တကယ္မဝယ္ပဲ ေစ်းလာဆစ္ၾကတဲ့သူေတြကို သီခ်င္းေလးဆိုၿပီး အိုက္တင္ေလးလုပ္ျပခဲ့တာေၾကာင့္ ပရိသတ္ေတြ ခ်စ္တာခံေနရတဲ့ ထက္ထက္မိုးဦး

ထက္ထက္မိုးဦးကေတာ့ တစ္ခ်ိန္က ေၾကာ္ျငာမင္းသမီး၊ ျပကၡဒိန္ေမာ္ဒယ္လ္တစ္ေယာက္အျဖစ္ ပရိသတ္ေတြရင္ထဲ အျပည့္အဝေနရာယူထားနိုင္သူတစ္ေယာက္ျဖစ္ပါတယ္။ အနုပညာေလာကမွာ ျဖတ္သန္းက်င္လည္ခဲ့တာ နွစ္ေပါင္းသံုးဆယ္တုိင္ရိွေနျပီျဖစ္တဲ့ ထက္ထက္မိုးဦးက

ၾကားထဲမွာ က်န္းမာေရး၊ လူမႈေရးတို့ေၾကာင့္ အနုပညာေလာကနဲ့ ခဏတာ အဆက္အသြယ္ျပတ္ေတာက္သြားခဲ့ေပမယ့္ ဘယ္အခ်ိန္ပဲ အနုပညာအလုပ္ေတြျပန္လုပ္လုပ္ ပရိသတ္ေတြရဲ့ အားေပးမႈကို မေလ်ာ့စတမ္းရရိွတာ

သူမရဲ့ ဆန္းလို့ေတာင္ ဆိုနိုင္ပါတယ္။ လက္ရိွမွာလည္း ထက္ထက္မိုးဦးက ေၾကာ္ျငာအခ်ိဳ့ကို လက္ခံရိုက္ကူးေပးရင္း အြန္လိုင္းမွာ Live Sales ေလးေတြ ျပဳလုပ္ေပးေနတာပဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာလည္း ထက္ထက္မိုးဦးက နာမည္ၾကီးရတနာပစၥည္းဆိုင္အတြက္ Live Sale ေရာင္းေနရင္းနဲ့

ဟန္ပန္အမူအယာေလးေတြလုပ္ျပီး သီခ်င္းဆိုျပခဲ့တာေၾကာင့္ ပရိသတ္ေတြ သေဘာက်ခဲ့ရတာပဲ ျဖစ္ပါတယ္။ ထက္ထက္မိုးဦးကေတာ့ သူမကို ခ်စ္ၾကတဲ့ပရိသတ္ေတြအတြက္ “အာလူး လာမေပးနဲ႔.. ေလေတြ နဲနဲေလ်ာ့.. ခ်စ္ရသူေတြ ပ်င္းေနမွာဆိုးလို႔ သူမ်ားလာပို႔ေပးတာ တင္ေပးလိုက္ပါတယ္ 😂” ဆိုျပီး သူမရဲ့ ခ်စ္စဖြယ္ ဗီဒီယိုေလးကို

မွ်ေဝေပးလာပါတယ္။ ထက္ထက္မိုးဦးကေတာ့ ဘယ္အသက္အရြယ္ပဲေရာက္ေရာက္ သူမရဲ့ခ်စ္စရာေကာင္းတဲ့ ဟန္ပန္အမူအယာေလးေတြက ေျပာင္းလဲသြားျခင္းမရိွပဲ အရင္အတိုင္းရိွေနဆဲပါပဲ။ ပရိသတ္ၾကီးလည္း ထက္ထက္ရဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး မခ်စ္ပဲမေနနုိင္ဘူးဆိုတာ အေသအခ်ာပါပဲေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

ထက်ထက်မိုးဦးကတော့ တစ်ချိန်က ကြော်ငြာမင်းသမီး၊ ပြက္ခဒိန်မော်ဒယ်လ်တစ်ယောက်အဖြစ် ပရိသတ်တွေရင်ထဲ အပြည့်အဝနေရာယူထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလောကမှာ ဖြတ်သန်းကျင်လည်ခဲ့တာ နှစ်ပေါင်းသုံးဆယ်တိုင်ရှိနေပြီဖြစ်တဲ့ ထက်ထက်မိုးဦးက

ကြားထဲမှာ ကျန်းမာရေး၊ လူမှုရေးတို့ကြောင့် အနုပညာလောကနဲ့ ခဏတာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပေမယ့် ဘယ်အချိန်ပဲ အနုပညာအလုပ်တွေပြန်လုပ်လုပ် ပရိသတ်တွေရဲ့ အားပေးမှုကို မလျော့စတမ်းရရှိတာ

သူမရဲ့ ဆန်းလို့တောင် ဆိုနိုင်ပါတယ်။ လက်ရှိမှာလည်း ထက်ထက်မိုးဦးက ကြော်ငြာအချို့ကို လက်ခံရိုက်ကူးပေးရင်း အွန်လိုင်းမှာ Live Sales လေးတွေ ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ထက်ထက်မိုးဦးက နာမည်ကြီးရတနာပစ္စည်းဆိုင်အတွက် Live Sale ရောင်းနေရင်းနဲ့

ဟန်ပန်အမူအယာလေးတွေလုပ်ပြီး သီချင်းဆိုပြခဲ့တာကြောင့် ပရိသတ်တွေ သဘောကျခဲ့ရတာပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးကတော့ သူမကို ချစ်ကြတဲ့ပရိသတ်တွေအတွက် “အာလူး လာမပေးနဲ့.. လေတွေ နဲနဲလျော့.. ချစ်ရသူတွေ ပျင်းနေမှာဆိုးလို့ သူများလာပို့ပေးတာ တင်ပေးလိုက်ပါတယ် 😂” ဆိုပြီး သူမရဲ့ ချစ်စဖွယ် ဗီဒီယိုလေးကို

မျှဝေပေးလာပါတယ်။ ထက်ထက်မိုးဦးကတော့ ဘယ်အသက်အရွယ်ပဲရောက်ရောက် သူမရဲ့ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအယာလေးတွေက ပြောင်းလဲသွားခြင်းမရှိပဲ အရင်အတိုင်းရှိနေဆဲပါပဲ။ ပရိသတ်ကြီးလည်း ထက်ထက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး မချစ်ပဲမနေနိုင်ဘူးဆိုတာ အသေအချာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source : Htet Htet Moe Oo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *