ေန႔စားလုပ္ရတဲ့ စက္႐ုံလုပ္သား ဘဝကေန အဆိုေတာ္ျဖစ္လာတဲ့ ပင္ပန္းခက္ခဲစြာ ျဖတ္သန္းခဲ့ရတဲ့ ဘဝအေျခအေနကို ရင္ဖြင့္ခဲ့တဲ့ အဆိုေတာ္ ေအာင္ထက္

ပရိသတ္ႀကီးတို႔ေရ ေတးသံရွင္ေအာင္ထက္ဟာဆိုရင္ သီခ်င္းေကာင္းေလးေတြကို အသံခ်ိဳခ်ိဳေအးေအးေလးနဲ႔ သီဆိုတတ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ တစ္ခဲနက္ခ်စ္ခင္အားေပးျခင္းကို ခံေနရတဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။

အိပ္မက္ဆုံရာၿပိဳင္ပြဲဝင္တစ္ေယာက္ အျဖစ္ ပရိသတ္ေတြအေနနဲ႔ ေအာင္ထက္ကို စတင္သိရွိခဲ့ရၿပီး ေနာက္ပိုင္းမွာေတာ့ ကိုယ္ပိုင္သီခ်င္းေခြေတြပါ ထြက္ရွိလာကာ အခုဆိုရင္ ေအာင္ျမင္ေက်ာ္ၾကားတဲ့ ႏိုင္ငံေက်ာ္ေတးသံရွင္တစ္ဦး အျဖစ္ ခိုင္မာစြာ ရပ္တည္ေနႏိုင္ၿပီပဲ ျဖစ္ပါတယ္။

ဒီအင္တာဗ်ဴးေလးမွာေတာ့ ပရိသတ္အခ်စ္ေတာ္ ေတးသံရွင္ေအာင္ထက္က သူ႔အေနနဲ႔ အဆိုေတာ္ဘဝကို မေရာက္ရွိခင္က လႈိင္သာယာဘက္မွာ စက္႐ုံလုပ္သားတစ္ဦးအျဖစ္ ပင္ပန္းဆင္းရဲစြာ ႐ုန္းကန္လႈပ္ရွားခဲ့ရေၾကာင္း ရင္ဖြင့္ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။

ေအာင္ထက္ဟာ ဘဝရဲ႕ ငယ္႐ြယ္တဲ့ေန႔ရက္ေတြမွာ ဖခင္ရဲ႕ေခၚယူမႈေၾကာင့္ ရန္ကုန္ဆိုတဲ့ ၿမိဳ႕ႀကီးကို ေက်ာင္းတက္ဖို႔ေရာက္ရွိလာခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ယိုင္နဲ႔စျပဳလာတဲ့ စားဝတ္ေနေရးကို ျဖည့္တင္းဖို႔အတြက္ ေက်ာင္းထြက္ၿပီး ေက်ာတစ္ခင္းစာအတြက္ အသက္(၁၆)ႏွစ္အ႐ြယ္က စၿပီး ႐ုန္းကန္လႈပ္ရွားခဲ့ရတယ္လို႔ဆိုပါတယ္။

