အမေဖြစ်သူလိုချင်နေတဲ့ စိန်လက်စွပ်ကြီးကို Santa Claus အဖြစ် ကိုယ်တိုင် ရုပ်ဖျက်ပြီး စပရိုက်လုပ်ပေးခဲ့တဲ့ အောင်ထက်







Read in UNICODE

တေးသံရှင် အောင်ထက်ကတော့ အသံပါဝါအားကောင်းကောင်းကို ပိုင်ဆိုင်ထားပြီး တေးသီချင်းလောကမှာ အောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အောင်ထက်ဟာဆိုရင် ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို

ရရှိလာတာဖြစ်ပါတယ်နော်။အောင်ထက်ရဲ့တေးသီချင်းတွေကလည်း လူကြီး၊လူငယ်တွေကြားမှာ ရေပန်းစားနေပြီး အမြဲတမ်းနားထောင်နေလည်း မရိုးသွားနိုင်တဲ့ သီချင်းကောင်းလေးတွေဖြစ်ပါတယ်။အောင်ထက်က မိဘအပေါ်သိတတ်တဲ့သားလိမ္မာလေးဖြစ်တာကြောင့် မိခင်‌ကို

လိုလေသေးမရှိအောင်ထားပေးပြီး စိတ်ချမ်းသာမှုတွေပဲပေးတာဖြစ်ပါတယ်။အောင်ထက်ရဲ့မိခင်ကလည်း သားလေးကြောင့် အမြဲပျော်ရွှင်နေရလို့ စိတ်ပျိုကိုယ်နုပြီး အမြဲလှပနေတာဖြစ်ပါတယ်နော်။မနေ့ကခရစ္စမတ်ညမှာတော့ အောင်ထက်က

ရင်းနှီးချစ်ခင်ရတဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ သူ့ရဲ့အိမ်လေးမှာ ပွဲလေးကျင်းပပြီး မေမေ့ကိုလည်း Surpriseလုပ်ပေးလိုက်သေးတာဖြစ်ပါတယ်။အောင်ထက်က မေမေ့ကို Surpriseလုပ်ဖို့အတွက် Santa Clausဝတ်စုံကြီးကို

သေသေချာချာဝတ်ပြီး မေမေလိုချင်တာကို လက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်။အောင်ထက်ကတော့”မနေ့ညက ကျွန်တော့်ရဲ့အမေအတွက် ခရစ္စမတ်လက်ဆောင်ကို Santa Claus အသွင်နဲ့

သူအရမ်းလိုချင်နေတဲ့ ပစ္စည်းတစ်ခုကို ကျွန်တော်လက်ဆောင်ပေးခဲ့တယ် Surprise ပေါ့ဗျာ ကျွန်တော်အရမ်းပျော်တယ်”ဆိုပြီး ဗီဒီယိုဖိုင်လေးလေးနဲ့အတူ သူ့ရဲ့အပျော်တွေကို မျှဝေလာခဲ့တာဖြစ်ပါတယ်။အောင်ထက်တို့သားအမိနှစ်ယောက်ကတော့ အရမ်းပျော်နေကြလို့ သူတို့ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Aung Htet’s Facebook

Add a Comment

Your email address will not be published. Required fields are marked *