သမီးေလး Portia ကို ခ်စ္သူေ႐ြးမွားမွာ ျခဴစားတဲ့သူေတြနဲ႔ တိုးမွာ ေၾကာက္တယ္လို႔ ပြင့္ပြင့္လင္းလင္း ထုတ္ေျပာခဲ့တဲ့ စမိုင္းလ္

ပရိသတ္ႀကီးတို႔ေရ ေမာ္ဒယ္ သ႐ုပ္ေဆာင္ စမိုင္းလ္ဟာဆိုရင္ လြန္ခဲ့တဲ့ဆယ္စုႏွစ္(၂)ခုေလာက္တည္းက အႏုပညာအလုပ္ေတြကို စတင္လုပ္ကိုင္ခဲ့တာျဖစ္ၿပီး  အခုဆိုရင္ စီးပြားေရးတစ္ဖက္နဲ႔ အႏုပညာလုပ္ငန္းေတြကို ႀကိဳၾကားႀကိဳၾကား ဆက္လက္လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။

စမိုင္းလ္တို႔ရဲ႕ ကိုယ္ပိုင္လုပ္ငန္းေလးတစ္ခုျဖစ္တဲ့ “စမိုင္းလ္အြန္လိုင္း”႐ုပ္ရွင္႐ုံဟာေလးဟာဆိုရင္လည္း ဝင္ေရာက္ၾကည့္ရႈသူေတြ မ်ားျပားေနၿပီး ေလာေလာဆယ္လတ္တေလာမွာေတာ့ စမိုင္းလ္ကိုယ္တိုင္ သ႐ုပ္ေဆာင္ထားတဲ့ “ဂယက္ေတြပါဟယ္” ႐ုပ္ရွင္ဇာတ္ကားႀကီးကို ႐ုံတင္ျပသေပးေနတာပဲ ျဖစ္ပါတယ္။ 

စမိုင္းလ္ဟာဆိုရင္ အရည္အခ်င္းရွိတဲ့ ခင္ပြန္းျဖစ္သူနဲ႔ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုေလးကို Portia နဲ႔ Chloe အမည္ရွိတဲ့ ခ်စ္စရာသမီးေလး(၂)ေယာက္နဲ႔အတူ ပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ 

ဒီအင္တာဗ်ဴးေလးမွာေတာ့ သ႐ုပ္ေဆာင္စမိုင္းလ္က သမီးျဖစ္သူ Portia အေနနဲ႔ အပ်ိဳျဖစ္လာၿပီ ျဖစ္တဲ့အတြက္ ခ်စ္သူေ႐ြးမွားမွာ၊ ျခဴစားတဲ့သူေတြနဲ႔တိုးမွာ စိုးရိမ္တယ္လို႔ ပြင့္ပြင့္လင္းလင္း ထုတ္ေျပာလာခဲ့တာပဲ ျဖစ္ပါတယ္။ 

စမိုင္းလ္ဟာ အႏုပညာေလာကထဲကို အသက္(၁၄)ႏွစ္အ႐ြယ္တည္းက ဇာတ္ကားေတြ ႐ိုက္ရင္း ဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။ သမီးျဖစ္သူဟာဆိုရင္လည္း အခုဆိုရင္ အသက္(၁၆)ႏွစ္ျပည့္ၿပီ ျဖစ္ၿပီး သမီးေလးဟာ သူမနဲ႔ အင္မတန္ ႐ုပ္ခ်င္းဆင္ေပမယ့္ သူမငယ္ငယ္တုန္းကေလာက္ေတာ့ သြက္သြက္လက္လက္မရွိပဲ အနည္းငယ္အေနအထိုင္ေအးတယ္လို႔ စမိုင္းလ္က ဆိုပါတယ္။ 

သူမရဲ႕ သမီးႀကီးဟာ အခုဆိုရင္ အပ်ိဳေပါက္အ႐ြယ္ကို ေရာက္ရွိလာၿပီ ျဖစ္တဲ့အတြက္ သူမအေနနဲ႔ ေဆာင္ရန္၊ ေရွာင္ရန္ေလးေတြကို ေျပာဆိုဆုံးမျဖစ္တယ္လို႔ စမိုင္းလ္က ဆိုပါတယ္။

