အိမ္ေျခေပါင္း(၄၇၀)ကို (၄၇)ႏွစ္ျပည့္ ေမြးေန႔အေနနဲ႔ ဆန္ ဆီ ဆားနဲ႔ ျပကၡဒိန္မ်ား လွဴဒါန္းခဲ့တဲ့ ဒိန္းေဒါင္

သ႐ုပ္ေဆာင္ ဟာသ လူ႐ႊင္ေတာ္ ဒိန္းေဒါင္ကေတာ့ ရယ္စရာဟာသေတြနဲ႔ ဘဝအေမာေတြကို ေျပေပ်ာက္ေစတဲ့ အႏုပညာရွင္တစ္ေယာက္ပါ ။ ဒီေန႔ ဒီဇင္ဘာလ (၂၉) ရက္ေန႔ကေတာ့ ဒိန္းေဒါင္ရဲ႕

အသက္ (၄၇) ႏွစ္ျပည့္ ေမြးေန႔ရက္ျမတ္ေလးပဲျဖစ္ပါတယ္ ။ ခြၽန္တြန္းပရဟိတ အမည္နဲ႔ ပရဟိတလုပ္ငန္းေတြကို လုပ္ေဆာင္ေနတဲ့ ဒိန္းေဒါင္ကေတာ့ သူ႔ရဲ႕ေမြးေန႔မွာလည္း အလႉအတန္းေတြ ျပဳလုပ္ခဲ့ပါတယ္ ။ (၄၇) ႏွစ္ျပည့္

ေမြးေန႔အထိမ္းအမွတ္အေနနဲ႔ အိမ္ေျခ (၄၇၀) အတြက္ ဆန္ ဆီ ဆား နဲ႔ ျပကၡဒိန္ေလးေတြကို လႉဒါန္းခဲ့ပါတယ္ ။ သာေကတမွာရွိတဲ့ ႏြမ္းပါးျပည္သူေတြအတြက္ အိမ္ေျခ (၂၀၀) စာ လႉဒါန္းခဲ့တယ္လို႔လည္းသိရပါတယ္ ။ ဒိန္းေဒါင္က ေမြးေန႔အလႉေလးကို ပရိသတ္ေတြလည္း

ထပ္တူ သာဓုေခၚဆိုႏိုင္ဖို႔အတြက္ လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန Live လႊင့္ၿပီး ပရိသတ္ေတြကို မွ်ေဝေပးခဲ့တာပါ။ မိသားစုမ်ားၿပီး တကယ္ကို မရွိႏြမ္းပါး ၾကတဲ့ ရပ္ကြက္ေလးေတြကို

ေသခ်ာရွာေဖြၿပီး လႉဒါန္းခဲ့တာပဲျဖစ္ပါတယ္ ။ သြားေရာက္လႉဒါန္းတဲ့ ရပ္ကြက္က ပရိသတ္ေတြကလည္း ကိုဒိန္းေဒါင္အတြက္ ေမြးေန႔ ဆုမြန္ေကာင္းေတြ အမ်ားႀကီးေပးခဲ့ၾကပါတယ္ ။ Happy Birthday ပါ

ကိုဒိန္းေဒါင္ေရ ေမြးေန႔က စၿပီးေနာင္ႏွစ္ေပါင္းမ်ားစြာထိ ခ်စ္တဲ့ ပရိသတ္ေတြရဲ႕အားေပးမႈနဲ႔အတူ ပရဟိတအလုပ္ေတြ အမ်ားႀကီးလုပ္ေဆာင္သြားႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္ ။

Read in UNICODE

သရုပ်ဆောင် ဟာသ လူရွှင်တော် ဒိန်းဒေါင်ကတော့ ရယ်စရာဟာသတွေနဲ့ ဘဝအမောတွေကို ပြေပျောက်စေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ဒီနေ့ ဒီဇင်ဘာလ (၂၉) ရက်နေ့ကတော့ ဒိန်းဒေါင်ရဲ့

အသက် (၄၇) နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ ချွန်တွန်းပရဟိတ အမည်နဲ့ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဒိန်းဒေါင်ကတော့ သူ့ရဲ့မွေးနေ့မှာလည်း အလှူအတန်းတွေ ပြုလုပ်ခဲ့ပါတယ် ။ (၄၇) နှစ်ပြည့်

မွေးနေ့အထိမ်းအမှတ်အနေနဲ့ အိမ်ခြေ (၄၇၀) အတွက် ဆန် ဆီ ဆား နဲ့ ပြက္ခဒိန်လေးတွေကို လှူဒါန်းခဲ့ပါတယ် ။ သာကေတမှာရှိတဲ့ နွမ်းပါးပြည်သူတွေအတွက် အိမ်ခြေ (၂၀၀) စာ လှူဒါန်းခဲ့တယ်လို့လည်းသိရပါတယ် ။ ဒိန်းဒေါင်က မွေးနေ့အလှူလေးကို ပရိသတ်တွေလည်း

ထပ်တူ သာဓုခေါ်ဆိုနိုင်ဖို့အတွက် လူမှုကွန်ရက်စာမျက်နှာထက်ကနေ Live လွှင့်ပြီး ပရိသတ်တွေကို မျှဝေပေးခဲ့တာပါ။ မိသားစုများပြီး တကယ်ကို မရှိနွမ်းပါး ကြတဲ့ ရပ်ကွက်လေးတွေကို

သေချာရှာဖွေပြီး လှူဒါန်းခဲ့တာပဲဖြစ်ပါတယ် ။ သွားရောက်လှူဒါန်းတဲ့ ရပ်ကွက်က ပရိသတ်တွေကလည်း ကိုဒိန်းဒေါင်အတွက် မွေးနေ့ ဆုမွန်ကောင်းတွေ အများကြီးပေးခဲ့ကြပါတယ် ။ Happy Birthday ပါ

ကိုဒိန်းဒေါင်ရေ မွေးနေ့က စပြီးနောင်နှစ်ပေါင်းများစွာထိ ချစ်တဲ့ ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူ ပရဟိတအလုပ်တွေ အများကြီးလုပ်ဆောင်သွားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Dain Daung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *