မိဘတွေ လှူဒါန်းထားတဲ့ ရေသယ်ကားကြီး အိုဟောင်းနေတာပြင်ဖို့ နေပူထဲမှာ ကိုယ်တိုင်အပင်ပန်းခံပြီး ကြည့်ရှုပေးနေတဲ့ သမီးဖြစ်သူ အဆိုတော် G
Read in UNICODE
အဆိုတော် G ကတော့ ယခုနှစ်ရဲ့”The Voice Myanmar” သီချင်းဆိုပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အတော်လေးရရှိခဲ့သူတစ်ဦး ဖြစ်ပါတယ် ။ G က ပြိုင်ပွဲကထွက်ခွာခဲ့ရပေမယ့်လည်း အမာခံပရိသတ်မြောက်များစွာကို ပိုင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ် ။ G က ချမ်းသာကြွယ်ဝတဲ့
သူဌေးသမီးတစ်ယောက်ဖြစ်ပေမယ့်လည်း မာန်မာနကင်းပြီး ပရဟိတအလုပ်တွေကို စိတ်အားထက်သန်စွာ လုပ်ကိုင်တတ်တာကြောင့် အားလုံးက သူမကိုချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ် ။ G ကတော့ ပရဟိတအသင်းတစ်ခုမှာ
လူနာတင်ကားကိုကိုယ်တိုင်မောင်းနှင်ပြီး ကူညီဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ် ။ တစ်ဖက်မှာလည်း G က အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေမနားတမ်းရိုက်ကူးလာရသလို Live Sale တွေလည်း ရောင်းချနေရတာ ဖြစ်ပါတယ် ။ ရွှေနန်းတော်စိန်ရွှေရတနာဆိုင်ရဲ့သမီးလေးဖြစ်တဲ့ G က အခုတော့
သူမရှာဖွေထားတဲ့ငွေကြေးတွေနဲ့ လူနာတင်ကားဝယ်လှူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း သူမတို့မိသားစုလှူထားတဲ့ ရေသယ်ကားကြီးက ချို့ယွင်းချက်တွေရှိနေတာကြောင့် G က ဒီကားကြီးကိုအရင်ဆုံးပြင်ပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ G က “လူနာတင်ကားလေးဝယ်မလို့ကို
အခုတော့ဝယ်လို့မရသေးဘူး ဒါကြီးအရင်ပြင်ရတော့မယ်” ဆိုပြီး ကားကြီးရဲ့အခြေအနေကို ကြည့်ရှုစစ်ဆေးနေတာပဲ ဖြစ်ပါတယ် ။ သမီးလိမ္မာလေးဖြစ်တဲ့ G ကတော့ ဖေဖေနဲ့မေမေတို့လှူဒါန်းထားတဲ့ ကားကြီးကို သိန်းပေါင်းများစွာအကုန်ကျခံပြီး ပြင်ပေးတော့မှာလည်း ဖြစ်ပါတယ် ။ ကဲ နေပူကြီးထဲမှာ ကားပြင်ဖို့ကိစ္စကို အာရုံစိုက်လုပ်ကိုင်ပြီး စစ်ဆေးနေတဲ့ G ရဲ့ Live ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : G Vocals’s Facebook
Add a Comment
Your email address will not be published. Required fields are marked *