ခ်စ္သူနဲ႔ လမ္းခြဲျပတ္စဲလိုက္ၿပီျဖစ္ေၾကာင္း ပရိသတ္ေတြသိေအာင္ ေၾကျငာခဲ့တဲ့ ဥကၠာမင္းေမာင္

ဥကၠာမင္းေမာင္ကေတာ့ ခ်စ္သူသက္တမ္း (၃)ႏွစ္ေက်ာ္ အၾကာမွာ ခ်စ္သူ Lance နဲ႔ လမ္းခြဲလိုက္ၿပီျဖစ္တယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒီကိစၥကို အခုလိုမ်ိဳး ေျပာဖို႔ မရည္႐ြယ္ထားေပမယ့္လည္း သူ႔ရဲ႕ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြအားလုံး သိၿပီးသား ျဖစ္သလို တစ္ခ်ိန္ခ်ိန္မွာ ေကာလာဟလေတြေျပာၾကမွာကို မလိုလားတဲ့အတြက္ အခုလို သူကိုယ္တိုင္ေျပာျပတာ ျဖစ္တယ္လို႔ ဆိုပါတယ္။သူ႔ခ်စ္သူနဲ႔ လမ္းခြဲလိုက္တာ (၂)လေလာက္ရွိၿပီျဖစ္ပါတယ္။ “ငါတို႔လမ္းခြဲေလာက္တာ ၂ေလာက္ရွိသြားၿပီ။ ဒီထဲၾကားထဲမွာ အႀကိမ္ႀကိမ္ျပတ္တယ္ဆိုၿပီး ေျပာခဲ့ေပမယ့္

ဒီတစ္ခါကေတာ့ တရားဝင္ခ်ျပလိုက္တာပါ။ ငါသူ႔ဆီက ထြက္သြားခဲ့ၿပီ။ အစပိုင္းမွာ ဒီကိစၥကို လူသိရွင္ၾကား မေျပာဖို႔ စဥ္းစားခဲ့တယ္၊ ဒါေပမယ့္ ကြၽန္ေတာ့္ရဲ႕ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး အားလုံးက သိေနၿပီးသားဆိုေတာ့ တစ္ခ်ိန္ခ်ိန္မွာ ေကာလာဟလေျပာၾကမွာေတြ မလိုလာတဲ့အတြက္ အခုလို ကြၽန္ေတာ္ ကိုယ္တိုင္ ေျပာျပာတာပါ။ အခုလို ေအးေအးေဆးေဆးလမ္းခြဲလိုက္တာဟာ ႏွစ္ေယာက္စလုံးအတြက္ အေကာင္းဆုံးပါ။ ဒါဟာ drama လုပ္တာ မဟုတ္သလို လိမ္ေနတာလည္းမဟုတ္ပါဘူး။ အဓိက လမ္းခြဲလိုက္တဲ့အေၾကာင္းအရာက သူ႔ရဲ႕မိသားစုနဲ႔ သူငယ္ခ်င္းေတြက ကြၽန္ေတာ့္ကို အၿမဲတမ္း ေဝဖန္ အျပစ္တင္ၾကတယ္။ ကြၽန္ေတာ့္ရဲ႕

အေၾကာင္းကို တစ္ေယာက္ခ်င္းစီ လိုက္ရွင္းျပဖို႔ဆိုတာကလည္း တကယ္ မျဖစ္ႏိုင္ဘူး။ ငါေျပာႏိုင္တာတစ္ခုက တစ္ဖက္တည္းရဲ႕ စကားကို နားေထာင္ေနမယ္ဆိုရင္ ဘယ္ေတာ့မွ ၿပီးျပည့္စုံတဲ့အေၾကာင္းအရာကို သိရမွာ မဟုတ္ဘူး။ မင္းင့ါအေပၚ ထင္တာေတြလည္း မွားေနႏိုင္တယ္ လူတိုင္းက ဘယ္သူမွေတာ့မၿပီးျပည့္စုံၾကပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္သူ႔အေပၚ ႏွလုံးသားနဲ႔ရင္းၿပီးခ်စ္တယ္။ အၿမဲတမ္းလည္း ခ်စ္ေနဦးမယ္။ သူလည္း ကြၽန္ေတာ့္ကို ဒီလိုပဲ ေျပာခဲ့တယ္” ဆိုၿပီး သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ဒီဇင္ဘာ(၂၆) ရက္‌ေန႔က ေရးသားထားခဲ့တာ ျဖစ္ပါတယ္။ ဆက္လက္ၿပီးေတာ့ လည္း ခ်စ္သူ Lance နဲ႔ ခ်စ္ခဲ့ရလို႔လည္း သူဘယ္ေတာ့မွ

