ခင္ပြန္းျဖစ္သူဆီက မဂၤလာသက္တမ္း(၂)ႏွစ္ျပည့္ အေနနဲ႔ တန္ဖိုးျဖတ္မရတဲ့ လက္ေဆာင္ရခဲ့တယ္ဆိုတဲ့ အမရာၿငိမ္း
|ပရိသတ္ေတြ ေမာ္ဒယ္လ္နဲ႔ အလွမယ္အမရာၿငိမ္းကိုေတာ့ သိၾကမွာပါ။ သူကေတာ့ Miss Myanmar International တစ္ေယာက္လည္း ျဖစ္ခဲ့ဖူးသူပါ။ လက္ရွိအခ်ိန္မွာ ခင္ပြန္းျဖစ္သူနဲ႔အတူ သာယာတဲ့မိသားစုဘဝေလးကိုတည္ေထာင္ထားၿပီး ပရိသတ္ေတြကို အလွအပနဲ႔ဆိုင္တဲ့

ဗဟုသုတေတြမွ်ေဝေပးေနတာလည္း ျဖစ္ပါတယ္။ အမရာၿငိမ္းကေတာ့ (၂) ႏွစ္ျပည့္ Anniversary ေလးမွာ ၾကည္ႏူးစရာေလးေတြကိုပရိသတ္ေတြကိုမွ်ေဝလာတာပါ။ သူ႔ရဲ႕ေဖ့ဘြတ္ခ္ေပခ်႕္မွာ “ႏွစ္ႏွစ္ျပည့္ၿပီဆိုတဲ့ Anniversary မွာကိုယ့္ကိုသူေပးခဲ့တဲ့ တန္ဖိုးအႀကီးဆုံးလက္ေဆာင္က

ႏွင္းဆီပန္းေတြအမ်ားႀကီးနဲ႔ surprise မဟုတ္ဘူး။ အဖိုးတန္လက္ေဆာင္ေတြလည္း မဟုတ္ခဲ့ဘူး။ အဲဒီ့ ႏွစ္ႏွစ္ဆိုတဲ့ ကာလအတြင္းမွာ…..ကိုယ့္ကိုမ်က္ရည္က်ေအာင္ မလုပ္ခဲ့ဘူးဆိုတဲ့ ကတိေတြ ကိုယ္ထိလက္ေရာက္ မက်ဴးလြန္ခဲ့ဘူးဆိုတဲ့ တာဝန္ယူမႈေတြ ကိုယ့္ေနာက္ကြယ္မွာ

စိတ္နဲ႔ေတာင္ မေဖာက္ျပန္ခဲ့ဖူးပါဘူးဆိုတဲ့ သစၥာတရားေတြျပႆနာျဖစ္တိုင္း ကိုယ္အရွက္ရေအာင္ လူေတြေရွ႕မွာ ေလသံမာမာနဲ႔ေတာင္ ေအာ္ဟစ္ရန္ျဖစ္တာေတြ မလုပ္ခဲ့ဖူးဘူးဆိုတဲ့ သည္းခံႏိုင္စြမ္းေတြ အားလုံးကို လွလွပပ လက္ေဆာင္ထုပ္ပိုးၿပီး ေပးခဲ့တာပါပဲ။” ဆိုၿပီးေတာ့ေရးသားထားပါတယ္။ ထပ္ၿပီးေတာ့လည္း “အဲဒီလက္ေဆာင္ေတြဟာ

