ဒိတ်ဒိတ်ကြဲ နာမည်ကြီး ကမ္ဘာကျော် အနုပညာရှင်တစ်ယောက်နဲ့ သီချင်းတစ်ပုဒ် ဖန်တီးနိုင်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်အတွက် ဂုဏ်ယူပါတယ်ဆိုပြီး ချီးကျူးခဲ့တဲ့ ပိုးမမှီသာ
Read in UNICODE
ပိုးမမှီသာကတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ မြေတောင်မြှောက်ပေးမှုနဲ့ အနုပညာလောကမှာ တောက်ပတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်လို့ လာတာပဲ ဖြစ်ပါတယ်။ ပိုးမမှီသာကတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ SAI Cosnetic ကြော်ငြာ၊ သိင်္ခါရသီချင်းတစ်ပုဒ် MV၊ “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးတို့မှာ
ပါဝင်သရုပ်ဆောင်ပေးခဲ့ပြီး စိုင်းစိုင်းခမ်းလှိုင်နဲ့ မောင်နှမလိုတောင် ရင်းရင်းနှီးနှီးရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ပိုးမမှီသာကို စိုင်းစိုင်းခမ်းလှိုင်နဲ့အတူတူ တွဲမြင်ကြတဲ့အထိ ချစ်ကြ အားပေးကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုးမမှီသာက သူမရဲ့ စီနီယာအစ်ကိုတစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့
ဂီတမှတ်တိုင်တစ်ခုအတွက် ဝမ်းသာဂုဏ်ယူကြောင်း ပြသလာပါတယ်။ ထက်ထက်မိုးဦးက ကမ္ဘာကျော်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Prak Bom နဲ့ “Red Light” သီချင်းကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ Share ပြီး စိုင်းစိုင်းခမ်းလှိုင်အတွက် ထပ်တူဝမ်းသာ ဂုဏ်ယူကြောင်း ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ ပိုးမမှီသာကတော့
သူမကို အနုပညာလမ်းကြောင်းပေါ်ရောက်အောင် မြေတောင်မြှောက်ပေးခဲ့တဲ့ စီနီယာအစ်ကိုကြီး စိုင်းစိုင်းခမ်းလှိုင်အတွက် တော်တော်လေး ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကိုယ့်နိုင်ငံက အနုပညာရှင်တစ်ယောက် အခုလိုမျိုး တိုင်းတစ်ပါးအထိ ထိုးဖောက်နိုင်တဲံအပေါ် ဂုဏ်ယူနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source : Poe Mamhe Thar’s Facebook
Add a Comment
Your email address will not be published. Required fields are marked *