“ဒီေခတ္ကေလးေတြက ဆုံးမစရာမလိုေအာင္ သူတို႔ကိုယ္သူတို႔ ပိုသိေနတယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ သမီးေလးဆီကိုလည္း လာတဲ့သူေတြ အမ်ားႀကီးပဲေပါ့ေနာ္။ အမတို႔အေနနဲ႔ သမီးေလးကို အဓိကထားၿပီး ဆုံးမျဖစ္တာက သမီးဆီကို ခ်ဥ္းကပ္တဲ့သူက ဘယ္လိုပုံနဲ႔လာတာလဲ၊ သမီးကို တကယ္ခ်စ္လို႔လာတာလား၊ သမီးရဲ႕ မိဘေၾကာင့္လာတာလား၊ သမီးရဲ႕ စည္းစိမ္ေၾကာင့္ လာတာလား၊ ဒါေလးေတြကို ခြဲခြဲျခားျခား သိဖို႔ ေပါ့ေနာ္။ သမီးကိုပဲ ခ်စ္တဲ့သူဆိုရင္ သမီး ဘာပဲလုပ္လုပ္ အဆင္ေျပေနမယ္။ သမီးရဲ႕ မိဘေၾကာင့္ လာတဲ့သူဆိုရင္ သမီးရဲ႕မိဘကို ပတ္သတ္ခ်င္လို႔ လာတဲ့သူ၊ သမီးရဲ႕ စည္းစိမ္ေၾကာင့္ လာတဲ့သူဆိုရင္ေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ သမီးကို ျခဴစားမယ့္သူေတြပဲ ရွိတယ္။ အဲ့လိုမ်ိဳး သမီးအေနနဲ႔ ခြဲျခားသိျမင္ႏိုင္ေအာင္ အမတို႔က သင္ေပးရတာ ေပါ့ေနာ္။ ဘာပဲျဖစ္ျဖစ္ သမီးေလးက အမတို႔ထက္ေတာင္ ပိုၿပီးေတာ့ smart ျဖစ္ေသးတယ္။ သူ ဘယ္လိုလူမ်ိဳးနဲ႔ ေပါင္းသင္းဆက္ဆံရမယ္ ဆိုတာကအစ နားလည္တယ္ေပါ့ေနာ္။ အဲ့ေတာ့ သမီးေလးေတြကေတာ့ ေတာ္ေတာ္ေလး လိမၼာပါတယ္။”

လူငယ္ကိစၥေတြနဲ႔ ပတ္သတ္လို႔ေတာ့ သမီးေလးဟာ အမ်ိဳးသမီးအခ်င္းခ်င္းျဖစ္တဲ့အေမလုပ္သူကို ပြင့္ပြင့္လင္းလင္း လာေရာက္တိုင္ပင္တတ္ၿပီး အဲ့ဒီလိုတိုင္ပင္တတ္ေအာင္လည္း သူမကိုယ္တိုင္က ေလ့က်င့္သင္ၾကားေပးခဲ့တာျဖစ္တယ္လို႔ စမိုင္းလ္ က ဆိုပါတယ္။ စမိုင္းလ္က သမီးျဖစ္သူအေနနဲ႔ အေမကို လာေရာက္မတိုင္ပင္ဝံ့တဲ့ ကိစၥေတြဆိုရင္ အေဒၚျဖစ္သူကို သြားေရာက္ေမးျမန္းပါလို႔ သမီးကို ပြင့္ပြင့္လင္းလင္း ထုတ္ေျပာထားတာျဖစ္ၿပီး အမ်ိဳးသမီးမ်ားတဲ့ သူမတို႔မိသားစုေလးမွာေတာ့ ဒီလိုပဲ အခ်င္းခ်င္း ႐ိုး႐ိုးရွင္းရွင္းနဲ႔ တိုင္ပင္ေဆြးေႏြးလို႔ အဆင္ေျပတယ္လို႔ စမိုင္းလ္က ေျပာပါတယ္။ 

