ခင်ပွန်းဖြစ်သူ ဏကြီးက ရည်းစားဘဝတုန်းက အရမ်းအလိုလိုက် ဂရုစိုက်ခဲ့ပေမယ့် အိမ်ထောင်ကျပြီးတော့ ပြောင်းလဲသွားကြောင်း ရင်ဖွင့်ခဲ့တဲ့ ပိုင်ဖြိုးသု







Read in UNICODE

ပိုင်ဖြိုးသုကတော့ လက်ရှိမှာ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ကာ အကယ်ဒမီဆုကိုလည်း သိမ်းပိုက်ထားနိုင်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ အေးချမ်းသာယာပြီး

ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို ခင်ပွန်းသည်ဏကြီးနဲ့အတူ တည်ဆောက်ထားနိုင်ခဲ့ကာ ပျော်ရွှင်စရာအချိန်တွေကို အတူဖြတ်သန်းလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ ယခုမှာ ရည်းစားဘဝတုန်းက သူမစိတ်ကြိုက်ဓာတ်ပုံတွေရိုက်ပေးခဲ့ပေမယ့် အိမ်ထောင်ကျသွားတဲ့အချိန်မှာ

ဓာတ်ပုံမရိုက်ပေးတော့တဲ့အကြောင်းပြောပြလာခဲ့ပါတယ်။ သူမကတော့ ” လွန်ခဲ့သော (၆)နှစ်ကာလက ကလောတွင်သာယာခဲ့စဉ်….. ညီမလေးတွေအားလုံး မမသုသုကြိုပြောပြထားမယ်နော် ညီမလေးတို့ရည်းစားတွေကိုလေ ရည်းစားဘဝမှာဓါတ်ပုံများများသာရိုက်ခိုင်းထား….အဲ့အချိန်ပဲ

သူတို့ကကိုယ်တွေကိုလှတယ်မြင်ပြီး ဓါတ်ပုံတွေလိုက်ရိုက်ပေးလို့မဝနိုင်ဖြစ်နေတာ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ ” အိမ်ထောင်ကျပြီးလို့ကတော့

လမ်းဘေးကအမှိုက်ပုံနဲ့ကိုယ်နဲ့ယှဉ်ရင်တောင် အမှိုက်ပုံကြီးကပိုပြီးဓါတ်ပုံရိုက်ချင်စရာကောင်းနေတာမျိုး မယုံရင်ဦးဏကြီးcameraထဲလာကြည့်လှည့်လမ်းဘေးကသံချေးတက်နေတဲ့စက်ဘီးအစုတ်ကစ

ပင့်ကူအိမ်ထိတွေ့ရမယ်.မမသုသုပုံ မပါစရဘူး “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးပိုင်ဖြိုးသုရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Paing Phyoe Thu’s Facebook

Add a Comment

Your email address will not be published. Required fields are marked *