့မွေးနေ့လေးအတွက် လက်ဆောင်ဝယ်ပေးတဲ့ မေမေနဲ့ အစ်မဖြစ်သူကြောင့် ပျော်နေတဲ့ အကြောင်းလေးကိုလည်း ဝေမျှလာပါတယ်နော်..။ လာမယ့်သူ့မွေးနေ့လေးအတွက် မွေးနေ့အကြိုလက်ဆောင်လေးအဖြစ် မေမေနဲ့ အစ်မတို့က အကြိုဝယ်ပေးထားတဲ့
စိန်လက်စွပ်လေးကို သဘောကျကာ ပျော်နေတဲ့ အမှတ်တရလေးတွေကို G Fatt က ဝေမျှကာ အပျော်လေးတွေ ကူးစက်စေတာပဲ ဖြစ်ပါတယ်..။ ကဲ.. ဒီကနေ့လေးမှာတော့ ပရိသတ်အချစ်တော် အဆိုတော် G Fatt ရဲ့ အပျော်လေးတွေနဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအားလုံးအတွက် ဝေမျှတင်ဆက်ပေးလိုက်တာမို့ ကျေနပ်သဘောကျကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။
Source : G Fatt’s Facebook
Add a Comment
Your email address will not be published. Required fields are marked *