ေအာင္ထက္ဟာ ငယ္စဥ္ဘဝ သူမ်ားဆီမွာ အလုပ္လုပ္ခဲ့ရတဲ့ အေျခအေနေတြနဲ႔ စပ္လ်ဥ္းလို႔ “ေက်ာတစ္ခင္းစာက အရမ္းခက္ခဲတယ္ေလ။ ဒီေနရာမွာပဲ စားတယ္၊ ဒီေနရာမွာပဲ အလုပ္လုပ္တယ္၊ ဒီေနရာမွာပဲ အိပ္တယ္။ အဲ့ဒီလိုေနရာမ်ိဳးမွာ အလုပ္လုပ္ခဲ့ရတာ ေပါ့ေနာ္။ စားတာ၊ ေသာက္တာက ရွာေဖြစားေသာက္လို႔ ရေသးတယ္။ ေနထိုင္ဖို႔ ေနရာမရွိရင္ ဘာမွလုပ္လို႔မရဘူး။ လမ္းေဘးလည္း သြားအိပ္လို႔ မရဘူးေလ၊ အဖမ္းခံရမွာေပါ့။ အဲ့ဒီေတာ့ အလုပ္တစ္ခုကို ေရာက္ရင္ အလုပ္ရွင္ကို အလုပ္မွာ ေနလို႔ ရ/မရ အရင္ေမးရေသးတာေပါ့။ ေနလို႔ရတယ္ ဆိုေတာ့မွ အဲ့ေနရာမွာ အလုပ္လုပ္လို႔ ရတာေပါ့ေနာ္။ ကြၽန္ေတာ္ အရင္က ေျမာက္ဥကၠလာဘက္မွာပဲ က်င္လည္ၿပီး ဖိနပ္ခ်ဳပ္တဲ့လုပ္ငန္းေတြမွာ ဝင္လုပ္ခဲ့တာ၊ အဲ့မွာက်ေတာ့ လုပ္ငန္းအမ်ားစုက အိမ္ေတြမွာပဲ လုပ္ၾကတာဆိုေတာ့ ကြၽန္ေတာ္က အဲ့ဒီအိမ္ေတြမွာပဲ ေနထိုင္၊ စားေသာက္ရတာေပါ့ေနာ္” လို႔ သူ႔ဘဝရဲ႕ ငယ္႐ြယ္လွတဲ့ (၁၆)ႏွစ္အ႐ြယ္မွာ ခက္ခဲဆင္းရဲစြာ လုပ္ကိုင္၊ စားေသာက္ခဲ့ရပုံကို စိတ္မေကာင္းစြာပဲ ျပန္ေျပာင္းေျပာျပပါတယ္။

ဒီလိုနဲ႔ လူငယ္ဘဝ ေအာင္ထက္တစ္ေယာက္ အသက္တစ္ႏွစ္ႀကီးလို႔ (၁၇)ျပည့္တဲ့အခါမွာေတာ့ လႈိင္သာယာဘက္မွာ အေဆာင္ငွားရမ္းေနထိုင္ၿပီး အဲ့ဒီဘက္က စက္႐ုံေတြမွာပဲ ေန႔စားဝန္ထမ္းအျဖစ္ လုပ္ကိုင္ခဲ့တယ္လို႔ သိရပါတယ္။ အသက္(၁၈)ႏွစ္ျပည့္တဲ့အခါမွာေတာ့ လူငယ္ေတြအတြက္ အလုပ္အကိုင္အခြင့္အလမ္းေတြကို ေပးအပ္ေလ့ရွိတယ္လို႔

