ကမ္ဘာပေါ်မှာ အလုံးရေ ကန့်သတ်ချက်နဲ့ ရောင်းတဲ့ ဒေါ်လာထောင်ချီတန်ဖိုးရှိ နာရီကြီးကို ဝယ်ပြီး ကိုယ့်ဘာကို လက်ဆောင်ပေးခဲ့တဲ့ ထွန်းထွန်း
Read in UNICODE
ထွန်းထွန်းကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအများအပြားရရှိနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ထွန်းထွန်းကတော့ သူဝါသနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း အိမ်ထောင်ရေးကို မစဉ်းစားသေးပဲ တစ်ကိုယ်တည်းလူပျိုကြီးအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း
ထွန်းထွန်းတစ်ယောက် ဘယ်လိုအသက်အရွယ်ပဲရောက်ရောက် အရင်အတိုင်း အချစ်မလျော့ပဲ အားပေးနေကြဆဲ ဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၂၄) ရက်နေ့ကတော့ ထွန်းထွန်းရဲ့ အသက် (၃၇) နှစ်ပြည့်တဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ထွန်းထွန်းက သူ့ရဲ့မွေးနေ့မှာ အလှူအတန်းတွေပြုလုပ်ခဲ့သလို သူကြိုက်တဲ့ပစ္စည်းလေးကိုလည်း
ဝယ်ယူပြီး မွေးနေ့လက်ဆောင်အဖြစ် ကိုယ့်ကိုကိုယ်လက်ဆောင်ပေးခဲ့ပါသေးတယ်။ အဲ့ဒါကတော့ ထွန်းထွန်းက တစ်ကမ္ဘာလုံးအမှ အလုံးရေအကန့်အသတ်နဲ့သာရှိတဲ့ Sevenfriday အမှတ်တံဆိပ်နာရီကြီးကို ဝယ်ယူခဲ့တာဖြစ်ပြီး ထွန်းထွန်းက သူအချိန်အကြာကြီးလိုချင်ခဲ့တဲ့ နာရီလေးကို
ဝယ်ယူနိုင်ခဲ့လို့ အရမ်းဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ ထွန်းထွန်းကတော့ အိမ်ထောင်မရှိတဲ့ လူပျိုကြီးပီပီ သူကြိုက်တဲ့ပစ္စည်းလေးကို သူ့ဘာသာ ဝယ်ယူပြီး လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အပူအပင်ကင်းတဲ့ ထွန်းထွန်းရဲ့ဘဝကြီးကို အားကျနေကြပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source : Htin Aung Tun’s Facebook
Add a Comment
Your email address will not be published. Required fields are marked *