သူကိုယ်တိုင် Live လွှင့်ပြီး ဈေးရောင်းတာ သိန်းရာကျော် ရောင်းရပေမယ့် အလုပ်ရှင်က မမြတ်လို့ဆိုပြီး အနုပညာကြေး အပြည့်မပေးကြောင်း ရင်ဖွင့်ခဲ့တဲ့ ဇာဇာထက်






Read in UNICODE

အနုပညာအလုပ်တွေကို ဇာဇာထက်ကတော့ အချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဇာဇာထက်ကတော့ လုပ်ကိုင်နေသလို သမာအာဇီဝကျကျ

စီးပွားရှာရင်း ဘဝကို ရိုးသားစွာဖြတ်သန်းနေသူ အမျိုးသမီးတစ်ယောက်ပါပဲ။မော်ဒယ်လ်ကိုဝါသနာပါလို့လုပ်ကိုင်နေပေမယ့် ပညာရေးဘက်မှာလည်းထူးချွန်စွာ ဘွဲ့တွေကို သိမ်းပိုက်ထားနိုင်သူတစ်ယောက်ပါ။ မကြာသေးမီကသူမနဲ့Myanmar Idolအဆိုရှင်နေလင်းကျော်တို့ဟာ

တရားဝင်ပေါင်းသင်းခဲ့ကြတဲ့ ဇနီးမောင်နှံတွေဖြစ်ခဲ့ပေမယ့် အခုချိန်မှာ နေလင်းကျော်ကို ပုဒ်မ ( ၃၇၇ ) နဲ့ အမှုစွဲဆိုခဲ့တာပါ။ဒီနေ့မှာတော့ ” ကျွန်မလွှင့်ပေးတဲ့Jwellery live မှာသိန်းရာဂဏန်းနီးပါးရောင်းရလဲမကိုက်နှစ်ဆယ်သုံးဆယ်ဖိုး ရောင်းရလဲမကိုက်တာ မမြတ်တာက ကျွန်မနဲ့မဆိုင်ဘူးလေရှင်ဈေးဦးမပေါက်ရင်တော့

ကျွန်မအပြစ်ပေါ့😬မကိုက်လို့ ကျွန်မဆီကအနုပညာကြေးထဲကပြန်နှုတ်တာကတော့😬ကျွန်မ အလုပ်လုပ်တိုင်းပရိုဆန်ဆန်ပဲလုပ်တယ် ဘယ်လုပ်ငန်းရှင်ဆီကမှပါစင့်နိတ်မစားဘူး ကျွန်မရဲ့ထိုက်တန်တဲ့အနုပညာကြေးပဲယူခဲ့တာ😃 “ကျွန်မမန်နေဂျာကတအားတွေစိတ်တိုနေလေရဲ့ကြားက

ကိုယ့်ကာစတန်မာအန်တီကို အားနာလို့ဒီလောက်ပဲပြောပရစေရှင်😬အခုမှအဆင်ပြေတဲ့အထိလုပ်ပေးမယ်ဆိုတော့ကာ ကျွန်မမလိုချင်တော့ပါဘူးရှင့်ကျွန်မအလို့ ကျွန်မခံရတယ်ပဲသဘောထားလိုက်ပါတယ်ရှင့်”ဆိုတဲ့စာလေးနဲ့ ခံစားချက်တွေကိုရင်ဖွင့်ခဲ့တာပါ။ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Zar Zar Htet’s Facebook

Add a Comment

Your email address will not be published. Required fields are marked *