ေငြနဲ႔ဝယ္ယူလို႔မရသလို အတုအေယာင္ေတြနဲ႔လည္း ဖန္ဆင္းလို႔မရဘူး။ အခ်စ္ေတြ သည္းခံႏိုင္စြမ္းေတြ နားလည္မႈေတြကို ေပးဆပ္ အခ်ိန္ေတြရင္းႏွီးၿပီးမွ ကိုယ့္ကိုေပးခဲ့တဲ့ အဖိုးမျဖတ္ႏိုင္တဲ့ လက္ေဆာင္ပါ။” ဆိုၿပီးေတာ့ ေရးသားေဖာ္ျပလာတာပါ။ အမရာၿငိမ္းကေတာ့ တကယ့္ကိုဂ႐ုစိုက္ၾကင္နာတတ္တဲ့ခင္ပြန္းေကာင္းတစ္ေယာက္ကို ပိုင္ဆိုင္ထားတာပါပဲေနာ္။
Read in UNICODE
ပရိသတ်တွေ မော်ဒယ်လ်နဲ့ အလှမယ်အမရာငြိမ်းကိုတော့ သိကြမှာပါ။ သူကတော့ Miss Myanmar International တစ်ယောက်လည်း ဖြစ်ခဲ့ဖူးသူပါ။ လက်ရှိအချိန်မှာ ခင်ပွန်းဖြစ်သူနဲ့အတူ သာယာတဲ့မိသားစုဘဝလေးကိုတည်ထောင်ထားပြီး ပရိသတ်တွေကို အလှအပနဲ့ဆိုင်တဲ့

ဗဟုသုတတွေမျှဝေပေးနေတာလည်း ဖြစ်ပါတယ်။ အမရာငြိမ်းကတော့ (၂) နှစ်ပြည့် Anniversary လေးမှာ ကြည်နူးစရာလေးတွေကိုပရိသတ်တွေကိုမျှဝေလာတာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်ပေချ့်မှာ “နှစ်နှစ်ပြည့်ပြီဆိုတဲ့ Anniversary မှာကိုယ့်ကိုသူပေးခဲ့တဲ့ တန်ဖိုးအကြီးဆုံးလက်ဆောင်က

နှင်းဆီပန်းတွေအများကြီးနဲ့ surprise မဟုတ်ဘူး။ အဖိုးတန်လက်ဆောင်တွေလည်း မဟုတ်ခဲ့ဘူး။ အဲဒီ့ နှစ်နှစ်ဆိုတဲ့ ကာလအတွင်းမှာ…..ကိုယ့်ကိုမျက်ရည်ကျအောင် မလုပ်ခဲ့ဘူးဆိုတဲ့ ကတိတွေ ကိုယ်ထိလက်ရောက် မကျူးလွန်ခဲ့ဘူးဆိုတဲ့ တာဝန်ယူမှုတွေ ကိုယ့်နောက်ကွယ်မှာ

စိတ်နဲ့တောင် မဖောက်ပြန်ခဲ့ဖူးပါဘူးဆိုတဲ့ သစ္စာတရားတွေပြဿနာဖြစ်တိုင်း ကိုယ်အရှက်ရအောင် လူတွေရှေ့မှာ လေသံမာမာနဲ့တောင် အော်ဟစ်ရန်ဖြစ်တာတွေ မလုပ်ခဲ့ဖူးဘူးဆိုတဲ့ သည်းခံနိုင်စွမ်းတွေ အားလုံးကို လှလှပပ လက်ဆောင်ထုပ်ပိုးပြီး ပေးခဲ့တာပါပဲ။” ဆိုပြီးတော့ရေးသားထားပါတယ်။ ထပ်ပြီးတော့လည်း “အဲဒီလက်ဆောင်တွေဟာ

ငွေနဲ့ဝယ်ယူလို့မရသလို အတုအယောင်တွေနဲ့လည်း ဖန်ဆင်းလို့မရဘူး။ အချစ်တွေ သည်းခံနိုင်စွမ်းတွေ နားလည်မှုတွေကို ပေးဆပ် အချိန်တွေရင်းနှီးပြီးမှ ကိုယ့်ကိုပေးခဲ့တဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ပါ။” ဆိုပြီးတော့ ရေးသားဖော်ပြလာတာပါ။ အမရာငြိမ်းကတော့ တကယ့်ကိုဂရုစိုက်ကြင်နာတတ်တဲ့ခင်ပွန်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတာပါပဲနော်။
Source : Aye Nyein Swe’s Facebook