ေနာင္တရမွာ မဟုတ္ဘူးလို႔ ေျပာထားပါေသးတယ္။ “ကြၽန္ေတာ္တို႔လက္တြဲလာတဲ့ ၃ႏွစ္အတြင္းမွာ သူ႔အေပၚ အခြင့္ေကာင္းမယူခဲ့ဖူးပါဘူး၊ ဒါ့အျပင္ သူ႔အေနနဲ႔လည္း သူ႔သူငယ္ခ်င္းေတြနဲ႔ မိသားစုေတြရဲ႕ ေျပာစကားေတြကို ထုတ္ေဖာ္မေျပာခဲ့သင့္ဘူး။ ဘာျဖစ္ျဖစ္ပါ ကြၽန္ေတာ္သူ႔သူငယ္ခ်င္းေတြနဲ႔မိသားစုေတြကို ခ်စ္ေနမွာပါ။အခုေတာ့ သူကြၽန္ေတာ့္ကို ျပန္ မ‌ေတာင္းပန္မခ်င္း ၿပီးေတာ့ သူ႔သူငယ္ခ်င္းနဲ႔ မိသားစုေတြကို ျဖစ္စဥ္္ အမွန္ကို မေျပာျပမခ်င္း ကြၽန္ေတာ့္ေခြးေလးေတြနဲ႔ ျမင္ေတြ႕ခြင့္ရမွာ မဟုတ္ပါဘူး။သူမလုပ္ႏိုင္လည္း အဆင္ေျပပါတယ္။ ႏွစ္ႏွစ္ေလာက္ၾကာၿပီးလို႔ ကြၽန္ေတာ္သူ႔ကို ခြင့္လႊတ္ႏိုင္ၿပီးရင္ေတာ့ ေခြးေလးေတြကို ေတြ႕ရမွာပါ။(အခုလို အားလုံးသိေအာင္ခ်ျပရတာလည္း ကြၽန္ေတာ့္မွာ အေၾကာင္းျပခ်က္ရွိၿပီးသားပါ။)ငါ့ကိုခ်စ္တဲ့သူေတြ မရွိပဲနဲ႔လည္း ငါ့ဘဝကို ရွင္သန္ႏိုင္ပါတယ္။ခ်စ္ခဲ့ၾကတဲ့ အခ်ိန္ေတြအတြက္လည္း အၿမဲတမ္း ေက်းဇူးတင္ေနမွာပါ။ေပ်ာ္႐ႊင္ျခင္း ဝမ္းနည္းျခင္းေတြကို

အတူတူ မွ်ေဝခဲ့ဖူးပါတယ္၊အတူတူငိုခဲ့ဖူးတယ္၊ေပ်ာ္ခဲ့ဖူးတယ္ အတူတူ ကခဲ့ဖူးတယ္။ဒိလို အမွတ္ရေနေစမယ့္ ပို႔စ္ေတြကိုေတာ့ ျပန္ဖ်က္မွာ မဟုတ္ပါဘူး၊ဒီအတိုင္းပဲ ထားထားမွာပါ။မင္းနဲ႔ခ်စ္ခဲ့လို႔ ေနာင္တမရပါဘူး၊ အခုေတာ့ ကိုယ့္ကိုယ္ကိုသာ အာ႐ုံစိုက္ၿပီး ကိုယ္စိတ္အားထက္သန္တာေတြကိုပဲ လုပ္ပါေတာ့မယ္။သူ႔အတြက္ အျခားဘာမွ ဆုေတာင္းမေပးေတာ့ေပမယ့္ အေကာင္းဆုံး ျဖစ္ပါေစ။သူ႔ကို ကပၸတိန္တစ္ေယာက္အျဖစ္ အရမ္းျမင္ခ်င္ေနပါၿပီ။ငါတို႔ အားလုံး အခ်စ္နဲ႔ ေပ်ာ္႐ြင္ဖို႔အတြက္ ထိုက္တန္ပါတယ္။ ငါကေတာ့ ဆက္လက္ရွင္သန္ေနမွာပါ” လို႔ သူက ဆက္လက္ေျပာျပထားပါတယ္။ ဥကၠာမင္းေမာင္ရဲ႕ အခ်စ္ေရးသတင္းနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြလည္း စိတ္မေကာင္းျဖစ္လို႔ေနၾကပါတယ္။ ဥကၠာမင္းေမာင္ကို Music Video ေတြကေနတဆင့္

