ခ်စ္ခင္ရတဲ့ အသိမိတ္ေဆြေတြကို ခရစၥမတ္လက္ေဆာင္ေပးဖို႔ ကိတ္မုန္႔လွလွေလးေတြ စီစဥ္ေနၾကတဲ ေရႊမွံုရတီ နဲ႔ ေရႊထူး
|အႏုပညာလုပ္ငန္းေတြမွာလည္း ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီက ကိုယ္စီေအာင္ျမင္မႈရရွိေနသလို သာယာတဲ့ အိမ္ေထာင္ေရးကိုလည္း အတူတကြ တည္ေဆာက္ထားၾကသူမ်ား ျဖစ္ပါတယ္။ ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီက ေအာင္ျမင္တဲ့ အႏုပညာလမ္းမေပၚကို ေလွ်ာက္လွမ္းေနၾကသလို တစ္ေယာက္ရဲ႕

အလုပ္ေတြမွာလည္း တစ္ေယာက္ တတ္ႏိုင္သေလာက္ ပံ့ပိုးမႈေတြ ျပဳလုပ္ေနၾကတဲ့ ခ်စ္စရာ ဇနီးေမာင္ႏွံပဲ ျဖစ္ၾကပါတယ္။ စစ္မွန္တဲ့ ခ်စ္ျခင္းအေပၚ အေျချပဳၿပီး တည္ေဆာက္ထားၾကတဲ့ ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီတို႔ရဲ႕ အိမ္ေထာင္ေရးကေတာ့ သာယာေျဖာင့္ျဖဴးစြာနဲ႔ပဲ လူတကာက

အားက်ျခင္းခံေနရတာပဲ ျဖစ္ပါတယ္။ အခါၾကီးရက္ၾကီးေတြမွာ ေပ်ာ္စရာ အမွတ္တရေတြကို ဖန္တီးေလ့ရိွၾကတဲ့ ေရႊထူးနဲ့ ေရႊမႈံရတီက ဒီနွစ္မွာေတာ့ ကိုဗစ္ဆိုတဲ့ ကပ္ေရာဂါဆိုးၾကီးေၾကာင့္ ဘယ္ကိုမွမသြားျဖစ္ပဲ အိမ္မွာပဲ အခ်ိန္ကုန္ဆံုးေနရတာ ျဖစ္ပါတယ္။ ဒီကေန့ ဒီဇင္ဘာလ (၂၅) ရက္ေန့

ခရစၥမတ္ေန့မွာေတာ့ ေရႊထူးနဲ့ ေရႊမႈံရတီတို့ ဇနီးေမာင္နွံက ခ်စ္ခင္ရသူ မိတ္ေဆြ၊ သူငယ္ခ်င္းေတြကို အမွတ္တရ လက္ေဆာင္ေတြေပးဖို့ ကိတ္မုန့္လွလွေလးေတြ မွာယူစီစဥ္ခဲ့ၾကတာကို ေတြ့ရပါတယ္။ ကိတ္မုန့္ေလးကေတာ့ ခရစၥမတ္ရဲ့ အနွစ္သာရအျပည့္ပါတဲ့

ခရစၥမတ္သစ္ပင္ေလးနဲ့ From Shwe Family ဆိုတဲ့ စာေလးက အရမ္းကို ခ်စ္စရာေကာင္းတာပဲေနာ္။ ပရိသတ္ၾကီးလည္း ေရႊနွစ္ေရႊဆီက လက္ေဆာင္ေလးတစ္ခုကို တစ္ခါေလာက္ေတာ့ ရဖူးခ်င္ေနမယ္ ထင္ပါတယ္ေနာ္။ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Read in UNICODE
အနုပညာလုပ်ငန်းတွေမှာလည်း ရွှေထူးနဲ့ ရွှေမှုံရတီက ကိုယ်စီအောင်မြင်မှုရရှိနေသလို သာယာတဲ့ အိမ်ထောင်ရေးကိုလည်း အတူတကွ တည်ဆောက်ထားကြသူများ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အောင်မြင်တဲ့ အနုပညာလမ်းမပေါ်ကို လျှောက်လှမ်းနေကြသလို တစ်ယောက်ရဲ့

အလုပ်တွေမှာလည်း တစ်ယောက် တတ်နိုင်သလောက် ပံ့ပိုးမှုတွေ ပြုလုပ်နေကြတဲ့ ချစ်စရာ ဇနီးမောင်နှံပဲ ဖြစ်ကြပါတယ်။ စစ်မှန်တဲ့ ချစ်ခြင်းအပေါ် အခြေပြုပြီး တည်ဆောက်ထားကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်ရေးကတော့ သာယာဖြောင့်ဖြူးစွာနဲ့ပဲ လူတကာက

အားကျခြင်းခံနေရတာပဲ ဖြစ်ပါတယ်။ အခါကြီးရက်ကြီးတွေမှာ ပျော်စရာ အမှတ်တရတွေကို ဖန်တီးလေ့ရှိကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက ဒီနှစ်မှာတော့ ကိုဗစ်ဆိုတဲ့ ကပ်ရောဂါဆိုးကြီးကြောင့် ဘယ်ကိုမှမသွားဖြစ်ပဲ အိမ်မှာပဲ အချိန်ကုန်ဆုံးနေရတာ ဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၂၅) ရက်နေ့

ခရစ္စမတ်နေ့မှာတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံက ချစ်ခင်ရသူ မိတ်ဆွေ၊ သူငယ်ချင်းတွေကို အမှတ်တရ လက်ဆောင်တွေပေးဖို့ ကိတ်မုန့်လှလှလေးတွေ မှာယူစီစဉ်ခဲ့ကြတာကို တွေ့ရပါတယ်။ ကိတ်မုန့်လေးကတော့ ခရစ္စမတ်ရဲ့ အနှစ်သာရအပြည့်ပါတဲ့

ခရစ္စမတ်သစ်ပင်လေးနဲ့ From Shwe Family ဆိုတဲ့ စာလေးက အရမ်းကို ချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ရွှေနှစ်ရွှေဆီက လက်ဆောင်လေးတစ်ခုကို တစ်ခါလောက်တော့ ရဖူးချင်နေမယ် ထင်ပါတယ်နော်။ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source : Shwe Hmone Yati’s Facebook