ယနေ့တိုင်အောင် လူပျိုကြီးအဖြစ်ရှိနေဆဲ သူငယ်ချင်းဖြစ်သူ ထွန်းထွန်းအတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ မိုးအောင်ရင်




Read in UNICODE
သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကိုလည်း အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် မိုးအောင်ရင်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ မင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ မိုးအောင်ရင်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေနဲ့အတူတူ

ကိုယ်ပိုင်စီးပွားရေးအလုပ်တွေကိုလည်း အချိန်ပေးလုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မိုးအောင်ရင်က အိမ်ထောင်ပြုဖို့အရေးကို မစဉ်းစားသေးပဲ သူလုပ်စရာရှိတဲ့အလုပ်တွေကိုသာ ဦးစားပေးလုပ်ကိုင်နေလျက်ရှိပါတယ်။ ဒီကနေ့မှာတော့ မိုးအောင်ရင်က

သူနဲ့ ဘဝတူ လူပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို အတူတူဆက်လက်ထိန်းသိမ်းထားနိုင်ဆဲ သူငယ်ချင်း ထွန်းထွန်းအတွက် အမှတ်တရမွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။ မိုးအောင်ရင်က “Happy birthday bro…🥰 ဒီ့ထက်ပို့အောင်မြင်ပြီး အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နိုင်ပါစေ..❣️ All the best to u..Marry Christmas & happy new year everyone…🎄” ဆိုပြီး

ထွန်းထွန်းနဲ့ အမှတ်တရ ဓာတ်ပုံတွေကို မျှဝေရင်း မွေးနေ့ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ မိုးအောင်ရင်နဲ့ ထွန်းထွန်းတို့ သူငယ်ချင်းနှစ်ယောက်စလုံးကတော့ အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်ရှိနေပြီဆိုပေမယ့်

အခုချိန်ထိ လူပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားတဲ့ မင်းသားနှစ်ယောက်ပါပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဒီလူပျိုကြီးနှစ်ယောက် အမြန်ဆုံးစွံနိုင်ဖို့ ဆုတောင်းပေးကြပါဦးနော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source : Moe Aung Yin’s Facebook