ပရိသတ္ေတြ စတင္သိရွိလာၾကတာပါ။ အဲ့ဒီေနာက္ ဗီဒီယို ဇာတ္ကား ေတာ္ေတာ္မ်ားမ်ားလည္း ႐ိုက္ကူးထားတာကို ေတြ႕ရပါတယ္။ သူဟာ Mister Tourism World 2016 Winner ဆုကို ရရွိပိုင္ဆိုင္ထားတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ အႏုပညာလႈပ္ရွားမႈ အေန နဲ႔ သ႐ုပ္ေဆာင္ဘက္မွာေရာ၊ ဂီတဘက္မွာပါ အားသြန္ခြန္စိုက္ ႀကိဳးစားခဲ့သူျဖစ္ၿပီး 18 Album ကိုလည္း ထြက္ရွိထားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူ႔အေနနဲ႔ ျမန္မာႏိုင္ငံက အႏုပညာအလုပ္ေတြလည္း လုပ္ကိုင္လွ်က္ရွိသလို New York မွာရွိတဲ့ အႏုပညာေလာကထဲကိုလည္း ဝင္ေရာက္ႏိုင္ဖို႔ ႀကိဳးစားေနသူျဖစ္ပါတယ္။ သူဟာ အေမရိကန္ ႐ုပ္ရွင္ဇာတ္ကားတစ္ကားျဖစ္တဲ့ ‘Dead Of Night’ Short Film မွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားပါေသးတယ္။

Read in UNICODE

ဥက္ကာမင်းမောင်ကတော့ ချစ်သူသက်တမ်း (၃)နှစ်ကျော် အကြာမှာ ချစ်သူ Lance နဲ့ လမ်းခွဲလိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ဒီကိစ္စကို အခုလိုမျိုး ပြောဖို့ မရည်ရွယ်ထားပေမယ့်လည်း သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေအားလုံး သိပြီးသား ဖြစ်သလို တစ်ချိန်ချိန်မှာ ကောလာဟလတွေပြောကြမှာကို မလိုလားတဲ့အတွက် အခုလို သူကိုယ်တိုင်ပြောပြတာ ဖြစ်တယ်လို့ ဆိုပါတယ်။သူ့ချစ်သူနဲ့ လမ်းခွဲလိုက်တာ (၂)လလောက်ရှိပြီဖြစ်ပါတယ်။ “ငါတို့လမ်းခွဲလောက်တာ ၂လောက်ရှိသွားပြီ။ ဒီထဲကြားထဲမှာ အကြိမ်ကြိမ်ပြတ်တယ်ဆိုပြီး ပြောခဲ့ပေမယ့်

ဒီတစ်ခါကတော့ တရားဝင်ချပြလိုက်တာပါ။ ငါသူ့ဆီက ထွက်သွားခဲ့ပြီ။ အစပိုင်းမှာ ဒီကိစ္စကို လူသိရှင်ကြား မပြောဖို့ စဉ်းစားခဲ့တယ်၊ ဒါပေမယ့် ကျွန်တော့်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အားလုံးက သိနေပြီးသားဆိုတော့ တစ်ချိန်ချိန်မှာ ကောလာဟလပြောကြမှာတွေ မလိုလာတဲ့အတွက် အခုလို ကျွန်တော် ကိုယ်တိုင် ပြောပြာတာပါ။ အခုလို အေးအေးဆေးဆေးလမ်းခွဲလိုက်တာဟာ နှစ်ယောက်စလုံးအတွက် အကောင်းဆုံးပါ။ ဒါဟာ drama လုပ်တာ မဟုတ်သလို လိမ်နေတာလည်းမဟုတ်ပါဘူး။ အဓိက လမ်းခွဲလိုက်တဲ့အကြောင်းအရာက သူ့ရဲ့မိသားစုနဲ့ သူငယ်ချင်းတွေက ကျွန်တော့်ကို အမြဲတမ်း ဝေဖန် အပြစ်တင်ကြတယ်။ ကျွန်တော့်ရဲ့

အကြောင်းကို တစ်ယောက်ချင်းစီ လိုက်ရှင်းပြဖို့ဆိုတာကလည်း တကယ် မဖြစ်နိုင်ဘူး။ ငါပြောနိုင်တာတစ်ခုက တစ်ဖက်တည်းရဲ့ စကားကို နားထောင်နေမယ်ဆိုရင် ဘယ်တော့မှ ပြီးပြည့်စုံတဲ့အကြောင်းအရာကို သိရမှာ မဟုတ်ဘူး။ မင်းင့ါအပေါ် ထင်တာတွေလည်း မှားနေနိုင်တယ် လူတိုင်းက ဘယ်သူမှတော့မပြီးပြည့်စုံကြပါဘူး။ ဒါပေမယ့် ကျွန်တော်သူ့အပေါ် နှလုံးသားနဲ့ရင်းပြီးချစ်တယ်။ အမြဲတမ်းလည်း ချစ်နေဦးမယ်။ သူလည်း ကျွန်တော့်ကို ဒီလိုပဲ ပြောခဲ့တယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ(၂၆) ရက်‌နေ့က ရေးသားထားခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ လည်း ချစ်သူ Lance နဲ့ ချစ်ခဲ့ရလို့လည်း သူဘယ်တော့မှ