အဓိကကေတာ့ စမိုင္းလ္အေနနဲ႔ သမီးေလး လူေ႐ြးမွားမွာကို အထူးစိုးရိမ္ေနၿပီး ဒီအ႐ြယ္မွာ ခ်စ္သူရည္းစားထားတာကို သြားေရာက္ပိတ္ပင္လို႔ မရေပမယ့္ သမီးေလးရဲ႕ ပထမဆုံးခ်စ္သူနဲ႔ ပတ္သတ္လို႔ အားလုံးအဆင္ေျပေျပ၊ ေခ်ာေခ်ာေမြ႕ေမြ႕ ျဖစ္ေစခ်င္တယ္လို႔ စမိုင္းလ္က ဆိုပါတယ္။ သမီးေလးအေနနဲ႔ေတာ့ ဘယ္လိုကိစၥမ်ိဳးကိုမဆို မိခင္ျဖစ္သူကို လာေရာက္ေဆြးေႏြး၊ တိုင္ပင္ေလ့ရွိၿပီး အခုခ်ိန္ထိေတာ့ သမီးေလးမွာ ခ်စ္သူရည္းစားမရွိေသးပါဘူးလို႔ စမိုင္းလ္က ဆိုပါတယ္။ 

သမီးေလးဟာ သူမရဲ႕ ေမြးေန႔အထိမ္းအမွတ္အျဖစ္ မိဘမဲ့ကေလးေက်ာင္းကို သြားေရာက္လႉဒါန္းေပးဖို႔ ဆႏၵရွိတဲ့အတြက္ စမိုင္းလ္တို႔အေနနဲ႔ ဒီကိစၥကို စီစဥ္ေပးရမွာ ျဖစ္တယ္လို႔ သိရပါတယ္။ 

သမီးေလးဟာ သူမ(၁၈)ႏွစ္ျပည့္တဲ့အခါ ကားလိုခ်င္တယ္လို႔ေတာ့ ေျပာဖူးေပမယ့္ လတ္တေလာမွာေတာ့ ထူးထူးျခားျခား ပူဆာတာမ်ိဳး မရွိပဲ လွခ်င္တဲ့အ႐ြယ္ေရာက္လာတဲ့အတြက္ ပိုက္ဆံအိတ္ေလးေတြ၊ မ်က္ႏွာေပါင္းတင္တဲ့ ပစၥည္းေလးေတြ၊ ဖိနပ္ေလးေတြပဲ ပူဆာေလ့ရွိတယ္လို႔ စမိုင္းက ဆိုပါတယ္။ 

ပရိသတ္ႀကီးတို႔ေရ သ႐ုပ္ေဆာင္စမိုင္းလ္ကေတာ့ သူမရဲ႕သမီးေလးေတြျဖစ္တဲ့ Portia နဲ႔ Chloe ညီအစ္မႏွစ္ေယာက္ကို ပရိသတ္ေတြက ခ်စ္ေပး၊ ေဖ့ဘြတ္မွာ ကြန္မန႔္ေလးေတြ ေရးေပးၾကတာေၾကာင့္ သူမရဲ႕သမီးေလးေတြဟာ အရမ္းကိုဝမ္းသာေနၾကတဲ့အတြက္ ပရိသတ္အားလုံးေက်းဇူးတင္ပါတယ္လို႔ ေျပာၾကားရင္း ဒီအင္တာဗ်ဴးေလးကို နိဂုံးခ်ဳပ္ေျဖၾကားခဲ့ပါတယ္။ ဒီအင္တာဗ်ဴးေလးကို အဆုံးထိဖတ္ရႈေပးၾကတဲ့ ပရိသတ္အားလုံးကို ေက်းဇူးအထူးပဲ တင္ရွိပါတယ္။

Read in UNICODE

ပရိသတ်ကြီးတို့ရေ မော်ဒယ် သရုပ်ဆောင် စမိုင်းလ်ဟာဆိုရင် လွန်ခဲ့တဲ့ဆယ်စုနှစ်(၂)ခုလောက်တည်းက အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး  အခုဆိုရင် စီးပွားရေးတစ်ဖက်နဲ့ အနုပညာလုပ်ငန်းတွေကို ကြိုကြားကြိုကြား ဆက်လက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

စမိုင်းလ်တို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုဖြစ်တဲ့ “စမိုင်းလ်အွန်လိုင်း”ရုပ်ရှင်ရုံဟာလေးဟာဆိုရင်လည်း ဝင်ရောက်ကြည့်ရှုသူတွေ များပြားနေပြီး လောလောဆယ်လတ်တလောမှာတော့ စမိုင်းလ်ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ “ဂယက်တွေပါဟယ်” ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသပေးနေတာပဲ ဖြစ်ပါတယ်။ 