လူသိမ်ားတဲ့ FAME ေဆးဝါးစက္႐ုံမွာ အၿမဲတမ္းဝန္ထမ္းတစ္ဦးအျဖစ္ ဝင္ေရာက္လုပ္ကိုင္ရာကေန အဆိုၿပိဳင္ပြဲေတြနဲ႔ ရင္းႏွီးထိေတြ႕ခြင့္ ရခဲ့တယ္လို႔ ေအာင္ထက္က ဆိုပါတယ္။”အက်ဥ္းခ်ဳံးေျပာရမယ္ ဆိုရင္ေတာ့ ကြၽန္ေတာ္က ၿပိဳင္ပြဲေတြ လိုက္ၿပိဳင္ရာကေန ကြၽန္ေတာ့ကို သိၿပီးေတာ့၊ ေနာက္ထပ္ၿပိဳင္ပြဲေတြကို ကြၽန္ေတာ့္အေနနဲ႔ ဝင္ၿပိဳင္ႏိုင္ဖို႔အတြက္ ကူညီေပးခဲ့တဲ့ လူတစ္ေယာက္နဲ႔ ဆုံေတြခဲ့ရတယ္။ သူ႔ရဲ႕ အကူအညီေတြနဲ႔ပဲ ကြၽန္ေတာ္ ၿပိဳင္ပြဲေတြ အမ်ားႀကီး ၿပိဳင္တယ္။ ဆုေတြလည္း အမ်ားႀကီးရတယ္။ တခ်ိဳ႕သူေတြနဲ႔ဆိုရင္ အခုခ်ိန္ အျပင္မွာ ဆုံမိတဲ့အခါ အရင္တုန္းက အေၾကာင္းေတြကို ျပန္ေျပာျဖစ္ၾကတယ္။ အခု နာမည္ႀကီးေနတဲ့ သူေတြထဲမွာဆိုရင္ ဂ်ဴးဝယ္လ္ ရွိမယ္၊ ေကေကမိုး ရွိမယ္၊ ျဖဴျဖဴဟန္ ရွိမယ္၊ ေနာက္ တျခားသူေတြလည္း ရွိပါတယ္။ အခ်ိန္ကာလအားျဖင့္ ၂၀၀၉-၂၀၁၀ ေလာက္ေပါ့ေနာ္။ အဲ့ဒီကာလေတြက ကြၽန္ေတာ္တို႔ ႀကိဳးစားေနၾကတဲ့ အခ်ိန္ကာလေပါ့ေနာ္။ တခ်ိဳ႕ေတြလည္း ဒီဂီတလမ္းေၾကာင္းေပၚမွာ ဆက္ၿပီးေတာ့ ရွိေနေသးတယ္။ တခ်ိဳ႕ေတြကေတာ့ နယ္ျပန္ၿပီး စီးပြားေရး ျပန္လုပ္ေနတဲ့သူေတြ၊ အသက္ေမြးဝမ္းေက်ာင္းပညာ တစ္ခုခု တတ္ေျမာက္ထားတဲ့ သူေတြက်ေတာ့လည္း ဆရာဝန္ေတြ၊ ဘာေတြ လုပ္ေနၾကတဲ့သူေတြ ရွိတယ္။ သူတို႔နဲ႔ကသီခ်င္းဆိုၿပိဳင္ပြဲမွာ ဆုံေတြ႕မိခဲ့ၾကေပမယ့္ ဂီတလမ္းေၾကာင္းေပၚမွာ ဆက္မေလွ်ာက္ပဲ စီးပြားေရးအတြက္ အဆင္ေျပရာ အလုပ္တစ္ခုကို ေအာင္ျမင္ေအာင္ လုပ္ကိုင္ေနၾကတာေပါ့ေနာ္၊ ကြၽန္ေတာ္တို႔သာ မျဖစ္ျဖစ္ေအာင္ ဆက္လုပ္ခ်င္စိတ္ကို ဖ်စ္ညႇစ္ၿပီး ဂီတလမ္းေၾကာင္းေပၚမွာ ဆက္ေလွ်ာက္လာၾကတာေပါ့။ သူတို႔နဲ႔ ျပန္ေတြ႕ရင္လည္း အရင္ကအေၾကာင္းေတြကို ျပန္ေျပာျဖစ္ၾကပါတယ္။”

သာဒီးလူဟာဆိုရင္လည္း သူနဲ႔ တစ္ခ်ိန္တစ္ခါက အဆိုၿပိဳင္ပြဲေတြမွာ သိကြၽမ္းခဲ့ဖူးသူတစ္ဦးျဖစ္ၿပီး ကိုသာဒီးလူဟာ အဲ့ဒီအခ်ိန္တည္းက ေရာ့ခ္ဂီတကိုသာ ႐ူးသြပ္သူတစ္ေယာက္ျဖစ္တယ္လို႔ ေအာင္ထက္က ဆိုပါတယ္။ တစ္ခ်ိန္က အခုလို အတူတူ ႐ုန္းကန္လႈပ္ရွားခဲ့ရတဲ့ သူေတြက အခုလို ေအာင္ျမင္တဲ့ေနရာတစ္ခုကို တက္လွမ္းေနႏိုင္တာကို ျမင္ရတဲ့ အခါမွာ သူ႔အေနနဲ႔ အရမ္းကို ဝမ္းသာပီတိျဖစ္မိၿပီး အရမ္းလည္း ဂုဏ္ယူတယ္၊ မုဒိတာပြားတယ္လို႔ ဆိုပါတယ္။ “ကြၽန္ေတာ္တို႔ အဲ့ဒီအခ်ိန္တုန္းက အဆိုၿပိဳင္ပြဲဝင္ရတာဟာ ဘယ္ေလာက္ေတာင္ ခက္ခဲခဲ့လည္း ဆိုတာကို ဒီဘက္ေခတ္ၿပိဳင္ပြဲဝင္ေတြလည္း အလားတူ ခံစားၾကရလိမ့္မယ္။ ေနေရး၊ ထိုင္ေရး၊ သြားေရး၊ လာေရးကအစ ပိုက္ဆံအဆင္မေျပလို႔ လုံးဝမရဘူးေလ။ အမ်ားစုဟာလည္း အဲ့လို အဆင္မေျပတဲ့ လူမ်ိဳးေတြခ်ည္းပါပဲ။ သူတို႔ရဲ႕ရည္႐ြယ္ခ်က္ေတြ ျဖစ္ေျမာက္ဖို႔အတြက္ သူတို႔ လာႀကိဳးစားၾကတာေလ။ ကြၽန္ေတာ္က်ေတာ့ အဲ့ဒီအခက္အခဲေတြကို နားလည္တယ္ကြာ။ အဲ့ဒီလိုမ်ိဳး ေနထိုင္၊ သြားလာ၊ စားေသာက္ေရး အခက္အခဲေတြၾကားထဲကေန ႐ုန္းကန္ရင္းနဲ႔ပဲ အိပ္မက္ဆုံရာရာသက္ပန္ မွတစ္ဆင့္ အခုလို ဂီတေလာကထဲမွာ ေနရာတစ္ခုကို ရခဲ့တာပါ”

ပရိသတ္ႀကီးတို႔ေရ ဒီအင္တာဗ်ဴးေလးမွာေတာ့ ႏိုင္ငံေက်ာ္ေတးသံရွင္ေအာင္ထက္က သူငယ္စဥ္အခါက ပင္ပန္းဆင္းရဲစြာနဲ႔ သူတစ္ပါးစက္႐ုံလုပ္ငန္းေတြမွာ ေန႔စားလုပ္ကိုင္ရတဲ့ စက္႐ုံအလုပ္သမားေလးဘဝကေန အဆိုေတာ္”ေအာင္ထက္” ရယ္လို႔ နာမည္တစ္လုံးရလာသည္အထိ ေပးဆပ္မႈေပါင္းမ်ားစြာနဲ႔ အခက္အခဲေပါင္းမ်ားစြာကို ႐ုန္းကန္ေက်ာ္ျဖတ္ခဲ့ရပုံကို ပရိသတ္ေတြသိေအာင္ ေဝမွ်ေျပာျပေပးခဲတာပဲ ျဖစ္ပါတယ္။

ပရိသတ္ႀကီးတို႔လည္း အခုလို ဆင္းရဲၿပီး အခြင့္အလမ္းနည္းပါးလွတဲ့ ေအာက္ေျခဝန္ထမ္း အဆင့္ကေန ႏိုင္ငံေက်ာ္ေတးသံရွင္တစ္ဦးျဖစ္သည္ အထိ ႀကိဳးစားရယူႏိုင္ခဲ့တဲ့ ေအာင္ထက္ရဲ႕ ေအာင္ျမင္မႈအတြက္ ေကာ္မန္႔ မွာ ဂုဏ္ျပဳဆုေတာင္းစကားေလးေတြကို ေျပာၾကားေပးသြားၾကပါဦးေနာ္။

Read in UNICODE

ပရိသတ်ကြီးတို့ရေ တေးသံရှင်အောင်ထက်ဟာဆိုရင် သီချင်းကောင်းလေးတွေကို အသံချိုချိုအေးအေးလေးနဲ့ သီဆိုတတ်တာကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်ချစ်ခင်အားပေးခြင်းကို ခံနေရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

အိပ်မက်ဆုံရာပြိုင်ပွဲဝင်တစ်ယောက် အဖြစ် ပရိသတ်တွေအနေနဲ့ အောင်ထက်ကို စတင်သိရှိခဲ့ရပြီး နောက်ပိုင်းမှာတော့ ကိုယ်ပိုင်သီချင်းခွေတွေပါ ထွက်ရှိလာကာ အခုဆိုရင် အောင်မြင်ကျော်ကြားတဲ့ နိုင်ငံကျော်တေးသံရှင်တစ်ဦး အဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်ပြီပဲ ဖြစ်ပါတယ်။

ဒီအင်တာဗျူးလေးမှာတော့ ပရိသတ်အချစ်တော် တေးသံရှင်အောင်ထက်က သူ့အနေနဲ့ အဆိုတော်ဘဝကို မရောက်ရှိခင်က လှိုင်သာယာဘက်မှာ စက်ရုံလုပ်သားတစ်ဦးအဖြစ် ပင်ပန်းဆင်းရဲစွာ ရုန်းကန်လှုပ်ရှားခဲ့ရကြောင်း ရင်ဖွင့်ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

အောင်ထက်ဟာ ဘဝရဲ့ ငယ်ရွယ်တဲ့နေ့ရက်တွေမှာ ဖခင်ရဲ့ခေါ်ယူမှုကြောင့် ရန်ကုန်ဆိုတဲ့ မြို့ကြီးကို ကျောင်းတက်ဖို့ရောက်ရှိလာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ယိုင်နဲ့စပြုလာတဲ့ စားဝတ်နေရေးကို ဖြည့်တင်းဖို့အတွက် ကျောင်းထွက်ပြီး ကျောတစ်ခင်းစာအတွက် အသက်(၁၆)နှစ်အရွယ်က စပြီး ရုန်းကန်လှုပ်ရှားခဲ့ရတယ်လို့ဆိုပါတယ်။

အောင်ထက်ဟာ ငယ်စဉ်ဘဝ သူများဆီမှာ အလုပ်လုပ်ခဲ့ရတဲ့ အခြေအနေတွေနဲ့ စပ်လျဉ်းလို့ “ကျောတစ်ခင်းစာက အရမ်းခက်ခဲတယ်လေ။ ဒီနေရာမှာပဲ စားတယ်၊ ဒီနေရာမှာပဲ အလုပ်လုပ်တယ်၊ ဒီနေရာမှာပဲ အိပ်တယ်။ အဲ့ဒီလိုနေရာမျိုးမှာ အလုပ်လုပ်ခဲ့ရတာ ပေါ့နော်။ စားတာ၊ သောက်တာက ရှာဖွေစားသောက်လို့ ရသေးတယ်။ နေထိုင်ဖို့ နေရာမရှိရင် ဘာမှလုပ်လို့မရဘူး။ လမ်းဘေးလည်း သွားအိပ်လို့ မရဘူးလေ၊ အဖမ်းခံရမှာပေါ့။ အဲ့ဒီတော့ အလုပ်တစ်ခုကို ရောက်ရင် အလုပ်ရှင်ကို အလုပ်မှာ နေလို့ ရ/မရ အရင်မေးရသေးတာပေါ့။ နေလို့ရတယ် ဆိုတော့မှ အဲ့နေရာမှာ အလုပ်လုပ်လို့ ရတာပေါ့နော်။ ကျွန်တော် အရင်က မြောက်ဥက္ကလာဘက်မှာပဲ ကျင်လည်ပြီး ဖိနပ်ချုပ်တဲ့လုပ်ငန်းတွေမှာ ဝင်လုပ်ခဲ့တာ၊ အဲ့မှာကျတော့ လုပ်ငန်းအများစုက အိမ်တွေမှာပဲ လုပ်ကြတာဆိုတော့ ကျွန်တော်က အဲ့ဒီအိမ်တွေမှာပဲ နေထိုင်၊ စားသောက်ရတာပေါ့နော်” လို့ သူ့ဘဝရဲ့ ငယ်ရွယ်လှတဲ့ (၁၆)နှစ်အရွယ်မှာ ခက်ခဲဆင်းရဲစွာ လုပ်ကိုင်၊ စားသောက်ခဲ့ရပုံကို စိတ်မကောင်းစွာပဲ ပြန်ပြောင်းပြောပြပါတယ်။

ဒီလိုနဲ့ လူငယ်ဘဝ အောင်ထက်တစ်ယောက် အသက်တစ်နှစ်ကြီးလို့ (၁၇)ပြည့်တဲ့အခါမှာတော့ လှိုင်သာယာဘက်မှာ အဆောင်ငှားရမ်းနေထိုင်ပြီး အဲ့ဒီဘက်က စက်ရုံတွေမှာပဲ နေ့စားဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။ အသက်(၁၈)နှစ်ပြည့်တဲ့အခါမှာတော့ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ပေးအပ်လေ့ရှိတယ်လို့

လူသိများတဲ့ FAME ဆေးဝါးစက်ရုံမှာ အမြဲတမ်းဝန်ထမ်းတစ်ဦးအဖြစ် ဝင်ရောက်လုပ်ကိုင်ရာကနေ အဆိုပြိုင်ပွဲတွေနဲ့ ရင်းနှီးထိတွေ့ခွင့် ရခဲ့တယ်လို့ အောင်ထက်က ဆိုပါတယ်။”အကျဉ်းချုံးပြောရမယ် ဆိုရင်တော့ ကျွန်တော်က ပြိုင်ပွဲတွေ လိုက်ပြိုင်ရာကနေ ကျွန်တော့ကို သိပြီးတော့၊ နောက်ထပ်ပြိုင်ပွဲတွေကို ကျွန်တော့်အနေနဲ့ ဝင်ပြိုင်နိုင်ဖို့အတွက် ကူညီပေးခဲ့တဲ့ လူတစ်ယောက်နဲ့ ဆုံတွေခဲ့ရတယ်။ သူ့ရဲ့ အကူအညီတွေနဲ့ပဲ ကျွန်တော် ပြိုင်ပွဲတွေ အများကြီး ပြိုင်တယ်။ ဆုတွေလည်း အများကြီးရတယ်။ တချို့သူတွေနဲ့ဆိုရင် အခုချိန် အပြင်မှာ ဆုံမိတဲ့အခါ အရင်တုန်းက အကြောင်းတွေကို ပြန်ပြောဖြစ်ကြတယ်။ အခု နာမည်ကြီးနေတဲ့ သူတွေထဲမှာဆိုရင် ဂျူးဝယ်လ် ရှိမယ်၊ ကေကေမိုး ရှိမယ်၊ ဖြူဖြူဟန် ရှိမယ်၊ နောက် တခြားသူတွေလည်း ရှိပါတယ်။ အချိန်ကာလအားဖြင့် ၂၀၀၉-၂၀၁၀ လောက်ပေါ့နော်။ အဲ့ဒီကာလတွေက ကျွန်တော်တို့ ကြိုးစားနေကြတဲ့ အချိန်ကာလပေါ့နော်။ တချို့တွေလည်း ဒီဂီတလမ်းကြောင်းပေါ်မှာ ဆက်ပြီးတော့ ရှိနေသေးတယ်။ တချို့တွေကတော့ နယ်ပြန်ပြီး စီးပွားရေး ပြန်လုပ်နေတဲ့သူတွေ၊ အသက်မွေးဝမ်းကျောင်းပညာ တစ်ခုခု တတ်မြောက်ထားတဲ့ သူတွေကျတော့လည်း ဆရာဝန်တွေ၊ ဘာတွေ လုပ်နေကြတဲ့သူတွေ ရှိတယ်။ သူတို့နဲ့ကသီချင်းဆိုပြိုင်ပွဲမှာ ဆုံတွေ့မိခဲ့ကြပေမယ့် ဂီတလမ်းကြောင်းပေါ်မှာ ဆက်မလျှောက်ပဲ စီးပွားရေးအတွက် အဆင်ပြေရာ အလုပ်တစ်ခုကို အောင်မြင်အောင် လုပ်ကိုင်နေကြတာပေါ့နော်၊ ကျွန်တော်တို့သာ မဖြစ်ဖြစ်အောင် ဆက်လုပ်ချင်စိတ်ကို ဖျစ်ညှစ်ပြီး ဂီတလမ်းကြောင်းပေါ်မှာ ဆက်လျှောက်လာကြတာပေါ့။ သူတို့နဲ့ ပြန်တွေ့ရင်လည်း အရင်ကအကြောင်းတွေကို ပြန်ပြောဖြစ်ကြပါတယ်။”

သာဒီးလူဟာဆိုရင်လည်း သူနဲ့ တစ်ချိန်တစ်ခါက အဆိုပြိုင်ပွဲတွေမှာ သိကျွမ်းခဲ့ဖူးသူတစ်ဦးဖြစ်ပြီး ကိုသာဒီးလူဟာ အဲ့ဒီအချိန်တည်းက ရော့ခ်ဂီတကိုသာ ရူးသွပ်သူတစ်ယောက်ဖြစ်တယ်လို့ အောင်ထက်က ဆိုပါတယ်။ တစ်ချိန်က အခုလို အတူတူ ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ သူတွေက အခုလို အောင်မြင်တဲ့နေရာတစ်ခုကို တက်လှမ်းနေနိုင်တာကို မြင်ရတဲ့ အခါမှာ သူ့အနေနဲ့ အရမ်းကို ဝမ်းသာပီတိဖြစ်မိပြီး အရမ်းလည်း ဂုဏ်ယူတယ်၊ မုဒိတာပွားတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ အဲ့ဒီအချိန်တုန်းက အဆိုပြိုင်ပွဲဝင်ရတာဟာ ဘယ်လောက်တောင် ခက်ခဲခဲ့လည်း ဆိုတာကို ဒီဘက်ခေတ်ပြိုင်ပွဲဝင်တွေလည်း အလားတူ ခံစားကြရလိမ့်မယ်။ နေရေး၊ ထိုင်ရေး၊ သွားရေး၊ လာရေးကအစ ပိုက်ဆံအဆင်မပြေလို့ လုံးဝမရဘူးလေ။ အများစုဟာလည်း အဲ့လို အဆင်မပြေတဲ့ လူမျိုးတွေချည်းပါပဲ။ သူတို့ရဲ့ရည်ရွယ်ချက်တွေ ဖြစ်မြောက်ဖို့အတွက် သူတို့ လာကြိုးစားကြတာလေ။ ကျွန်တော်ကျတော့ အဲ့ဒီအခက်အခဲတွေကို နားလည်တယ်ကွာ။ အဲ့ဒီလိုမျိုး နေထိုင်၊ သွားလာ၊ စားသောက်ရေး အခက်အခဲတွေကြားထဲကနေ ရုန်းကန်ရင်းနဲ့ပဲ အိပ်မက်ဆုံရာရာသက်ပန် မှတစ်ဆင့် အခုလို ဂီတလောကထဲမှာ နေရာတစ်ခုကို ရခဲ့တာပါ”

ပရိသတ်ကြီးတို့ရေ ဒီအင်တာဗျူးလေးမှာတော့ နိုင်ငံကျော်တေးသံရှင်အောင်ထက်က သူငယ်စဉ်အခါက ပင်ပန်းဆင်းရဲစွာနဲ့ သူတစ်ပါးစက်ရုံလုပ်ငန်းတွေမှာ နေ့စားလုပ်ကိုင်ရတဲ့ စက်ရုံအလုပ်သမားလေးဘဝကနေ အဆိုတော်”အောင်ထက်” ရယ်လို့ နာမည်တစ်လုံးရလာသည်အထိ ပေးဆပ်မှုပေါင်းများစွာနဲ့ အခက်အခဲပေါင်းများစွာကို ရုန်းကန်ကျော်ဖြတ်ခဲ့ရပုံကို ပရိသတ်တွေသိအောင် ဝေမျှပြောပြပေးခဲတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးတို့လည်း အခုလို ဆင်းရဲပြီး အခွင့်အလမ်းနည်းပါးလှတဲ့ အောက်ခြေဝန်ထမ်း အဆင့်ကနေ နိုင်ငံကျော်တေးသံရှင်တစ်ဦးဖြစ်သည် အထိ ကြိုးစားရယူနိုင်ခဲ့တဲ့ အောင်ထက်ရဲ့ အောင်မြင်မှုအတွက် ကော်မန့် မှာ ဂုဏ်ပြုဆုတောင်းစကားလေးတွေကို ပြောကြားပေးသွားကြပါဦးနော်။

Source : MC |Photo : Aung Htet’s Facebook

Add a Comment

Your email address will not be published. Required fields are marked *