နောင်တရမှာ မဟုတ်ဘူးလို့ ပြောထားပါသေးတယ်။ “ကျွန်တော်တို့လက်တွဲလာတဲ့ ၃နှစ်အတွင်းမှာ သူ့အပေါ် အခွင့်ကောင်းမယူခဲ့ဖူးပါဘူး၊ ဒါ့အပြင် သူ့အနေနဲ့လည်း သူ့သူငယ်ချင်းတွေနဲ့ မိသားစုတွေရဲ့ ပြောစကားတွေကို ထုတ်ဖော်မပြောခဲ့သင့်ဘူး။ ဘာဖြစ်ဖြစ်ပါ ကျွန်တော်သူ့သူငယ်ချင်းတွေနဲ့မိသားစုတွေကို ချစ်နေမှာပါ။အခုတော့ သူကျွန်တော့်ကို ပြန် မ‌တောင်းပန်မချင်း ပြီးတော့ သူ့သူငယ်ချင်းနဲ့ မိသားစုတွေကို ဖြစ်စဉ် အမှန်ကို မပြောပြမချင်း ကျွန်တော့်ခွေးလေးတွေနဲ့ မြင်တွေ့ခွင့်ရမှာ မဟုတ်ပါဘူး။သူမလုပ်နိုင်လည်း အဆင်ပြေပါတယ်။ နှစ်နှစ်လောက်ကြာပြီးလို့ ကျွန်တော်သူ့ကို ခွင့်လွှတ်နိုင်ပြီးရင်တော့ ခွေးလေးတွေကို တွေ့ရမှာပါ။(အခုလို အားလုံးသိအောင်ချပြရတာလည်း ကျွန်တော့်မှာ အကြောင်းပြချက်ရှိပြီးသားပါ။)ငါ့ကိုချစ်တဲ့သူတွေ မရှိပဲနဲ့လည်း ငါ့ဘဝကို ရှင်သန်နိုင်ပါတယ်။ချစ်ခဲ့ကြတဲ့ အချိန်တွေအတွက်လည်း အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေကို

အတူတူ မျှဝေခဲ့ဖူးပါတယ်၊အတူတူငိုခဲ့ဖူးတယ်၊ပျော်ခဲ့ဖူးတယ် အတူတူ ကခဲ့ဖူးတယ်။ဒိလို အမှတ်ရနေစေမယ့် ပို့စ်တွေကိုတော့ ပြန်ဖျက်မှာ မဟုတ်ပါဘူး၊ဒီအတိုင်းပဲ ထားထားမှာပါ။မင်းနဲ့ချစ်ခဲ့လို့ နောင်တမရပါဘူး၊ အခုတော့ ကိုယ့်ကိုယ်ကိုသာ အာရုံစိုက်ပြီး ကိုယ်စိတ်အားထက်သန်တာတွေကိုပဲ လုပ်ပါတော့မယ်။သူ့အတွက် အခြားဘာမှ ဆုတောင်းမပေးတော့ပေမယ့် အကောင်းဆုံး ဖြစ်ပါစေ။သူ့ကို ကပ္ပတိန်တစ်ယောက်အဖြစ် အရမ်းမြင်ချင်နေပါပြီ။ငါတို့ အားလုံး အချစ်နဲ့ ပျော်ရွင်ဖို့အတွက် ထိုက်တန်ပါတယ်။ ငါကတော့ ဆက်လက်ရှင်သန်နေမှာပါ” လို့ သူက ဆက်လက်ပြောပြထားပါတယ်။ ဥက္ကာမင်းမောင်ရဲ့ အချစ်ရေးသတင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ ဥက္ကာမင်းမောင်ကို Music Video တွေကနေတဆင့်

ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲ့ဒီနောက် ဗီဒီယို ဇာတ်ကား တော်တော်များများလည်း ရိုက်ကူးထားတာကို တွေ့ရပါတယ်။ သူဟာ Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေ နဲ့ သရုပ်ဆောင်ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားခဲ့သူဖြစ်ပြီး 18 Album ကိုလည်း ထွက်ရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံက အနုပညာအလုပ်တွေလည်း လုပ်ကိုင်လျှက်ရှိသလို New York မှာရှိတဲ့ အနုပညာလောကထဲကိုလည်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ သူဟာ အမေရိကန် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ ‘Dead Of Night’ Short Film မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *