ယေန႔မနက္ ႐ုတ္တရတ္ ေလျဖန္းသြားတာေၾကာင့္ ေဆးရံုတင္ထားရတဲ့ လူရႊင္ေတာ္ ဦးမိုးေက်ာ္

ယေန႔ ဒီဇင္ဘာလ ၂၄ ရက္မွာ လူ႐ႊင္ေတာ္ႀကီး ဦးမိုးေက်ာ္ကေတာ့ ႐ုတ္တရက္ ေလျဖန္းခ်င္သသလို ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ လက္ရွိမွာေတာ့ မုံ႐ြာေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနရတဲ့ အေၾကာင္း လူ႐ႊင္ေတာ္ ေကာင္းေက်ာ္က ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။ ” လူ႐ႊင္ေတာ္ႀကီးဦးမိုးေက်ာ္

ဒီမနက္ေလျဖန္းသလိုျဖစ္သြားပါသျဖင့္ မုံ႐ြာၿမိဳ႕ေဆး႐ုံႀကီးကိုတင္လိုက္ရပါသည္။ ဒါေပမဲ့ သက္သာပါသည္ခင္ဗ်ာ။ ေက်ာက္ပန္းေတာင္းကသူ႔ရဲ႕သမီးလာေခၚသြားပါၿပီ” ဆိုၿပီးေတာ့ ဒီဇင္ဘာလ (၂၄) ရက္ေန႔ ညေန (၄) နာရီေက်ာ္က လူ႐ႊင္ေတာ္ ေကာင္းေက်ာ္ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ

ေရးသားခဲ့ပါတယ္။ ဦးမိုးေက်ာ္ရဲ႕ က်န္းမာေရး အေျခအေနကို သိလိုက္ရတဲ့ ပရိသတ္ေတြ၊ လူ႐ႊင္ေတာ္ ေလာကသားေတြကလည္း စိတ္မေကာင္းျဖစ္လို႔ေနၾကပါတယ္။ က်န္းမာေရး အျမန္ဆုံး ျပန္ေကာင္းလာဖို႔ အတြက္ကိုလည္း Comment ကေနတဆင့္ ဆုေတာင္းစကားေတြ ေရးသားခဲ့ၾကပါတယ္။ ဦးမိုးေက်ာ္ကေတာ့

သဘင္ေလာကမွာ လူ႐ႊင္ေတာ္ ဆိုနီ ၊ မိုးေက်ာ္ ဆိုတဲ့ အတြဲညီတဲ့ ဟာသညီေနာင္အျဖစ္ ပရိသတ္ေတြၾကားမွာ ထင္ရွားခဲ့တဲ့ လူ႐ႊင္ေတာ္ေတြ ျဖစ္ပါတယ္။ လူ႐ႊင္ေတာ္ ဆိုနီကေတာ့ ကြယ္လြန္သြားတာ ၾကာခဲ့ပါ ၿပီ။ လူ႐ႊင္ေတာ္ မိုးေက်ာ္ကလည္း က်န္းမာေရး အေျခအေနေၾကာင့္ အႏုပညာလႈပ္ရွားမႈေတြ သိပ္မရွိေပမယ့္ ဟာသ အစီအစဥ္ေတြမွာ အကဲျဖတ္ဒိုင္လူႀကီးအျဖစ္ ပါဝင္ေန လႈပ္ရွားေနတာကို ေတြ႕ရပါတယ္။

Read in UNICODE

ယနေ့ ဒီဇင်ဘာလ ၂၄ ရက်မှာ လူရွှင်တော်ကြီး ဦးမိုးကျော်ကတော့ ရုတ်တရက် လေဖြန်းချင်သသလို ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မုံရွာဆေးရုံမှာ ဆေးကုသမှု ခံယူနေရတဲ့ အကြောင်း လူရွှင်တော် ကောင်းကျော်က ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ” လူရွှင်တော်ကြီးဦးမိုးကျော်

ဒီမနက်လေဖြန်းသလိုဖြစ်သွားပါသဖြင့် မုံရွာမြို့ဆေးရုံကြီးကိုတင်လိုက်ရပါသည်။ ဒါပေမဲ့ သက်သာပါသည်ခင်ဗျာ။ ကျောက်ပန်းတောင်းကသူ့ရဲ့သမီးလာခေါ်သွားပါပြီ” ဆိုပြီးတော့ ဒီဇင်ဘာလ (၂၄) ရက်နေ့ ညနေ (၄) နာရီကျော်က လူရွှင်တော် ကောင်းကျော်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ

ရေးသားခဲ့ပါတယ်။ ဦးမိုးကျော်ရဲ့ ကျန်းမာရေး အခြေအနေကို သိလိုက်ရတဲ့ ပရိသတ်တွေ၊ လူရွှင်တော် လောကသားတွေကလည်း စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ ကျန်းမာရေး အမြန်ဆုံး ပြန်ကောင်းလာဖို့ အတွက်ကိုလည်း Comment ကနေတဆင့် ဆုတောင်းစကားတွေ ရေးသားခဲ့ကြပါတယ်။ ဦးမိုးကျော်ကတော့

သဘင်လောကမှာ လူရွှင်တော် ဆိုနီ ၊ မိုးကျော် ဆိုတဲ့ အတွဲညီတဲ့ ဟာသညီနောင်အဖြစ် ပရိသတ်တွေကြားမှာ ထင်ရှားခဲ့တဲ့ လူရွှင်တော်တွေ ဖြစ်ပါတယ်။ လူရွှင်တော် ဆိုနီကတော့ ကွယ်လွန်သွားတာ ကြာခဲ့ပါ ပြီ။ လူရွှင်တော် မိုးကျော်ကလည်း ကျန်းမာရေး အခြေအနေကြောင့် အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိပေမယ့် ဟာသ အစီအစဉ်တွေမှာ အကဲဖြတ်ဒိုင်လူကြီးအဖြစ် ပါဝင်နေ လှုပ်ရှားနေတာကို တွေ့ရပါတယ်။

Source : Cele YatKwat

Add a Comment

Your email address will not be published. Required fields are marked *