စမိုင်းလ်ဟာဆိုရင် အရည်အချင်းရှိတဲ့ ခင်ပွန်းဖြစ်သူနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို Portia နဲ့ Chloe အမည်ရှိတဲ့ ချစ်စရာသမီးလေး(၂)ယောက်နဲ့အတူ ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ 

ဒီအင်တာဗျူးလေးမှာတော့ သရုပ်ဆောင်စမိုင်းလ်က သမီးဖြစ်သူ Portia အနေနဲ့ အပျိုဖြစ်လာပြီ ဖြစ်တဲ့အတွက် ချစ်သူရွေးမှားမှာ၊ ခြူစားတဲ့သူတွေနဲ့တိုးမှာ စိုးရိမ်တယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ 

စမိုင်းလ်ဟာ အနုပညာလောကထဲကို အသက်(၁၄)နှစ်အရွယ်တည်းက ဇာတ်ကားတွေ ရိုက်ရင်း ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ သမီးဖြစ်သူဟာဆိုရင်လည်း အခုဆိုရင် အသက်(၁၆)နှစ်ပြည့်ပြီ ဖြစ်ပြီး သမီးလေးဟာ သူမနဲ့ အင်မတန် ရုပ်ချင်းဆင်ပေမယ့် သူမငယ်ငယ်တုန်းကလောက်တော့ သွက်သွက်လက်လက်မရှိပဲ အနည်းငယ်အနေအထိုင်အေးတယ်လို့ စမိုင်းလ်က ဆိုပါတယ်။ 

သူမရဲ့ သမီးကြီးဟာ အခုဆိုရင် အပျိုပေါက်အရွယ်ကို ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် သူမအနေနဲ့ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ပြောဆိုဆုံးမဖြစ်တယ်လို့ စမိုင်းလ်က ဆိုပါတယ်။

“ဒီခေတ်ကလေးတွေက ဆုံးမစရာမလိုအောင် သူတို့ကိုယ်သူတို့ ပိုသိနေတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် သမီးလေးဆီကိုလည်း လာတဲ့သူတွေ အများကြီးပဲပေါ့နော်။ အမတို့အနေနဲ့ သမီးလေးကို အဓိကထားပြီး ဆုံးမဖြစ်တာက သမီးဆီကို ချဉ်းကပ်တဲ့သူက ဘယ်လိုပုံနဲ့လာတာလဲ၊ သမီးကို တကယ်ချစ်လို့လာတာလား၊ သမီးရဲ့ မိဘကြောင့်လာတာလား၊ သမီးရဲ့ စည်းစိမ်ကြောင့် လာတာလား၊ ဒါလေးတွေကို ခွဲခွဲခြားခြား သိဖို့ ပေါ့နော်။ သမီးကိုပဲ ချစ်တဲ့သူဆိုရင် သမီး ဘာပဲလုပ်လုပ် အဆင်ပြေနေမယ်။ သမီးရဲ့ မိဘကြောင့် လာတဲ့သူဆိုရင် သမီးရဲ့မိဘကို ပတ်သတ်ချင်လို့ လာတဲ့သူ၊ သမီးရဲ့ စည်းစိမ်ကြောင့် လာတဲ့သူဆိုရင်တော့ ပွင့်ပွင့်လင်းလင်းပြောရရင် သမီးကို ခြူစားမယ့်သူတွေပဲ ရှိတယ်။ အဲ့လိုမျိုး သမီးအနေနဲ့ ခွဲခြားသိမြင်နိုင်အောင် အမတို့က သင်ပေးရတာ ပေါ့နော်။ ဘာပဲဖြစ်ဖြစ် သမီးလေးက အမတို့ထက်တောင် ပိုပြီးတော့ smart ဖြစ်သေးတယ်။ သူ ဘယ်လိုလူမျိုးနဲ့ ပေါင်းသင်းဆက်ဆံရမယ် ဆိုတာကအစ နားလည်တယ်ပေါ့နော်။ အဲ့တော့ သမီးလေးတွေကတော့ တော်တော်လေး လိမ္မာပါတယ်။”

လူငယ်ကိစ္စတွေနဲ့ ပတ်သတ်လို့တော့ သမီးလေးဟာ အမျိုးသမီးအချင်းချင်းဖြစ်တဲ့အမေလုပ်သူကို ပွင့်ပွင့်လင်းလင်း လာရောက်တိုင်ပင်တတ်ပြီး အဲ့ဒီလိုတိုင်ပင်တတ်အောင်လည်း သူမကိုယ်တိုင်က လေ့ကျင့်သင်ကြားပေးခဲ့တာဖြစ်တယ်လို့ စမိုင်းလ် က ဆိုပါတယ်။ စမိုင်းလ်က သမီးဖြစ်သူအနေနဲ့ အမေကို လာရောက်မတိုင်ပင်ဝံ့တဲ့ ကိစ္စတွေဆိုရင် အဒေါ်ဖြစ်သူကို သွားရောက်မေးမြန်းပါလို့ သမီးကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောထားတာဖြစ်ပြီး အမျိုးသမီးများတဲ့ သူမတို့မိသားစုလေးမှာတော့ ဒီလိုပဲ အချင်းချင်း ရိုးရိုးရှင်းရှင်းနဲ့ တိုင်ပင်ဆွေးနွေးလို့ အဆင်ပြေတယ်လို့ စမိုင်းလ်က ပြောပါတယ်။ 

အဓိကကတော့ စမိုင်းလ်အနေနဲ့ သမီးလေး လူရွေးမှားမှာကို အထူးစိုးရိမ်နေပြီး ဒီအရွယ်မှာ ချစ်သူရည်းစားထားတာကို သွားရောက်ပိတ်ပင်လို့ မရပေမယ့် သမီးလေးရဲ့ ပထမဆုံးချစ်သူနဲ့ ပတ်သတ်လို့ အားလုံးအဆင်ပြေပြေ၊ ချောချောမွေ့မွေ့ ဖြစ်စေချင်တယ်လို့ စမိုင်းလ်က ဆိုပါတယ်။ သမီးလေးအနေနဲ့တော့ ဘယ်လိုကိစ္စမျိုးကိုမဆို မိခင်ဖြစ်သူကို လာရောက်ဆွေးနွေး၊ တိုင်ပင်လေ့ရှိပြီး အခုချိန်ထိတော့ သမီးလေးမှာ ချစ်သူရည်းစားမရှိသေးပါဘူးလို့ စမိုင်းလ်က ဆိုပါတယ်။ 

သမီးလေးဟာ သူမရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် မိဘမဲ့ကလေးကျောင်းကို သွားရောက်လှူဒါန်းပေးဖို့ ဆန္ဒရှိတဲ့အတွက် စမိုင်းလ်တို့အနေနဲ့ ဒီကိစ္စကို စီစဉ်ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

သမီးလေးဟာ သူမ(၁၈)နှစ်ပြည့်တဲ့အခါ ကားလိုချင်တယ်လို့တော့ ပြောဖူးပေမယ့် လတ်တလောမှာတော့ ထူးထူးခြားခြား ပူဆာတာမျိုး မရှိပဲ လှချင်တဲ့အရွယ်ရောက်လာတဲ့အတွက် ပိုက်ဆံအိတ်လေးတွေ၊ မျက်နှာပေါင်းတင်တဲ့ ပစ္စည်းလေးတွေ၊ ဖိနပ်လေးတွေပဲ ပူဆာလေ့ရှိတယ်လို့ စမိုင်းက ဆိုပါတယ်။ 

ပရိသတ်ကြီးတို့ရေ သရုပ်ဆောင်စမိုင်းလ်ကတော့ သူမရဲ့သမီးလေးတွေဖြစ်တဲ့ Portia နဲ့ Chloe ညီအစ်မနှစ်ယောက်ကို ပရိသတ်တွေက ချစ်ပေး၊ ဖေ့ဘွတ်မှာ ကွန်မန့်လေးတွေ ရေးပေးကြတာကြောင့် သူမရဲ့သမီးလေးတွေဟာ အရမ်းကိုဝမ်းသာနေကြတဲ့အတွက် ပရိသတ်အားလုံးကျေးဇူးတင်ပါတယ်လို့ ပြောကြားရင်း ဒီအင်တာဗျူးလေးကို နိဂုံးချုပ်ဖြေကြားခဲ့ပါတယ်။ ဒီအင်တာဗျူးလေးကို အဆုံးထိဖတ်ရှုပေးကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။

Source : MC

Add a Comment

Your email address will not be published. Required fields are marked *