ခ်စ္ဇနီးေလးအတြက္ သိန္း(၂၀)ေက်ာ္တန္ ေနာက္ဆံုးေပၚ အိုင္ဖုန္းဝယ္ေပးတာေတာင္ ေစ်းႀကီးလို႔ မကိုင္ခ်င္ဘူးဆိုၿပီး အျငင္းခံခဲ့ရတဲ့ ႏိုင္းဝမ္း

ဆယ္ႏွစ္ေက်ာ္ၾကာေအာင္ အဆိုေတာ္ ႏိုင္းဝမ္းကေတာ့ အတူလက္တြဲခဲ့တဲ့ခ်စ္သူေလးနဲ႔ ထိမ္းျမားလက္ထပ္ႏိုင္ခဲ့ၿပီပဲ ျဖစ္ပါတယ္ ။ ႏိုင္းဝမ္းက ၿပီးခဲ့တဲ့ဒီဇင္ဘာလ (၉)ရက္ေန႔မွာပဲ ခ်စ္သူေလးနဲ႔ မဂၤလာလက္မွတ္ေရးထိုးပြဲေလးကို ေအာင္ျမင္စြာက်င္းပခဲ့တာ ျဖစ္ပါတယ္ ။ အခုဆိုရင္

ႏိုင္းဝမ္းက သူလိုခ်င္ခဲ့တဲ့အိမ္ေထာင္သည္ဘဝေလးကို ရရွိႏိုင္ဖို႔ ခ်စ္ဇနီးနဲ႔ႏွစ္ေယာက္အတူတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ တည္ေဆာက္ေနတာပဲ ျဖစ္ပါတယ္ ။ ႏိုင္းဝမ္းကေတာ့ ခ်စ္ဇနီးေလးကို အရမ္းခ်စ္တတ္သူပီပီ အရိပ္တၾကည့္ၾကည့္နဲ႔ အၿမဲတမ္းၾကင္နာယုယေနတာလည္း

ျဖစ္ပါတယ္ ။ ဒါ့အျပင္ ႏိုင္းဝမ္းက ခ်စ္ဇနီးေလးကို ဘယ္ေလာက္ခ်စ္ေၾကာင္းကို သူ႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ မၾကာခဏဆိုသလို တင္ေလ့ရွိတာ ျဖစ္ပါတယ္ ။ အခုလည္း ႏိုင္းဝမ္းက ဇနီးျဖစ္သူကို ျမန္မာေငြသိန္းႏွစ္ဆယ္နီးပါး တန္ေၾကးရွိတဲ့ ေနာက္ဆုံးေပၚ iPhone 12 Pro

ဝယ္ေပးေပမယ့္ ခ်စ္ဇနီးကလက္မခံေၾကာင္း ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္ ။ ဒီအေၾကာင္းကို ႏိုင္းဝမ္းက “ေသးေသးေလးပဲလား ႀကီးႀကီးလား.. ေသးေသးႀကီးႀကီးလား မိန္းမကိုစပ႐ိုက္တိုက္တာ မိန္းမက ေသးေသးႀကီးႀကီး

ေဈးႀကီးတာေတြမကိုင္ခ်င္ဘူးဆိုလို႔ ျပန္ေရာင္းမယ္ကြာ USAအလုံးအသစ္စက္စက္ေတြ 256GB ဘလူးေသးနဲ႔ ဘလူးႀကီး ခ်ာဂ်ာေခါင္းႀကိဳးပါ ျမန္မာျပည္ေရာက္ဖို႔ တစ္လေက်ာ္ၾကာတာေၾကာင့္ ေဈးေတာ့လုံးဝမေလွ်ာ့” ဆိုၿပီး သူ႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားေျပာျပထားတာ

ျဖစ္ပါတယ္။ ႏိုင္းဝမ္းရဲ႕ဇနီးေလးကေတာ့ ခင္ပြန္းျဖစ္သူက အလိုက္တသိဝယ္ေပးတာေတာင္ ေစ်းႀကီးတဲ့ဖုန္းကိုမကိုင္ခ်င္ဘူးေျပာခဲ့တာပဲ ျဖစ္ပါတယ္ ။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ႐ိုး႐ိုးရွင္းရွင္းေလးေနတတ္တဲ့ ခ်စ္ဇနီးေလးကိုပိုင္ဆိုင္ထားတဲ့ ႏိုင္းဝမ္းရဲ႕ပုံရိပ္ေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Read in UNICODE

ဆယ်နှစ်ကျော်ကြာအောင် အဆိုတော် နိုင်းဝမ်းကတော့ အတူလက်တွဲခဲ့တဲ့ချစ်သူလေးနဲ့ ထိမ်းမြားလက်ထပ်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။ နိုင်းဝမ်းက ပြီးခဲ့တဲ့ဒီဇင်ဘာလ (၉)ရက်နေ့မှာပဲ ချစ်သူလေးနဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးကို အောင်မြင်စွာကျင်းပခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင်

နိုင်းဝမ်းက သူလိုချင်ခဲ့တဲ့အိမ်ထောင်သည်ဘဝလေးကို ရရှိနိုင်ဖို့ ချစ်ဇနီးနဲ့နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင် တည်ဆောက်နေတာပဲ ဖြစ်ပါတယ် ။ နိုင်းဝမ်းကတော့ ချစ်ဇနီးလေးကို အရမ်းချစ်တတ်သူပီပီ အရိပ်တကြည့်ကြည့်နဲ့ အမြဲတမ်းကြင်နာယုယနေတာလည်း

ဖြစ်ပါတယ် ။ ဒါ့အပြင် နိုင်းဝမ်းက ချစ်ဇနီးလေးကို ဘယ်လောက်ချစ်ကြောင်းကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ မကြာခဏဆိုသလို တင်လေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း နိုင်းဝမ်းက ဇနီးဖြစ်သူကို မြန်မာငွေသိန်းနှစ်ဆယ်နီးပါး တန်ကြေးရှိတဲ့ နောက်ဆုံးပေါ် iPhone 12 Pro

ဝယ်ပေးပေမယ့် ချစ်ဇနီးကလက်မခံကြောင်း ပြောပြခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီအကြောင်းကို နိုင်းဝမ်းက “သေးသေးလေးပဲလား ကြီးကြီးလား.. သေးသေးကြီးကြီးလား မိန်းမကိုစပရိုက်တိုက်တာ မိန်းမက သေးသေးကြီးကြီး

ဈေးကြီးတာတွေမကိုင်ချင်ဘူးဆိုလို့ ပြန်ရောင်းမယ်ကွာ USAအလုံးအသစ်စက်စက်တွေ 256GB ဘလူးသေးနဲ့ ဘလူးကြီး ချာဂျာခေါင်းကြိုးပါ မြန်မာပြည်ရောက်ဖို့ တစ်လကျော်ကြာတာကြောင့် ဈေးတော့လုံးဝမလျှော့” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားပြောပြထားတာ

ဖြစ်ပါတယ်။ နိုင်းဝမ်းရဲ့ဇနီးလေးကတော့ ခင်ပွန်းဖြစ်သူက အလိုက်တသိဝယ်ပေးတာတောင် ဈေးကြီးတဲ့ဖုန်းကိုမကိုင်ချင်ဘူးပြောခဲ့တာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ရိုးရိုးရှင်းရှင်းလေးနေတတ်တဲ့ ချစ်ဇနီးလေးကိုပိုင်ဆိုင်ထားတဲ့ နိုင်းဝမ်းရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Kyaw Zin Latt’s Facebook

Add a Comment

Your email address will not be published. Required fields are marked *